Roadside Rest House

 
Myanmar Name: မွန်ဆွမ်းလောင်းဇရပ်
Other Name: ရင်ကွဲဇရပ်၊ ရုင်ဂွါပ်
Type of Asset: Architecture [ဗိသုကာလက်ရာများ]
Location: Naing Hlone Village, Mudon Township, Mon State.
[နိုင်လှုံကျေးရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်။]

Asset Information

  • The split-roof monastery rest houses, or yin-kwae-zayat, and alms-offering pavilions found most often in Lower Myanmar, where a majority of the Mon people reside, are a representation of Mon villages and their way of life. The way these structures are built to straddle a road may be simple, but that simplicity is a symbol of the local Mon people's religious devotion, compassion, and identity.

    The word "zayat" originates from the Mon word "zrap," which means a building constructed for people to rest and stay.

    These wooden rest houses in the Mon region are a tangible heritage that serves as a place for Mon people to make their morning alms offerings, a resting and sheltering place for travelers, a spot for vendors to sell their goods, a playground for children, and a public-use space for the community.

    The local community works together to fund and build these structures and is responsible for their long-term maintenance. With the installation of streetlights, road construction and expansion, and increasing urbanization, some of these rest houses have had to be relocated or their designs changed, while others have been demolished entirely. While the alms-offering hall is a permanent, yet temporary place for rest, it powerfully demonstrates the devotion, generosity, and kindness of the Mon people.

  • မွန်လူမျိုးအများစု နေတိုင်ကြသည့် မြန်မာပြည်အောက်ပိုင်းတွင် အများဆုံးတွေ့ရတတ်သော ရင်ကွဲဇရပ် ဆွမ်းလောင်းရုံတို့သည် မွန်ရပ်မွန်ရွာကိုယ်စားပြုမှုတစ်ခုအဖြစ် တည်ရှိလျက်နေသည်။ လမ်း၏ တစ်ဖက်တစ်ချက်ကို ကျော်ခွကာ တည်ဆောက်ထားပုံမှာ ရိုးရှင်းသော်ငြား ထိုရိုးရှင်းမှုသည်ပင်လျှင် ဒေသခံမွန်လူမျိုးတို့၏ ဘာသာရေးပြယုဂ်တစ်ခု၊ မေတ္တာပြယုဂ်တစ်ခု၊ ကိုယ်စားပြုမှုပြယုဂ်တစ်ခု ဖြစ်နေပါသည်။

    “ဇရပ်”၏ မူလရင်းမြစ်သည် မွန်ဘာသာ “ဇြပ် - ဇရပ်”မှ ဆင်းသက်လာကာ လူအများနားနေတည်းခိုရန် ဆောက်လုပ်ထားသော အဆောက်အအုံ ဟူ၍ အဓိပ္ပါယ်ရသည်။

    သစ်သားတို့ဖြင့် ဆောက်လုပ်ထားသော မွန်ဒေသရှိ ဆွမ်းလောင်းဇရပ်တို့သည် မွန်လူမျိုးတို့ နံနက်တိုင်း ဆွမ်းလောင်းကုသိုလ်ပြုရာ၊ ခရီးသွားတို့၏ နားခိုရာ မိုးခိုရာ၊ ဈေးသည်တို့၏ ဈေးတည်ရာ၊ ကလေးတို့၏ ဆော့ကစားရာ နေရာတစ်ခု၊ လူထုအကျိုးပြု ဒြပ်ရှိအမွေအနှစ်တစ်ခု ဖြစ်သည်။

    ရပ်ရွာလူထုတို့မှ ကိုယ့်အားကိုယ်ကိုး စုပေါင်းဆောက်လုပ်ပါဝင်လှူဒါန်းကြကာ၊ ရေရှည်တည်တံ့ရေးအတွက်လည်း ရပ်ရွာလူထုကပင် ပြုပြင်ထိန်းသိမ်းကြသည်။ ဓာတ်မီးတိုင်စိုက်ထူမှု၊ လမ်းဖောက်လုပ်တိုးချဲ့မှု၊ မြို့ပြဆန်လာမှုတို့နှင့်အတူ အချို့သော ဆွမ်းလောင်းဇရပ်တို့သည်လည်း ပုံစံပြောင်းလဲ ရွှေ့ပြောင်းလိုက်ရသည် ရှိသကဲ့သို့၊ အချို့သည်လည်း အပြီးအတိုင်ဖျက်သိမ်းလိုက်ကြရသည်တို့လည်း ရှိသည်။ ဆွမ်းလောင်းဇရပ်သည် အမြဲတည်ရှိသည့် သာမန်ယာယီ စတည်းချစရာ နေရာတစ်ခုသာ ဖြစ်သော်ငြား ဇရပ်နှင့်အတူ မွန်လူမျိုးတို့၏ သဒ္ဓါတရားနှင့် စေတနာမေတ္တာတို့ကို ထင်ဟပ်ပြသလျက်ရှိသည်။

Previous
Previous

Toung Prang Flower Garland Stand Making

Next
Next

Decorative Paintings on Wall and Door of Kyike Roa Monastery