Toung Prang Flower Garland Stand Making
Myanmar Name: | သောင်ပြင် နေညိုပန်းသွယ် |
Other Name: | - |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: | Toung Prang Village, Ye Township, Mon State. [သောင်ပြင်ရွာ၊ ရေးမြို့နယ်၊ မွန်ပြည်နယ်။] |
Asset Information
-
In most villages inhabited by the Mon people, it is a daily tradition to offer flowers at the pagoda in the evening, a custom known as "Nay Nyo Pan Thwe" (evening flower arrangement). The flowers for these offerings are sometimes purchased from the market, but often they are collected from nearby places and arranged on a stick in a colourful and artistic design. The Nay Nyo Pan Thwe from Toung Prang Village are particularly renowned for their exquisite craftsmanship.
In Toung Prang Village, residents plant various flowers in their yards specifically to offer to pagodas. To arrange the flowers, preparations start at dawn and the flowers are gathered. In the evening, the completed arrangements are carried to the halls or pavilions at pagodas and monasteries. It's a village-wide custom where every family participates and takes the Five Precepts together. On days when people are unable to go, they leave their flower arrangements in front of their homes for others to take and offer on their behalf.
To create a Nay Nyo Pan Thwe, colourful flowers are collected early in the morning. They are then sorted by colour and size and soaked in water. In the afternoon, villagers use their creativity to arrange the flowers and their colours into unique designs on a stick, carefully positioning them to create beautiful patterns.
The Nay Nyo Pan Thwe custom is a living intangible cultural heritage and a religious practice deeply rooted in Mon tradition. The selection of colours, the arrangement of patterns, and the aesthetic creation of the flower offerings are not only a testament to the creativity of the Toung Prang villagers but also a representation of the Mon people's identity and a tangible part of their heritage that continues to flourish.
-
မွန်လူမျိုးများ အများစုနေထိုင်ကြသည့် ရပ်ရွာတို့တွင် ညနေတိုင်း ဘုရားသို့ နေညိုပန်းကပ် ပူဇော်သည့်ဓလေ့ရှိပါသည်။ ထိုပန်းကပ်လှူခြင်းကို နေညိုပန်းသွယ် ဟု ခေါ်ကြသည်။ နေညိုပန်းကပ်သည့်အခါတွင် ဈေးမှ ပန်းများဝယ်၍ ကပ်သည်လည်း ရှိသကဲ့သို့၊ မိမိတို့အနီးအနားမှ ပန်းမန်တို့ကို စုဆောင်းခူးယူကာ တုတ်တံဖြင့် ပန်းရောင်စုံတို့ကို ဒီဇိုင်းဖော်သီကုံး၍ ကပ်သည်လည်းရှိသည်။ ထိုသို့သွယ်ကုံးရာတွင် သောင်ပြင်ရွာ နေညိုပန်းသွယ်တို့သည် အနုပညာလက်ရာမြောက်၍ ထင်ရှားသည်။
သောင်ပြင်ရွာ၏ အိမ်ခြံဝန်းထဲတွင်ပင် ဘုရားပန်းကပ်ဖို့ သီးသန့်ရည်ရွယ်၍ ပန်းပင်ရောင်စုံတို့ကို စိုက်ပျိုးထားကြသည်။ နေညိုပန်းသွယ်ပြုလုပ်ရန်အတွက် ပန်းတို့ကို နံနက်အရုဏ်တက်ချိန်ကတည်းကပင် စုဆောင်းပြင်ဆင်ကြရသည်။ ညနေတွင် သွယ်ထားသော ပန်းများကို ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်းသို့ ဆောင်ယူသွားကြသည်။ တစ်ရွာလုံးရှိ အိမ်တိုင်း၊ အိမ်တိုင်း ပါဝင်၍ နေညိုပန်းကပ်ကြကာ ငါးပါးသီလခံယူကြသည်။ သွားရောက်လှူရန် အဆင်မပြေသော နေ့များတွင် မိမိတို့အိမ်ရှေ့တွင် ထားကာ ဘုရားသွားကြသူများက ကိုယ်စားယူသယ်ပေးသွားကြပါသည်။
နေညိုပန်းသွယ်တစ်ခု ပြုလုပ်ရန်အတွက် အရုဏ်တက်ချိန်ကပင် ရောင်စုံပန်းမန်တို့ကို စုဆောင်းခူးထားကြရသည်။ ရရှိလာသော ပန်းမန်တို့ကို အရောင်ခွဲခြင်း၊ အရွယ်ရွေးခြင်းများ ပြုလုပ်ပြီး ရေထဲတွင် စိမ်ထားရသည်။ နေ့လည်တွင် မိမိပုံဖော်လိုသည့် ဒီဇိုင်းအကွက်တို့ကို အရောင်အားဖြင့်၊ အရွယ်အားဖြင့် မိမိဉာဏ်ကွန့်မြူးသလို တုတ်သံအပေါ် သွယ်သီ နေရာချ ပုံဖော်ကြရသည်။
နေညိုပန်းကပ်ဓလေ့သည် မွန်လူမျိုးတို့ သက်ဝင်ယုံကြည်သော ရှေးဘာသာရေးအလေ့အထ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်သကဲ့သို့ ပန်းသွယ်၏ အရောင် (Colour) ရွေးချယ်မှု၊ အကွက်နေရာချစီစဉ်ထားမှု (Pattern)၊ မြင်မှုအနုပသာဒကျအောင် ဖန်တီးထားမှုတို့သည် ဒေသခံသောင်ပြင်ရွာသားတို့၏ ဖန်တီးဉာဏ်ကွန့်မှုတစ်ခု၊ မွန်လူမျိုးတို့၏ ကိုယ်စားပြုမှုတစ်ခု၊ ရှင်သန်ထွန်းကားနေဆဲ ဒြပ်ရှိအမွေအနှစ်ပစ္စည်းတစ်ခုလည်း ဖြစ်သည်။





