Decorative Paintings on Wall and Door of Kyike Roa Monastery
Myanmar Name: | မုဒုံ၊ ကျိုက်ရွဲတိုက်ကျောင်းမှ ပန်းချီလက်ရာများ |
Other Name: | - |
Type of Asset: | Paintings [ပန်းချီလက်ရာများ] |
Location: | Kyike Ywe Village, Mudon Township, Mon State. [ကျိုက်ရွဲရွာ၊ မုဒုံမြို့နယ်၊ မွန်ပြည်နယ်။] |
Asset Information
-
The paintings on the door panels and walls of the monastery in Kyaik Ywe village, Mudon Township, Mon State, are believed to have been there since the monastery was completed in 1917 (1279 in the Burmese calendar).
The poster-colour paintings, which measure one by one and a half feet, resemble the style of Saya Chone, the royal court artist from the Konbaung era's Yadanabon period. Because the monastery was completed in the same year Saya Chone died, experts believe the paintings are either his work or the work of one of his close disciples.
The paintings show an understanding of perspective and are a valuable resource for studying the clothing and adornments of the Yadanabon period. They are also suitable for reference and recreating, making them important for those studying traditional Burmese painting.
Unfortunately, some of the paintings have been lost or damaged, and some have been restored or replaced, which has compromised their original integrity. The paintings on the door panels and walls are preserved behind glass, which has protected them from major damage. The abbot of the monastery is currently overseeing their preservation.
-
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကျိုက်ရွဲကျေးရွာရှိ ဘုန်းကြီးကျောင်း၏ တံခါးချပ်နှင့် အခန်းနံရံတို့တွင် အလှဆင်ထားသော ပန်းချီကားလက်ရာတို့သည် ကျောင်းကြီးဆောက်လုပ်ကတည်းကပင် တည်ရှိနေခဲ့သော လက်ရာများဟု ယုံကြည်ရပါသည်။ ကျောင်းကြီးကို မြန်မာသက္ကရာဇ် ၁၂၇၉ ခုနှစ်၊ ခရစ်နှစ် ၁၉၁၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်။
ပိုစတာဆေးရေးဖြင့် ရေးဆွဲထားသော တစ်ပေ၊ တစ်ပေခွဲ အရွယ်ရှိ ပန်းချီကားချပ်တို့သည် ရတနာပုံခေတ်၊ နန်းတွင်းပန်းချီတော် ဆရာချုံ၏ လက်ရာနှင့် ဆင်တူပါသည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းကြီးဆောက်လုပ်ပြီးစီးသည့်ခုနှစ်သည် နန်းတွင်းပန်းချီတော် ဆရာချုံ ကွယ်လွန်သည့် ခုနှစ်ဖြစ်သောကြောင့် ပန်းချီကားချပ်တို့သည် ဆရာချုံ၏ လက်ရာ (သို့) ဆရာချုံနှင့် ဆက်နွှယ်သူ တပည့်ရင်းမှ ရေးဆွဲထားသည် ယူဆပါသည်။
အနောက်နိုင်ငံတို့၏ နီးဝေးမြင်စနစ် ထည့်သွင်းရေးဆွဲထားသည်ကို လေ့လာတွေ့ရှိရပြီး ပန်းချီကားချပ်ထဲတွင် ရတနာပုံခေတ် ဝတ်စားဆင်ယင်မှုအဆင်တန်ဆာများကို ကိုးကားလေ့လာနိုင်ပါသည်။ ပြန်လည်ဆန်းသစ်ရေးဆွဲ၍ မှီငြမ်းဖို့ရန် သင့်တော်ကောင်းမွန်သော ပန်းချီကားများလည်းဖြစ်၍ ရှေးဟောင်းမြန်မာမှုပန်းချီလေ့လာသူတို့အတွက် အရေးပါလှသည်။
တချို့သော ပန်းချီကားချပ်တို့သည် ပျောက်ဆုံးပျက်စီးသွားကြရပြီး၊ တချို့မှာ ပြန်ပြင်ဆွဲခြင်း၊ အစားထိုးပြန်ဆွဲထားခြင်းမျိုးလည်း ရှိပါသည်။ မူလလက်ရာကို ပျက်စေပါသည်။ တံခါးချပ်နှင့် အခန်းနံရံတို့တွင် မှန်သွင်းအလှဆင်ထားသောကြောင့် ပျက်စီးမှုဒဏ် အနည်းအကျဉ်းမျှသာ ခံရပြီး ယခုတွင်မူ ကျောင်းထိုင်ဆရာတော်မှ ကြပ်မတ်ထိန်းသိမ်းထားပေးပါသည်။








