Maha Min Htin Monastery

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • Maha Min Htin Monastery, originally located in the Innwa, was built with 426 teak posts. It is a large wooden monastery consisting of a three-tiered roof, a shrine and storage room. In 1852, the monastery was moved from Innwa to Amarapura and was donated by Maha Min Hla Min Kyaw U Min Htin, hence it became known as Maha Min Htin Monastery. In 1876, the monastery was moved again, this time to Mandalay.

    The current structure, with 143 teak posts and two brick staircases, showcases the architectural style of the Amarapura period and is adorned with intricate wooden relief carvings. The Maha Min Htin Monastery was once famous as a place where monks studied and resided. Over time, due to insufficient preservation, it has fallen into disrepair. Currently, an earthquake and other natural disasters have caused the brick staircase to collapse. The monastery's zinc roof, traditional Burmese architectural elements, large wall-side doors, and floorboards have also been extensively damaged. It is in urgent need of repair, requiring expert knowledge, preservation techniques, and financial assistance.

  • မဟာမင်းထင်ကျောင်းသည် မူလက အင်းဝမြို့တွင်တည်ရှိခဲ့သည့် ကျောင်းဦးပြဿာဒ်၊ ဇေတဝန်‌ဆောင်၊ ဘောဂဆောင်အပါအဝင် ကျွန်းတိုင်ပေါင်း (၄၂၆) တိုင်နှင့် တည်ဆောက်ထား‌သော သစ်သားကျောင်းဆောင်ကြီးဖြစ်သည်။ ကျောင်းကြီးကို ၁၈၅၂ ခုနှစ်တွင် အင်းဝမှအမရပူရသို့ ပြောင်းရွှေ့ခဲ့ပြီး မဟာမင်းလှမင်းကျော် ဦးမင်းထင်မှ လှူဒါန်းခဲ့သောကြောင့် မဟာမင်းထင်ကျောင်းဟု ထင်ရှားသည်။ ၁၈၇၆ ခုနှစ်တွင် မဟာမင်းထင်ကျောင်းကြီးအား အမရပူရမှ မန္တလေးသို့ ထပ်မံပြောင်းရွှေ့တည်ဆောက်ခဲ့သည်။

    ကျွန်းတိုင်ပေါင်း (၁၄၃) တိုင်၊ အုတ်လှေကားနှစ်စင်းနှင့် သစ်သားပန်းပုရုပ်ကြွများဖြင့် တည်ဆောက်ထားပြီး အမရပူရခေတ်ဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။ ယခင်က မဟာမင်းထင်ကျောင်းကြီးသည် စာသင်သားများစာဝါချရာ၊ သံဃာတော်များသီတင်းသုံးရာ အဖြစ်ထင်ရှားကျော်ကြားခဲ့သည်။ နှစ်ကာလကြာရှည်သောအခါ ထိန်းသိမ်းမှုများ အားနည်းသည့်အလျောက် ပျက်စီးယိုယွင်းမှု အများအပြား ရှိလာခဲ့သည်။ လက်ရှိတွင် ငလျင်စသည့် သဘာဝဘေးအန္တရာယ်များကြောင့် အုတ်လှေကားမှာ ပြိုကျပျက်စီးသွားသည်။ ကျောင်း၏အမိုးသွပ်များ၊ မြန်မာမှုဗိသုကာများ၊ နံရံကဲလားတံခါးကြီးများနှင့် ကြမ်းခင်းများသည် ထိခိုက်ပျက်စီးမှုများပြားသည့် အနေအထားဖြစ်နေသည်။ ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာ၊ ရံပုံငွေအကူအညီများနှင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းရမည့် ကျောင်းတစ်ကျောင်းဖြစ်ပါသည်။

Previous
Previous

Moe Kaung Monastery

Next
Next

Kyeay Myin Wooden Monastery