Moe Kaung Monastery

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • Queen Moe Kaung, one of King Mindon's queens, dismantled her residence palace when the capital was moved from Amarapura to Mandalay. She then rebuilt a wooden monastery within the Mahar Withudhayama Monastery compound and donated it.

    The wooden carvings, mosaic-decorated and gilded doors, and floral-shaped ornaments reflect the grandeur of the late Konbaung era. On the eastern staircase, brass plates were installed on the steps to prevent slipping. The monastery also stands as a valuable subject of study for researchers. In front of the Moe Kaung Monastery, there is a stone inscription tablet with a record of its renovations written in both English and Burmese.

    Currently, monks reside in the Moe Kaung Monastery. Having been around for over 100 years, the monastery is showing signs of wear and tear. In 1998, descendants of Queen Moe Kaung’s great-grandchildren renovated the monastery. It's preserved by applying a coat of oil dreg every two years. Since it is a wooden structure, preparations are needed to protect it from insect infestations and natural disasters.

    Within the Mahar Withudhayama Monastery compound stand three grand wooden monasteries: the Yamethin, Moe Kaung, and Kyeay Myin Monasteries. These structures, originally built and donated by King Mindon's queens, have been renovated and offer a window into the architectural artistry of the late Konbaung period.

  • မင်းတုန်းမင်း၏မိဖုရားတစ်ပါးဖြစ်‌သော မိုးကောင်းမိဖုရားသည် နန်းတော်ကို အမရပူရမှ မန္တလေးသို့ပြောင်းရွှေ့သောအခါ သူမနေထိုင်ရာနန်းဆောင်ကို ဖျက်၍ မဟာဝိသုဒ္ဓါရာမတိုက် ကျောင်းဝင်းအတွင်းတွင် သစ်သားကျောင်းဆောင် ပြန်ဆောက်လုပ်ပြီး လှူဒါန်းခဲ့ခြင်းဖြစ်သည်။

    အမရပူရခေတ်၏ သစ်သားပန်းပုလက်ရာများ၊ မှန်စီရွှေချတံခါးရွက်နှင့် ရွဲလုံးများက ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ ခမ်းနားသောပုံရိပ်ကို ဖော်ပြနေပါသည်။ အရှေ့မှတက်သောလှေကားတစ်စင်းတွင် လှေကားထစ်များခြေချော်မလဲစေရန် ကြေးပြားများရိုက်၍ ပြုလုပ်ထားခဲ့သည်။ သုတေသီများ လေ့လာစရာ တန်ဖိုးထားရာအဖြစ်လည်း တည်ရှိသည်။ မိုးကောင်းကျောင်း၏ရှေ့တွင် အင်္ဂလိပ်- မြန်မာ နှစ်ဘာသာဖြင့် ရေးထိုးထားသော မိုးကောင်းကျောင်း မွမ်းမံကုသိုလ်ပြုစာတမ်း ကျောက်ချပ်တည်ရှိသည်။

    လက်ရှိတွင် မိုးကောင်းကျောင်း၌ သံဃာတော်များသီတင်းသုံးနေထိုင်ကြသည်။ မိုးကောင်းကျောင်း၏သက်တမ်းမှာ နှစ်ပေါင်း ၁၀၀ ကျော်ကြာလာပြီနှင့်အမျှ ပျက်စီးယိုယွင်းမှုများလည်း ရှိနေပါသည်။ ၁၉၉၈ ခုနှစ်တွင် မိုးကောင်းမိဖုရား၏ မြစ်တော်စပ်သူများမှ ကျောင်းကိုပြန်လည်ပြင်ဆင်မွမ်းမံခဲ့သည်။ နှစ်နှစ်လျှင်တစ်ကြိမ် ကျောင်းကိုရေနံချေးသုတ်၍ ထိန်းသိမ်းထားသည်။ သစ်သားကျောင်းဆောင်ဖြစ်သောကြောင့် အင်းဆက်ပိုးမွှားများအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများ ရှိရန်လိုအပ်ပါသည်။

    မင်းတုန်းမင်း၏ မိဖုရားများ ဆောက်လုပ်လှူဒါန်းထားသော ရမည်းသင်းကျောင်း၊ မိုးကောင်းကျောင်းနှင့် ကြေးမြင်ကျောင်းတိုက် စသည့် ကျောင်း (၃) ကျောင်းသည် မဟာဝိသုဒ္ဓါရာမကျောင်းတိုက်အတွင်းရှိ ပြန်လည်ပြုပြင်လှူဒါန်းထားသော သစ်သားကျောင်းဆောင်ကြီးများဖြစ်၍ ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ ဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။

Previous
Previous

Yamethin Monastery

Next
Next

Maha Min Htin Monastery