Kyeay Myin Wooden Monastery
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
Kyeay Myin Wooden Monastery was built and donated by the Lord of Yantabo village in 1878, located within the Mahar Withudhayama Monastery compound between 23rd and 24th streets on 62nd street. It is a late Konbaung-era Burmese style ancient wooden monastery with 99 teak pillars and intricate wooden architecture. In 1911, Kyeay Myin Queen, one of King Mindon's queens, renovated the monastery. She installed tin roofs on the front buildings and added a lattice fence around the raised base, which led to it becoming known as the Kyeay Myin Monastery.
The wooden carvings, pillars, and figures reflect the craftsmanship of the late Konbaung era. There used to be a brick-built water pot stand between the two staircases of the Kyeay Myin Monastery. At the base of the water pot stand, there were two brick tombstone inscriptions. One was for Princess Htihkaungtin Phaya, who passed away at the age of 90 and the other was for Prince Thadomin Yemin Khaung, the Lord of Pyinmana and son of King Mindon and Queen Kyeay Myin, who passed away at the age of 92.
The brick water pot stand collapsed during the Mandalay earthquake, leaving only the two inscription slabs. (When the cemetery for the royal family of the Yadanabon era was moved and dismantled, the abbot of Kyeay Myin Monastery detached these two inscription slabs and placed them at the base of the water pot stand in the monastery.)
The area inside the lattice fence of the Kyeay Myin Monastery serves as a rest area, and the monastery itself is kept locked. Some of the wooden parts at the back of the monastery are damaged, and it has suffered minor earthquake damage. There is a risk of both termite infestation and natural disasters. The preservation of these wooden monasteries requires conservation techniques, experts, and funding.
The three monasteries donated and built by King Mindon's queens—the Yamethin Monastery, the Moe Kaung Monastery, and the Kyeay Myin Monastery—are all grand wooden structures located within the Mahar Withudhayama Monastery compound. They have been renovated and donated, and they offer a glimpse into the architectural craftsmanship of the late Konbaung era.
-
၁၈၇၈ ခုနှစ်တွင် ရန္တပိုရွာစားမှ ဆောက်လုပ်လှုဒါန်းခဲ့သော သစ်သားကျောင်းဆောင်ဖြစ်ပြီး ၆၂လမ်း၊ ၂၃/၂၄ လမ်းကြားရှိ မဟာဝိသုဒ္ဓါရာမကျောင်းတိုက်အတွင်းတွင် တည်ရှိသည်။ ကျွန်းတိုင်လုံးပေါင်း (၉၉)တိုင် ပါရှိပြီး သစ်သားဗိသုကာလက်ရာများဖြင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း မြန်မာ့ဟန် ရှေးဟောင်းသစ်သားကျောင်းဆောင်တစ်ခု ဖြစ်သည်။ ထိုရန္တပိုရွာစားကျောင်းကို ၁၉၁၁ ခုနှစ်တွင် မင်းတုန်းမင်း၏ မိဖုရားဖြစ်သော ကြေးမြင်မိဖုရားမှ၊ ရှေ့ပိုင်းအဆောင်များကို သွပ်အမိုးမိုးပြီး ခြေတံရှည်အောက်ခြေပတ်လည်တွင် ရာဇမတ်များကာကာ ပြန်လည်ပြုပြင်မွမ်းမံခဲ့သောကြောင့် ကြေးမြင်ကျောင်းဟု လူသိများခဲ့သည်။
သစ်သားပန်းပုလက်ရာများ ပွတ်လုံးတိုင်များ ရုပ်လုံးရုပ်ကြွများသည် ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ သစ်သားပန်းပုလက်ရာများကို ဖော်ပြနေသည်။ ကြေးမြင်ကျောင်း၏ လှေကားနှစ်စင်းကြားတွင် အုတ်နှင့်တည်ဆောက်ထားသော ရေအိုးစင်ရှိခဲ့သည်။ ရေအိုးစင်၏ခြေရင်းတွင် မင်းတုန်းမင်းတရားနှင့် ငါန်းဇွန်မိဖုရားတို့၏သမီးတော် ထရံကာမြို့စား ထိပ်ခေါင်တင်ဖုရား၊ သက်တော် ၉၀ နှစ်ဟု အစချီရေးထိုးထားသော အုတ်ဂူကမ္ဗည်းကျောက်စာနှင့် မင်းတုန်းမင်းတရားနှင့် ကြေးမြင်မိဖုရားတို့၏သားတော် သတိုးမင်းရဲမင်းခေါင် ပျဉ်းမနားမြို့စား ကိုယ်တော်ကြီးဘုရား သက်တော် ၉၂ နှစ်ဟုအစချီရေးထိုးထားသော အုတ်ဂူကမ္ဗည်းကျောက်စာ တို့တည်ရှိသည်။ မန္တလေးငလျင်ဒဏ်ကြောင့် အုတ်ရေအိုးစင်မှာပြိုကျသွားခဲ့ရာ ကမ္ဗည်းကျောက်စာချပ် နှစ်ချပ်သာကျန်ခဲ့သည်။ (ရတနာပုံခေတ်ဆွေတော်မျိုးတော် သင်္ချိုင်းတော်ဝင်းပြောင်းရွှေ့ဖျက်ရသောအခါ ကြေးမြင်ကျောင်းဆရာတော်မှ အုတ်ဂူကမ္ဗည်းကျောက်စာ နှစ်ချပ်ကိုခွာကာ ကြေးမြင်ကျောင်း၏ ရေအိုးစင်အောက်ခြေတွင် ထည့်ထားခဲ့ခြင်းဖြစ်သည်။)
ကြေးမြင်ကျောင်း၏ ရာဇမတ်ကာအတွင်းတွင် နားနေရာအဖြစ်ရှိပြီး၊ ကျောင်းပေါ်တွင် သော့ခတ်ထားသည်။ ကျောင်း၏ ကျောဘက်သစ်သားများသည် တချို့ပျက်စီးနေပြီး ငလျင်ဒဏ် အနည်းငယ်ထိထားသည်။ ခြအန္တရာယ်နဲ့အတူ သဘာဝဘေးအန္တရာယ်ရှိနေသည်။ သစ်သားကျောင်းများထိန်းသိမ်းရန်အတွက် ထိန်းသိမ်းမှုနည်းပညာ၊ ပညာရှင်များနှင့်အတူ ရံပုံငွေလိုအပ်ပါသည်။
မင်းတုန်းမင်း၏ မိဖုရားများ ဆောက်လုပ်လှူဒါန်းထားသော ရမည်းသင်းကျောင်း၊ မိုးကောင်းကျောင်းနှင့် ကြေးမြင်ကျောင်းတိုက် စသည့် ကျောင်း (၃) ကျောင်းသည် မဟာဝိသုဒ္ဓါရာမကျောင်းတိုက်အတွင်းရှိ ပြန်လည်ပြုပြင်လှူဒါန်းထားသော သစ်သားကျောင်းဆောင်ကြီးများဖြစ်၍ ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ ဗိသုကာလက်ရာများကို လေ့လာနိုင်ပါသည်။