Kingwun Mingyi Monastery

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • Built in 1879 during the Yadanabon era (also known as the Konbaung Dynasty), Kingwun Mingyi Monastery is a magnificent wooden building showcasing a blend of Burmese and Western architectural styles. After his diplomatic mission to Europe, Kinwun Mingyi U Kaung had it built dedicated to Sayadaw U Pyinya Thiha, a prominent Buddhist scholar, teacher. In the past, the monastery was known as "Tha Ka Wun Monastery" due to the teak trees planted in its compound and the fact that it was built of teak wood.

    The design was a collaboration between Italian architect M. Comodo and French architect M. Bonvallein, who integrated their European designs with traditional Burmese elements. The monastery features brick staircases and is supported by 108 teak posts. Using wooden partition panels, the lower level is compartmentalized into a small room. Large wooden sculptures of eagles near the upper corners of the roof highlight the Western influence. The upper floor has five large teak doors, each adorned with traditional Burmese carvings and decorative floral motifs. The Western architectural style was masterfully crafted using teak wood and hence this ancient architectural masterpiece is highly valuable.

    Currently, the monastery is under the protection of the Ministry of Religious Affairs and Culture. As a wooden structure, it requires continuous preservation efforts to protect it from insect infestations and natural disasters.

  • ကင်းဝန်မင်းကြီးကျောင်းကို ၁၈၇၉ ခုနှစ်တွင် ကင်းဝန်မင်းကြီးဦးကောင်းမှ တည်ဆောက်ခဲ့ပြီး၊ ပထမကျော် ပထမစာတော်ချ ကျမ်းပြု စလင်းဆရာတော် ဦးပညာသီဟအား လှူဒါန်းခဲ့သည့် အနောက်တိုင်းဟန်ပါသော ရတနာပုံခေတ် မြန်မာ့ ဗိသုကာလက်ရာ သစ်သားကျောင်းတော်ကြီးဖြစ်သည်။ ကင်းဝန်မင်းကြီးသည် ဥရောပသို့ သံတမန်အဖြစ်သွားရောက်ပြီး ပြန်လာသည့် အချိန်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ယခင်က ကျောင်းဝန်းထဲတွင် ကျွန်းပင်များစိုက်ပျိုးထားခြင်းနှင့် ကျွန်းသစ်သားများဖြင့် ဆောက်လုပ်ထားခြင်းတို့ကြောင့် “သာကဝန်ကျောင်း”ဟု ခေါ်ဆိုခဲ့ကြသည်။

    ကျောင်းတော်ကို ဥရောပဗိသုကာပညာရှင်များဖြစ်ကြသည့် အီတလီလူမျိုး M. Comodo နှင့် ပြင်သစ်လူမျိုး M. Bonvallein တို့က ဒီဇိုင်းရေးဆွဲခဲ့ပြီး မြန်မာမှုဟန်ဖြင့် ပေါင်းစပ်တည်ဆောက်ထားသည်။ အုတ်လှေကားများတပ်ဆင်ထားပြီး ကျွန်းတိုင်(၁၀၈) တိုင်ဖြင့် ဖွဲ့စည်းထားသည်။ အောက်ခြေတွင် သစ်ရာဇမတ်များနှင့် အတွင်းပိုင်းအခန်းငယ် ပုံစံလုပ်ထားသည်။ ကျောင်းထောင့်အထက်ပိုင်း အမိုးနားတွင်ရှိသော လင်းယုန်ငှက် သစ်သားရုပ်တုကြီးများသည် အနောက်တိုင်းဟန်ကို ပြသနေပါသည်။ ကျောင်းအပေါ်ထပ်တွင် ကျွန်းတံခါးကြီး (၅) စုံရှိပြီး တံခါးရွက်အားလုံးတွင် ရှေးမြန်မာ့ဗိသုကာပုံစံ ပန်းပုရုပ်ကြွ၊ ကနုတ်ပန်းအလှများကို တွေ့မြင်နိုင်သည်။ အနောက်တိုင်း ဗိသုကာဟန်ကို ကျွန်းသစ်များဖြင့် ပုံဖော်တည်ဆောက်ထားသောကြောင့် ရှေးဟောင်းဗိသုကာ လက်ရာ တန်ဖိုးကြီးမားသည်။

    လက်ရှိတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ ထိန်းသိမ်းမှုအောက်တွင် ရှိပါသည်။ သစ်သားကျောင်းဆောင်ဖြစ်သောကြောင့် အင်းဆက်ပိုးမွှားများ အန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများရှိရန် လိုအပ်ပါသည်။

Previous
Previous

Kyeay Myin Wooden Monastery

Next
Next

Shweinbin Monastery