Nipattaw Painting (U Khandi Museum 2)
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
The U Khandi Museum 2, located near the main entrance of Mandalay Hill and flanked by two lion statues, showcases a collection of Nipattaw paintings. These artworks depict the charitable endeavors and renovations of pagodas and monasteries carried out by the hermit U Khandi across Myanmar. The paintings were created by Aung Moe San, an artist from Seinpone Ward, located east of Yahaing Market in Mandalay. The precise year of their creation remains unknown.
Compared to U Khandi Museum (1), this second museum primarily features only paintings, with no other significant artifacts on display. The paintings are notable for their vibrant colours and the use of oil paint on zinc sheets, a characteristic style of Nipat art. Unlike other Nipattaw paintings that focus on the life of the Buddha, these specifically document U Khandi's donations.
These paintings are in better condition than the ones found along the Mandalay Hill staircases. However, they remain vulnerable to long-term damage from the weather and insect infestations. It's unclear if any systematic preservation efforts are currently in place. These paintings can be compared to the documented works of charity found in the Eindawya Mahura Zayat to gain a better understanding of their historical context.
-
မန္တလေးတောင်တက်လမ်း ခြင်္သေ့ကြီးနှစ်ကောင် မုဒ်ဦး တောင်ဘက်အနီးမှ တက်ရောက်ရသော ဦးခန္တီပြတိုက်တွင် နိပါတ်တော်ပန်းချီများကိုတွေ့ရှိရသည်။ နိပါတ်တော်ပန်းချီကားများတွင် တွေ့ရှိရလေ့ရှိသော ဘုရားကျောင်းကန်များတည်ဆောက် ပြုပြင်သော လှူဒါန်းမှုများကို ရေးဆွဲထားသည်။ပ န်းချီကားများတွင် တွေ့ရှိရသော လှူဒါန်းမှုများသည် မြန်မာပြည်အနှံ့ရှိ ဘုရားပုထိုးကျောင်းကန်များတွင် ရသေ့ကြီး ဦးခန္တီ ပြုပြင်မွမ်းမံလှူဒါန်းခဲ့မှုများကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။ ထိုပန်းချီကားများကို ပန်းချီ အောင်မိုးဆန်း (ရဟိုင်းစျေးအရှေ့ဘက် စိန်ပေါင်းရပ်၊ မန္တလေး) က ရေးဆွဲထားခြင်းဖြစ်သည်။ ရေးဆွဲထားသောခုနှစ်သက္ကရာဇ်အား မသိရှိရပါ။
ဦးခန္တီပြတိုက် (၁) နှင့် နှိုင်းယှဉ်ပါက ပြတိုက် (၂) တွင် ပန်းချီကားများကိုသာတွေ့ရပြီး တခြားထူးခြားသော ပြတိုက်ပစ္စည်းများမတွေ့ရှိရပါ။ အရောင်စိုတောက်မှုနှင့် သွပ်ပြားပေါ်တွင် ဆီဆေးဖြင့် ရေးဆွဲထားခြင်းကဲ့သို့သော နိပါတ်တော်ပန်းချီများ၏ ထူးခြားမှုကိုတွေ့ရှိရသည်။ ယခုပြတိုက်တွင် ဘုရားသမိုင်းနှင့် ဗုဒ္ဓနိပါတ်တော်ပန်းချီများမဟုတ်ဘဲ၊ ရသေ့ကြီးဦးခန္တီ၏ လှူဒါန်းမှုများကိုသာ မှတ်တမ်းတင်ရေးဆွဲထားပါသည်။
မန္တလေးတောင်တက်လမ်းများရှိပန်းချီကားများနှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်သော အခြေအနေတွင်ရှိသော ပန်းချီကားများဖြစ်သည်။ သို့သော် ရေရှည်တွင် ရာသီဥတုဒဏ်နှင့် ပိုးမွှာများဒဏ်ကြောင့် ပျက်စီးပျောက်ကွယ်သွားနိုင်ပါသည်။ စနစ်တကျထိန်းသိမ်းမှု ရှိမရှိကို မသိရပါ။ ဦးခန္တီပြတိုက် (၂) ရှိပန်းချီကားများကို အိမ်တော်ရာ မဟူရာဇရပ်မှ လှူဒါန်းမှုများကို မှတ်တမ်းတင်ရေးဆွဲထားသော ပန်းချီများနှင့် နှိုင်းယှဉ်လေ့လာနိုင်ပါသည်။