Nipattaw Painting (Eaindawya Pagoda)
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
Within the compound of the Eindawya Pagoda, there are various Zayat (resthouses) donated for pilgrims, including the 14-Room Zayat, the Mahuyar Zayat, the Brick Zayat, and the Zayat north of the Mahuyar Zayat.
Most of the Jataka paintings are found in the 14-Room Zayat and the Mahuyar Zayat. They are the works of famous Jataka painters from Mandalay, U Chit Myae and U Saw Maung. The paintings by U Chit Myae not only depict the Buddhist Jataka stories but also show the donations made by the pagoda's benefactors in Mandalay. This includes portraits of the donors of the 14-Room Zayat, which highlights the connection between philanthropic acts and Jataka paintings. The artist of the paintings in the Brick Zayat is unknown.
The age of the paintings is believed to be the same as the years the rest houses were built: the 14-Room Zayat in 1948, the Mahuyar Zayat in 1946, the Brick Zayat in 1920, and the Zayat north of the Mahuyar Zayat in 1983. The year the paintings were created in the rest house near the northeastern corner of the pagoda—where some of U Saw Maung's paintings are displayed—is unknown. The creation dates for the paintings in the passageways are also unknown.
The Jataka paintings at the Eindawya Pagoda are significant for descendants of the zayat and painting donors, as well as for those who study the history of painting and Jataka art. A notable feature of these paintings is the use of vibrant, saturated colors. The use of zinc sheets and oil paints to depict donors' portraits and their various acts of donation is a unique and creative approach. This shows a strong link between the donation of the resthouses and the commissioning of Jataka paintings.
Due to the earthquake on March 28, 2025, the eastern and western passageways, where Jataka paintings were located, collapsed. The Mahuyar Zayat also sustained some minor damage. The paintings from the collapsed passageways have been piled up in the 14-Room Zayat and an unnamed zayat near the northeastern side of the pagoda. This unnamed zayat contains four Jataka paintings by U Saw Maung. The paintings in the Brick Zayat, whose artist is unknown, are stained with dust and bird droppings.
After Mandalay Hill, Eindawya Pagoda has the largest number of Jataka paintings, and most are in good condition. Given their immense historical and artistic value, conservation efforts are crucial.
-
အိမ်တော်ရာဘုရားဝင်းတွင် (၁၄) ခန်းဇရပ်၊ မဟူရာဇရပ်၊ အုတ်ဇရပ် နှင့် မဟူရာဇရပ် မြောက်ဘက်မှဇရပ် စသည့်ဖြင့် ဘုရားဖူးများနားနေရန် ဆောက်လုပ်လှူဒါန်းထားသော ဇရပ်များရှိပါသည်။
နိပါတ်တော်ပန်းချီများကို (၁၄) ခန်းဇရပ်နှင့် မဟူရာဇရပ်တွင် အများဆုံးတွေ့ရပြီး၊ မန္တလေးရှိ နိပါတ်ပန်းချီ အကျော်အမော်များဖြစ်သည့် ဦးချစ်မြဲနှင့် ဦးစောမောင်တို့၏လက်ရာများ ဖြစ်ကြသည်။ ဦးချစ်မြဲ၏ပန်းချီကားများမှာ ဗုဒ္ဓဝင်နိပါတ်တော်များသာမက၊ မန္တလေးမြို့ရှိ ဘုရားဒါယကာ၊ ဒါယိကာမများ၏ လှူဒါန်းထားသော ကုသိုလ်များ၏ ပုံကိုပါရေးဆွဲထားပြီး၊ (၁၄) ခန်းဇရပ် အလှူရှင်များ၏ ပုံတူပန်းချီကားများကိုပါ ရေးဆွဲထားသဖြင့် အလှူဒါနပြုမှုများနှင့် နိပါတ်ပန်းချီများဆက်စပ်မှုကို တွေ့ရှိရသည်။ အုတ်ဇရပ်တွင်ရေးဆွဲထားသော ပန်းချီကားများ၏ ရေးဆွဲသူအား မသိရှိရပါ။
ဇရပ်များရှိ ပန်းချီကားများ၏သက်တမ်းသည် ဇရပ်များတည်ဆောက်သည့် ခုနှစ်များဖြစ်သည့် ၁၉၄၈ ခုနှစ် (၁၄ခန်းဇရပ်)၊ ၁၉၄၆ ခုနှစ် (မဟူရာဇရပ်)၊ ၁၉၂၀ ခုနှစ် (အုတ်ဇရပ်) နှင့် ၁၉၈၃ ခုနှစ် (မဟူရာဇရပ် မြောက်ဘက်မှဇရပ်) တို့၏ နှစ်ကာလများနှင့် ထပ်တူဖြစ်မည်ဟု ယူဆရပါသည်။ ဦးစောမောင်၏ပန်းချီကားတချို့ ချိတ်ဆွဲထားသော ဘုရား၏အရှေ့မြောက်တောင့်နားရှိ ဇရပ်မှ ပန်းချီကားများရေးဆွဲသည့် ခုနှစ်ကို မသိရှိရပါ။ စောင်းတန်းများရှိ ပန်းချီကားများ၏ ရေးဆွဲသည့် ခုနှစ်ကိုလည်း မသိရှိရပါ။
ထိုအိမ်တော်ရာဘုရားဝင်းရှိ နိပါတ်တော်ပန်းချီများသည် ဇရပ်အလှူရှင်၊ နိပါတ်တော်ပန်းချီ အလှူရှင်များ၏ မျိုးဆက်များ၊ ပန်းချီသမိုင်းနှင့် နိပါတ်တော် ပန်းချီကို လေ့လာလိုသူများအတွက် အရေးပါမူရှိသည်။ နိပါတ်တော်ပန်းချီများ၏ထူးခြားချက်ဖြစ်သည့် အရောင်ဖွဲ့စည်းမှုတွင် စိုတောက်သော အရောင်များ သုံးစွဲထားသည်ကို တွေ့ရှိရသည်။ သွပ်ပြားနှင့်ဆီဆေးသုံးပြီး အလှူရှင်တို့၏ ပုံတူပန်းချီကားများနှင့် လှူဒါန်းမှုအရပ်ရပ်ကို သရုပ်ဖော်ထားသည်မှာ ထူးခြားသော တီထွင်ဖန်တီးမှုတစ်ရပ် ဖြစ်သည်။ ဇရပ်၊ တန်ဆောင်း များလှူဒါန်းမှုနှင့်အတူ နိပါတ်တော်ပန်းချီများ ရေးဆွဲလှူဒါန်းမှုများ ချိတ်ဆက်နေမှုကိုတွေ့ရသည်။
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နိပါတ်ပန်းချီများရှိရာ အရှေ့စောင်းတန်းနှင့် အနောက်စောင်းတန်း ပြိုကျပျက်စီးခဲ့သည်။ နောက်ထပ်ပန်းချီများရှိရာ မဟူရာဇရပ်လည်း ထိခိုက်မှုအနည်းငယ်ရှိခဲ့သည်။ ငလျင်ကြောင့်ပြိုကျထားသော စောင်းတန်းများရှိပန်းချီများကို (၁၄) ခန်းဇရပ်နှင့် ဘုရားအရှေ့မြောက်နားရှိ အမည်မသိဇရပ်တစ်ခုတို့တွင် စုပုံထားရှိပါသည်။ ထိုအမည်မသိဇရပ်တွင် ဦးစောမောင်၏ နိပါတ်ပန်းချီကား (၄) ခုရှိပါသည်။ အုတ်ဇရပ်ရှိပန်းချီများတွင် ရေးဆွဲသူမတွေ့ရဘဲ၊ ဖုံများ ငှက်ချေးများဖြင့် ပေကျံနေမှုရှိပါသည်။ မန္တလေးတောင်ပြီးလျှင် အိမ်တော်ရာမှာ နိပါတ်တော်ပန်းချီအများဆုံးရှိရာနေရာဖြစ်ပြီး၊ အများစုမှာ ကောင်းမွန်သောအခြေအနေတွင် ရှိနေပါသည်။ သမိုင်းတန်ဖိုးနှင့် အနုပညာတန်ဖိုး ကြီးမားသည့်အတွက် ထိန်းသိမ်းမှုများလုပ်ဆောင်သင့်ပါသည်။