Eain Taw Yar Hti (Umbrella)
Myanmar Name: | အိမ်တော်ရာထီး |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: | Chanayethazan Township, Near Eain Taw Yar, Elephant Statue Bridge, Crocodile Statue Bridge, Mandalay City, Mandalay. [ချမ်းအေးသာစံမြို့နယ်၊ အိမ်တော်ရာအနီး ဆင်တံတား၊ မိကျောင်းတံတား ၊ မန္တလေးမြို့၊ မန္တလေးတိုင်း။] |
Asset Information
-
These umbrellas were known as Eain Taw Yar Hti (umbrella) because they were made and sold on the Sinte bridge near the Eain Taw Yar Pagoda. Myanmar historically boasted three prominent umbrella-making cities: Sinte, Mandalay, and Pathein.
There were two types of umbrellas: those for monks and those for laypeople. The use of Eain Taw Yar Hti was most widespread during the Wunthanu (nationalist) era. The business was started in 1895 by Saya Gyi U Chat and was passed down through generations. His son, U Phee, and grandsons, U Hla Pe and U Nyunt Win, continued the tradition. Later, U Ba Khin and Daw Yin purchased and took over the business. Over time, raw materials became scarce, and cheaper umbrellas from foreign countries began to flood the market. In 1963, the business was nationalized, and it was completely shut down and disappeared by 1964.
What made the Eain Taw Yar umbrellas unique was its wooden frame and its lacquer-coated fabric. The top of the umbrella was shaped like a small stupa. Eain Taw Yar umbrellas were religiously significant because they were often included as donations at religious ceremonies. The umbrellas were so famous that they even inspired songwriters. For instance, the song "Yangon Thu" (Shwebo Thanakha) by Nandawshay Saya Tin mentions them.
An Eain Taw Yar umbrella consists of several parts: the cap, the ribs, the spokes, the stretcher, the shaft, and the canopy. The step-by-step process of making one is as follows:
The ribs and spokes are attached to the cap and the runner.
The spokes are then fitted into place, and the fabric is shaped and hemmed.
The guide strings are attached, the fabric is tied to the frame, and the patterns and colors are drawn and painted on the canopy.
The designs are embossed or embroidered, the shaft is attached, and a final coat of waterproof lacquer is applied.
The umbrella is left to dry in the sun for a full day before it is assembled and sold.
The materials used include lacquer, cloth, bamboo, wood, and thread. Like the lacquerware process, a process of storing the lacquer in a pit to age it is involved. The spokes are also attached with a special stitching technique called pan-ohn-htoe. The business once employed around 70 people.
(Based on an interview with a descendant of U Ba Khin and Daw Yin, who acquired the Eain Taw Yar umbrella business from U Phee, the son of U Chat.)
-
ရှေးယခင်က မြန်မာနိုင်ငံတွင် ထီးလုပ်ငန်းလုပ်ကိုင်သောမြို့ (၃) မြို့ရှိခဲ့ပြီး ၎င်းတို့မှာ ဆင်တဲ၊ မန္တလေးနှင့် ပုသိမ် တို့ဖြစ်သည်။ အိမ်တော်ရာဘုရားအနီးရှိ ဆင်တဲတံတားပေါ်တွင် ထီးများပြုလုပ်ရောင်းချကြသဖြင့် မန္တလေးထီးကို အိမ်တော်ရာထီးဟု ခေါ်ဆိုခဲ့ကြခြင်းဖြစ်သည်။
အိမ်တော်ရာထီးတွင် ဘုန်းကြီးဆောင်းထီးနှင့် လူဆောင်းထီးဟူ၍ (၂)မျိုးရှိပါသည်။ ဝံသာနုခေတ်တွင် အိမ်တော်ရာထီးသုံးစွဲမှု အထွန်းကားဆုံး ဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် ထီးဆရာကြီးဦးချက်မှ စတင်လုပ်ကိုင်ခဲ့ပြီး မျိုးရိုးစဉ်ဆက် လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။ ဦးချက်လက်ထက်မှ စ၍သားဦးဖီးနှင့် မြေးများဖြစ်သည့် ဦးလှဖေနှင့် ဦးညွန့်ဝင်းတို့မှ ဆက်လက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ဦးဘခင်နှင့် ဒေါ်ရင်တို့မှ အဆိုပါလုပ်ငန်းကိုဝယ်ယူကာ ဆက်လက်လုပ်ကိုင်ခဲ့သည်။ နောက်ပိုင်းတွင် ကုန်ကြမ်းရှားပါးလာမှုများအပြင် ပြည်ပမှ ဈေးသက်သာသောဖဲထီးများ ဝင်ရောက်လာခြင်းတို့ကြောင့် အိမ်တော်ရာထီးလုပ်ငန်းမှာ များစွာအထိနာခဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် လုပ်ငန်းအားလုံး ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ ထိုအချိန် ၁၉၆၄ ခုနှစ်မှစ၍ အိမ်တော်ရာထီးလုပ်ငန်းသည် ရပ်ဆိုင်းပျောက်ကွယ်သွားည်။
အိမ်တော်ရာထီး၏ထူးခြားချက်မှာ သစ်သားထီးရိုး၊ သစ်စေးထီးဖြစ်ခြင်း၊ ထီးထိပ်တွင်အထွတ် စေတီခေါင်းပါရှိခြင်း ဖြစ်သည်။ ရှေးအခါက အလှူအတန်းများကျင်းပရာ ပရိက္ခရာများတွင် အိမ်တော်ရာထီးကို ထည့်သွင်းလှူဒါန်းကြသဖြင့် ဘာသာရေးအရလည်း အရေးပါသည်။ အိမ်တော်ရာထီးသည် သုံးစွဲသူများအတွက်သာမက တေးရေးဆရာတို့ စပ်ဆိုရသည်အထိ ထင်ရှားခဲ့သည်။ နန်းတော်ရှေ့ဆရာတင်၏ “ရန်ကုန်သူ” (ရွှေဘိုသနပ်ခါး) သီချင်းတွင် အိမ်တော်ရာထီးအကြောင်း ထည့်သွင်းစပ်ဆိုထားသည်ကို တွေ့ရပါသည်။
အိမ်တော်ရာထီးတွင် ထီးခေါင်း၊ ထီးချောင်း၊ ထီးလက်၊ ထီးဒေါက်၊ ထီးရိုးနှင့် ထီးအမိုး ဟူ၍ အစိတ်အပိုင်းများ ပါဝင်ပါသည်။ အိမ်တော်ရာထီးကို အဆင့်ဆင့်ပြုလုပ်ပုံမှာ -
ထီးခေါင်းနှင့် အခြာတို့တွင် ထီးဆံ၊ ထီးလက်တန်ထည့်ရသည်။ ပြီးလျှင် ထီးလက်တန် အကွက်ညှိခြင်း၊ ထီးရွက်များအနားသတ်ခြင်း၊ ကြိုးထိန်းခြင်းတို့ကို ပြုလုပ်သည်။
ထီးမိုး ပန်းရေးခြင်း၊ ရောင်စုံပုံခြယ်ရေးခြင်း၊ ပန်းဖောက်ပန်းထိုးခြင်းများ ပြုလုပ်ပြီးနောက် ထီးရိုးတပ်ရသည်။
ဆက်လက်၍ မိုးရေခံဆီဆေးသုတ်ပြီး နေပူတွင် တစ်နေ့တာနေလှန်းအခြောက်ခံရသည်။
ထို့နောက် ထီးရိုးတပ်သူမှ အပြီးသတ် ဆောင်ရွက်၍ ဆိုင်ပေါ်တင် အသင့်ရောင်းချနိုင်ပါသည်။
သစ်စေး၊ အဝတ်စ၊ ဝါး၊ သစ်သား၊ ချည်များကို အသုံးပြုရပါသည်။ ယွန်းလုပ်ငန်းကဲ့သို့ သစ်စေးအိပ်ရန် တိုက်သွင်းခြင်းများပါဝင်သည်။ ထီးလက်တံများကို ပန်းအုံထိုးခြင်းဟုခေါ်သညိ့ ချည်ထိုးခြင်းများလည်းရှိသည်။ လူ (၇၀) ခန့်ဖြင့် လုပ်ကိုင်ခဲ့သည်။
(အထက်ပါအချက်အလက်များကို ဦးချက်၏သား ဦးဖီး ထံမှ အိမ်တော်ရာထီးလုပ်ငန်းအား လက်လွှဲဝယ်ယူခဲ့သော ဦးဘခင်၊ ဒေါ်ရင်၏ မျိုးဆက် မြေးတစ်ဦးနှင့် တွေ့ဆုံမေးမြန်းခဲ့ခြင်း မှရယူခဲ့ခြင်းဖြစ်ပါသည်။)





