Silversmithing (Sagaing)
Myanmar Name: | ငွေပန်းတိမ်လုပ်ငန်း (စစ်ကိုင်း) |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: | Ywar Htaung Village, Sagaing City, Sagaing. [ရွာထောင်ရွာ၊စစ်ကိုင်းမြို့၊စစ်ကိုင်းတိုင်း။] |
Asset Information
-
Silversmithing, a prominent traditional craft in Ywa Htaung Village, Sagaing, boasts a rich history believed to date back to the Pyu era. Its techniques were formally documented during the Bagan period.
This intricate art form meticulously transforms silver into stunning Burmese floral designs, Jataka tales, and traditional scenes. While rooted in conventional artistry, the craft has evolved to include modern creations such as jewelry and home decor.
The majority of silversmiths are men who have inherited the practice from their ancestors. However, the industry is currently facing significant challenges, including a shortage of apprentices and workers, as well as a decline in business due to reduced foreign tourism. Urgent support is needed across market systems, funding, and technical training to sustain this vital craft.
The art of silversmithing involves several steps:
Melting the Silver: The silver is placed in a forge with hardwood charcoal and heated for about 30–45 minutes until it melts. A small amount of borax is added to purify the molten silver.
Casting: The liquid silver is poured into a heated iron mold that has been coated with kerosene or wax, turning it into a solid silver ingot.
Shaping: The ingot is then gripped with tongs and placed on an anvil, where it is hammered into the desired shape and size. As it is hammered, the silver becomes lustrous and transforms into a work of art.
Engraving: Traditional Burmese patterns, such as vines, flowers, and chu designs, are intricately engraved onto the silver. These patterns can be used individually or in combination.
Finishing and Decoration: The finished silver-work is then applied to everyday items like bowls, betel boxes, offering containers, or dagger handles, completing the artistic process.
-
ငွေပန်းတိမ်လုပ်ငန်းသည် စစ်ကိုင်းမြို့၊ ရွာထောင်အရပ်၏ အထူးထင်ရှားသော လက်မှုပညာလုပ်ငန်းတစ်ခု ဖြစ်သည်။ ပျူခေတ်ကတည်းက စတင်ပြုလုပ်လာကြပြီး ပုဂံခေတ်မှစတင်၍ ပန်းတိမ်နည်းစနစ်များဖြင့် စနစ်တကျမှတ်တမ်းတင် အသုံးပြုခဲ့ကြသည်ဟု ဆိုပါသည်။
ငွေထည်ကိုအသုံးပြု၍ မြန်မာမှုပန်းကနုတ်များ၊ ဇာတ်နိပါတ်တော်များ၊ ရိုးရာအစဉ်အလာဖြစ်ရပ်များကို အနုစိတ်ဖန်တီးပုံဖော်ရသော အနုပညာဆိုင်ရာ ပန်းတိမ်လက်မှုပညာတစ်ခု ဖြစ်သည်။ ပုံမှန်သမရိုးကျလက်ရာများမှတစ်ဆင့် ယနေ့ခေတ်တွင် လက်ဝတ်ရတနာ အဆင်တန်ဆာများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများအဖြစ် ဆန်းသစ်တီထွင်မှုများရှိသည်။
ငွေပန်းတိမ်လုပ်ငန်းကို အမျိုးသားအများစုလုပ်ကိုင်ကြပြီး ဘိုးဘွားအစဉ်အဆက် လက်ဆင့်ကမ်းအမွေအဖြစ် လုပ်ကိုင်နေကြဆဲဖြစ်သော်လည်း လက်ဆင့်ကမ်းသင်ယူသူ၊ လုပ်ငန်းလုပ်ကိုင်သူရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။ ယခင်ကဲ့သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ မရှိခြင်းကြောင့်လည်း လုပ်ငန်းလုပ်ကိုင်မှု နည်းပါးသွားပါသည်။ ဈေးကွက်စနစ်၊ ငွေကြေးနှင့် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများဖြင့် ထောက်ပံ့မှုပေးရန် လိုအပ်လျက်ရှိပါသည်။
ငွေပန်းတိမ်လုပ်ငန်းစဉ်
ငွေထည်အရည်ပျော်ခြင်း - ငွေထည်ကို အသားမာမီးသွေးနှင့် မီးပြင်းထိုးကာ မီးဖို၌ ၃၀-၄၅ မိနစ်ခန့်ထား၍ အရည်ပျော်လာအောင်လုပ်သည်။ ငွေရည်ကြည်လင်စေရန် ဇဝက်သာ (အနည်းငယ်) ထည့်ပေးသည်။
ငွေခဲသို့ပြောင်းခြင်း - ပူအောင်မီးကင်ပြီး ရေနံဆီ၊ ဖယောင်း သို့မဟုတ် အခြားအရာဖြင့် သုတ်ထားသော သံဒယ်ပက်ထဲသို့ ငွေရည်ကို လောင်းထည့်ကာ ငွေခဲ (ငွေခွက်) ဖြစ်လာသည်။
ပုံသဏ္ဌာန်ပေးခြင်း - ငွေခဲကို ညပ်ဖြင့်ယူ၍ သံပေတုံးပေါ်တွင် တင်ကာ လိုအပ်သည့် ပုံသဏ္ဌာန်နှင့် အရွယ်အစားအတိုင်း ခတ်ပုံဖော်သည်။ ငွေထည်သည် တောက်ပြောင်ပြီး အနုပညာလက်ရာအဖြစ် ပြောင်းလဲသည်။
ပန်းပုံထိုးခြင်း - ငွေထည်ပေါ်တွင် မြန်မာ့ရိုးရာပန်းပုံများ (သဇင်နွယ်၊ ကုလားပန်း၊ ခြူးတက် စသဖြင့်) ကို အနုပညာနည်းဖြင့် ဖော်ဆောင်ထိုးသည်။ ပန်းပုံများကို တစ်မျိုးတည်းမဟုတ်ပဲ အမျိုးမျိုးရောစပ်၍ ထုလုပ်နိုင်သည်။
အလှဆင်ပြီး ပြီးမြောက်ခြင်း - ဖလား၊ ကွမ်းအစ်၊ ဆွမ်းအုပ်၊ ဓားရိုး စသည့် အသုံးအဆောင်ပစ္စည်းများအတွက် ငွေပန်းတိမ်အလှဆင်မှုပြီးမြောက်စေရန် ဆက်လက်လုပ်ဆောင်သည်။






