Myanmar Traditional Tapestry

 
Myanmar Name: ရွှေချည်ထိုးလုပ်ငန်း
Other Name:
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location: Mandalay City, Mandalay. [မန္တလေးမြို့၊ မန္တလေးတိုင်း။]

Asset Information

  • Shwe Chi Htoe, or Myanmar Traditional Tapestry, is a royal art form and said to have flourished since the early Konbaung era, during the reign of King Alaungpaya. It is a craft that involves adorning clothing and accessories for the royal family and wealthy individuals with gold and silver threads, spangles, gems, and pearls, often in floral and vine patterns.

    Today, Shwe Chi Htoe is used for costumes and important decorative items worn during traditional ceremonies such as donation ceremonies, weddings, and theatrical performances. The craft remains a highly valuable part of Mandalay's cultural and artistic heritage. Although rare now, the royal Shwe Chi Htoe techniques and works of art passed down from the Yadanabon era are still being used in Mandalay to create clothing for novitiation ceremonies, as well as commemorative embroidered artifacts and various accessories.

    However, the craft is facing several challenges. Younger generations show little interest in learning it due to low income, and traditional materials are becoming difficult to find. As a result, artists are substituting them with Chinese nylon threads and plastic decorations. There is also a decline in demand for Shwe Chi Htoe artifacts and accessories in foreign markets, along with changing consumer interests. To ensure the survival of this art form, it is crucial to provide the necessary resources, financial support, and market development assistance.

    The process of creating a piece of gold embroidery involves several steps: mounting the frame, drawing the pattern, embroidering the threads, attaching spangles and beads, and finally, gluing and shaping. Artists are often responsible for drawing the initial designs.

    • Mounting the Frame: The fabric is sewn and stretched tautly onto a wooden frame.

    • Drawing the Pattern: An artist sketches the design onto the fabric.

    • Embroidering: Gold thread, silver thread, beads, spangles, and other materials are meticulously sewn onto the fabric following the design.

    • Gluing and Shaping: After the embroidery is complete, a traditional glue made from sago flour is applied to the design. Cotton pieces are then added and sewn to create a shape or a uniform surface, and the small pieces of the design are secured to the base fabric.

  • ရွှေချည်ထိုးလုပ်ငန်းသည် တော်ဝင်အနုပညာတစ်ရပ် ဖြစ်သည်။ နန်းတွင်းမိသားစုများနှင့် သူဌေး သူကြွယ်များ၏ အသုံးအဆောင်နှင့် အဝတ်အထည်များတွင် ရွှေချည် ငွေချည်များ ၊ရွှေကြယ် ငွေကြယ် ကြေးကြယ်များ၊ ပုလဲ၊ ကျောက်များဖြင့် ပန်းနွယ် ပန်းခက်များပုံဖော်၍ တန်ဆာဆင်ထိုးရသည့် လုပ်ငန်းဖြစ်ပြီး အလောင်းမင်းတရားလက်ထက် ကုန်းဘောင်ခေတ်ဦးမှစ၍ ထွန်းကားခဲ့သည် ဟုဆိုသည်။

    ရိုးရာပွဲတော်များ၊ အလှူပွဲ၊ မင်္ဂလာ‌ဆောင်ပွဲများကဲ့သို့ အခမ်းအနားများ၊ ဇာတ်သဘင်ပွဲများတွင် ဝတ်ဆင်ကြသည့် ဝတ်စုံများနှင့် အရေးပါသော အလှဆင်ပစ္စည်းများတွင် ရွှေချည်ထိုးလက်မှုပစ္စည်းများကို အသုံးပြုကြသည်။ ရွှေချည်ထိုးလုပ်ငန်းသည် မန္တလေးမြို့၏ ယဉ်ကျေးမှုနှင့် လက်မှုအနုပညာ တန်ဖိုးမြင့်သော အစိတ်အပိုင်းတစ်ခုအဖြစ် ဆက်လက်ရှိနေသည်။ ရတနာပုံခေတ်မှ ထိန်းသိမ်းဆင့်ပွားလာခဲ့သော နန်းတော်ဝင် ရွှေချည်ထိုးပညာရပ်များနှင့် ရွှေချည်ထိုးလက်ရာများ ရှားပါးလာသော်လည်း တစ်ဖက်တွင် ဘော်ကြယ်၊ ရွှေကြိုးငွေကြိုးများဖြင့် ပြုလုပ်သော အလှူမင်္ဂလာသုံးရှင်ပြုနားသဝတ်စုံများ၊ အမှတ်တရလက်ဆောင် ရွေချည်ထိုးပန်းချီကားများနှင့် အသုံးအဆောင်ပစ္စည်းများကိုမူ မန္တလေးမြို့တွင် လုပ်ကိုင်နေကြဆဲဖြစ်သည်။

    ရွှေချည်ထိုးလုပ်ငန်းသည် လူငယ်များ၏ စိတ်ဝင်စားမှုနည်းပါးခြင်း၊ ဝင်ငွေနည်းသောကြောင့် လုပ်ကိုင်သူနည်းပါးလာခြင်း၊ ရိုးရာပစ္စည်းများ ရရှိရန်ခက်ခဲခြင်းကြောင့် တရုတ်နိုင်လွန်ချည်များ၊ ပလတ်စတစ်အလှဆင်ပစ္စည်းများကို အစားထိုးအသုံးပြုနေရခြင်း၊ ရွှေချည်ထိုးပန်းချီကားများ၊ အသုံးအဆောင်ပစ္စည်းများကို နိုင်ငံခြားဈေးကွက်သို့ တင်ပို့ခြင်းနည်းပါးလာပြီး ဈေးကွက်ပြောင်းလဲမှုနှင့် သုံးစွဲသူစိတ်ဝင်စားမှု လျော့နည်းခြင်း စသည့် အခက်အခဲများကို ကြုံတွေ့နေရသည်။ ရွှေချည်ထိုးလုပ်ငန်းတိုးတက်မှုအတွက် လိုအပ်သော အရင်းအမြစ်များ၊ ငွေကြေးပံ့ပိုးမှုများ၊ စျေးကွက်ဖော်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန် အထူးလိုအပ်နေပါသည်။

    ရွှေချည်ထိုးလုပ်ငန်းအဆင့်များမှာ ကား‌ဘောင်ကြပ်ခြင်း၊ ပုံရေးအကွက်ဖော်ခြင်း၊ ရေဆေးကိုင်ခြင်း၊ ချ‌ည်ထိုးခြင်း၊‌ ဘော်ကြယ်၊ ပုတီးစေ့ထိုးခြင်းနှင့် ကော်ကပ်ပုံဖော်ခြင်းတို့ဖြစ်ပြီး၊ ပညာရှင်များမှ ပန်းချီရေးဆွဲခြင်းကို တာဝန်ယူကြသည်။

    • ကားဘောင်ကြပ်ခြင်း - ပထမဆုံး ပိတ်စကို ချုပ်ကာ သစ်သားဘောင်သို့ တင်းကျပ်စွာ တပ်ဆင်ခြင်းဖြစ်သည်။

    • ပုံရေးအကွက်ဖော်ခြင်း - ပန်းချီပညာရှင်မှ ရွှေချည်ထိုးရန်ပန်းချီပုံကို ပိတ်စပေါ်တွင် ရေးဆွဲခြင်း။

    • ချည်ထိုးခြင်း - ရွှေချည်၊ ငွေချည်၊ ဗူးနွယ်၊ ဘော်ကြယ်၊ ပုတီးစေ့ စသည်တို့ကို အသုံးပြု၍ ပန်းချီပုံအတိုင်း သပ်ရပ်စွာ ချည်ထိုးခြင်း။

    • ကော်ကပ်ပုံဖော်ခြင်း - ချည်ထိုးပြီးသောပုံကို သာကူမှုန့်ဖြင့်ပြုလုပ်သော ရိုးရာကော်ဖြင့် တင်းကျပ်စွာ ကပ်ခြင်း။ ဂွမ်းထည့်ပြီး ညီညာအောင် ချုပ်ခြင်း၊ ပုံကလေးများ အောက်ခံပိတ်နှင့် ကပ်နေစေရန် ချုပ်ပေးခြင်းတို့ဖြစ်ပါသည်။

Previous
Previous

Kamava (Buddha Manuscript)

Next
Next

Eain Taw Yar Hti (Umbrella)