Shwe Yan Pyay Monastery: Mural Glass Paintings

 
Myanmar Name: အင်းလေး ကြာချည်လုပ်ငန်း
Other Name:
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ]
Location: Shwesaryan Pagoda Compound, Thaton, Mon State.
Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း]

Asset Description

  • The Shwe Yan Pyay Pagoda, built by Saopha Saw Ohn, showcases remarkable architecture and artistic craftsmanship. Its interior boasts over 100-year-old glass mosaic paintings, with small stupas and Buddha images adorning all four walls.

    These intricate glass mosaic paintings are created with gold leaf outlines on a red background, or with red, blue, white, and green mosaic outlines on a gilded gold background. Beneath the glass mosaics, colorful outlines are painted on Mong Kung (Shan) paper, which serves as a backing.

    The glass mosaic wall paintings at Shwe Yan Pyay Pagoda are a testament to the social and religious devotion of the Nyaungshwe region during the Yadanarbon period (Konbaung Dynasty 1857-1885). These artworks are particularly notable among Burmese glass mosaic wall paintings due to their Konbaung Dynasty origin and their depiction of various ethnic groups. The uppermost level predominantly illustrates the jataka stories of the Buddha, while lower sections feature other illustrative scenes.

    Shwe Yan Pyay Pagoda is one of the most distinctive pagodas built by Saopha Saw Ohn and is a significant place of worship for the local community's religious faith. The "Shwe Yan Pyay Pagoda Alm Offering and New Year Festival" is held annually, attracting attendees from nearby villages. As of March 2025, parts of this historical site have sustained earthquake damage and are in urgent need of preservation.

  • ရွှေရန်ပြေဘုရားသည် စော်ဘွား စောအုံတည်ထားကိုးကွယ်သော ဘုရားတစ်ဆူအဖြစ် ပြီး ဘုရားအတွင်းတွင် တစ်ရာနှစ်ကျော်ကြာသက်တမ်းရှိသည့် မှန်စီရွှေချပန်းချီများကို တွေ့နိုင်သည်။ အတွင်းနံရံတစ်လျှောက် လေးဘက်လုံးတွင် သေးငယ်သော စေတီပုထိုးများ၊ ရုပ်ပွားတော်များ တည်ဆောက်ထားပြီး ထိုနံရံများပေါ်တွင် ထိုးထွင်းဖော်ထားသည့် မှန်စီရွှေချပန်းချီများနှင့် ပေါင်းစပ်လက်ရာများက ဘုရားတော်၏ အထူးတလည်အံ့ဩစရာ ဗိသုကာနှင့်ပန်းချီလက်များ ဖြစ်သည်။

    နံရံဆေးရေးပန်းချီလက်ရာများသည် အနီခံပေါ်တွင် ရွှေရောင်မှန်စီရွှေချ ကောက်ကြောင်းဖြင့် လည်းကောင်း၊ ရွှေပိန်းချထားသည့် ရွှေရောင်ခံပေါ်တွင် အနီရောင်၊ အပြာရောင်၊ အဖြူရောင်၊ အစိမ်းရောင် မှန်စီကျောက်ကောက်ကြောင်းများဖြင့်လည်းကောင်း ရေးဆွဲခြယ်မှုန်းထားပြီး မှန်စီရွှေချထားသည့်အတွင်း မှန်ကွက်အောက်တွင် မိုင်းကိုင်စက္ကူခံပြီး ဆေးရောင်စုံကောက်ကြောင်းဖြင့် ရေးခြယ်ထားပါသည်။

    ရွှေရန်ပြေဘုရားမှ မှန်စီရွှေချနံရံဆေးရေးပန်းချီ အနုပညာလက်ရာများတွင် ရတနာပုံခေတ် ( ၁၈၅၇-၁၈၈၅ ခုနှစ်) ညောင်ရွှေဒေသရှိ လူမှုရေးနှင့် ဘာသာရေး ကိုင်းရှိုင်းမှု သရုပ်ဖော်ပြနေသော လက်ရာများပင်ဖြစ်ပေသည်။ ဤနံရံဆေးရေးပန်းချီများသည် မြန်မာ့မှန်စီရွှေချ နံရံဆေးရေး အနုလက်ရာများဖြစ်သည့် ပန်းချီလက်ရာများအနက် တိုင်းရင်းသားလူမျိုး သရုပ်ဖော်ပုံများ ပါဝင်သော ရတနာပုံခေတ်လက်ရာများ ဖြစ်ကြပေသည်။ ပထမအပေါ်ဆုံးအဆင့်တွင် ဗုဒ္ဓဝင်ဇာတ်ကြောင်းကို အဓိကရေးခြယ်ပြီး အောက်ခြေတွင် အခြားသော သရုပ်ဖော်ပုံများကိုလည်း ရေးခြယ်ထားကြောင်း တွေ့ရှိရသည်။

    ရွှေရန်ပြေဘုရားသည် ညောင်ရွှေစော်ဘွား စောအုံ တည်ဆောက်ခဲ့သည့်ဘုရားများအနက် ထူးခြားဆုံးတစ်ခုဖြစ်ပြီး ဒေသခံများ၏ သာသနာယုံကြည်မှု၊ ကိုးကွယ်ထိုက်သည့် နေရာတစ်ခုအဖြစ် အရေးကြီးသည်။ လက်ရှိတွင်လည်း “ရွှေရန်ပြေ ဘုရားဆွမ်းတော်ကြီး ဘုရားတာတက်ပွဲ” ကို နှစ်စဉ်ကျင်းပပြီး အနီးနားရွာများမှ လာရောက်ပူဇော်ကြသည်။ မတ်လ ၂၀၂၅ ခုနှစ် မြေငလျင်ဒဏ်ကြောင့် အဆောက်အဦအချို့ ပျက်စီးနေသည်။ အရေးပေါ် ထိန်းသိမ်းစောင့်ရှောက်ရန်လိုအပ်နေသော သမိုင်းဝင် နေရာတစ်ခု ဖြစ်ပါသည်။

Previous
Previous

Shwe Yan Pyay Monastery

Next
Next

Mway Taw Kakku Pagoda Complex