Mway Taw Kakku Pagoda Complex
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Kakku pagoda complex, a historically significant heritage site, features 2,478 stupas concentrated within one square mile. The main pagoda is known by several names, including Mway Taw, Shwe Wet Ku, Shwe Wet Gu, Thet Tu, and Shwe Gu Gyi.
Standing over 40 meters high, the tallest pagoda showcases ancient carvings and ornamental designs on the stupa walls. The stucco work at Kakku mirrors that found in nearby pagodas at Samka, Nam Sis, and Inn Tain.
Kakku holds deep religious significance and is a place of worship for the Pa'O ethnic group and many other local ethnic groups. While renovations have led to the loss of much original work, a few ancient carvings still remain.
The annual Kakku Pagoda Festival, held in mid-March, is a significant event for the Pa'O people, showcasing their rich cultural heritage. This vibrant festival features traditional Pa'O dances, songs, and dance competitions, alongside a diverse array of traditional foods. Neighboring ethnic groups, including the Shan, Intha, and Danu, also actively participate, contributing to the festival's unique atmosphere. With its religious ceremonies and cultural displays, the Kakku Pagoda complex stands as a prominent cultural heritage site.
Despite ongoing preservation efforts against natural disasters, only a fraction of the original artistic designs at the site has endured.
-
ကက္ကူစေတီစုသည် စေတီပုထိုးများ စုစုပေါင်း (၂၄၇၈) ဆူကို တစ်မိုင်အကျယ်အဝန်းတွင် တစ်စုတစ်ဝေးတည်း တည်ထားသည့် စေတီစုဖြစ်ပါသည်။ ကက္ကူစေတီတော်ကို မွေတော်ဘုရား၊ ရွှေဝက်ကူဘုရား၊ ရွှေဝက်ဂူဘုရား၊ သက်တူဘုရား၊ ရွှေဂူကြီးဘုရား စသည်ဖြင့် အမျိုးမျိုးအမည်ခေါ်တွင်ကြသည်။
အကြီးဆုံး စေတီတော်၏ အမြင့်မှာ မီတာ ၄၀ ကျော်ရှိပြီး စေတီတော်များ၏ နံရံများတွင် ရှေးခေတ်ပန်းပုကနုတ်လက်ရာများကို တွေ့နိုင်သည်။ ကက္ကူဘုရားရှိ အင်္ဂတေလက်ရာများမှာ စကားဘုရား၊ နမ့်စစ်နှင့် အင်းတိန်ဘုရားများမှ လက်ရာများနှင့်ဆင်တူပါသည်။ ကက္ကူ၊ နမ့်စစ်နှင့် စကားဘုရားများမှာ အနီးပတ်ဝန်းကျင်တွင် ရှိကြပါသည်။
ကက္ကူစေတီပုထိုးစုသည် ပအိုဝ့်တိုင်းရင်းသားများအတွက်သာမက ဒေသခံတိုင်းရင်းသားအများစု၏ သာသနာယုံကြည်မှုနှင့် ကိုးကွယ်ရာနေရာအဖြစ် အလွန်အရေးကြီးသော သမိုင်းဝင်အမွေအနှစ်တစ်ခုဖြစ်သည်။ ပြုပြင်မွမ်းမံမှုများကြောင့် မူရင်းအတိုင်း မကျန်တော့ဘဲ ရှေးလက်ရာ အနည်းငယ်သာ ကျန်တော့သည်။
ပအိုဝ့်တိုင်းရင်းသားတို့သည် ကက္ကူဘုရားပွဲတော်ကို မတ်လလယ်တွင် နှစ်စဉ်ကျင်းပ၍ သားစဉ်မြေးဆက် ယဉ်ကျေးမှုများကို ထိန်းသိမ်းလျက် ရှိကြသည်။ ပွဲတော်ကာလအတွင်းတွင် ပအိုဝ့်ရိုးရာအကများ၊ ရိုးရာသီချင်းများ၊ အကပြိုင်ပွဲများနှင့် ရိုးရာအစားအစာများကို ပြုလုပ်ကြပြီး အနီးအနားရှိ တိုင်းရင်းသားများ (ရှမ်း၊ အင်းသား၊ ဓနု စသည်တို့) လည်း ပါဝင်ဆင်နွှဲကြသည်။ ထိုကဲ့သို့ သာသနာယဉ်ကျေးမှုနှင့် ရိုးရာဓလေ့အလှပြပွဲများကြောင့် ကက္ကူစေတီပုထိုးစုသည် ယဉ်ကျေးမှုအမွေအနှစ် နေရာတစ်ခုအဖြစ် ထင်ရှားပါသည်။
သဘာဝဘေးအန္တရာယ်များကြောင့် ပြုပြင်ထိန်းသိမ်းထားကြသော်လည်း ရှေးမူလက်ရာများ အနည်းငယ်သာ ကျန်ခဲ့သည်ကို တွေ့ရပါသည်။