Thiri Mingalar Shwe Chan Thar Mway Taw Pagoda
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
Based on historical records, the Thiri Mingalar Shwe Chan Thar Mway Taw Pagoda is a historical stupa built for the propagation of Buddhism around 1282 AD (664 ME) by the descendants of the local ruler, Ngabo San. On the pagoda's platform, various architectural styles of smaller stupas, reclining Buddha statues, and architectural glass mosaics can be found. Additionally, there are mural paintings and Buddha images. The main stupa is surrounded by many smaller stupas, and their design is similar to other stupa complexes in Shan State.
The pagoda is deeply revered by the local ethnic population, having been preserved and maintained by the town's people for generations. It features Buddha images with unique postures and styles, including a woven bamboo Buddha and an ogre-guarded Buddha, with reclining Buddhas situated in the four cardinal directions. Furthermore, the tradition of erecting a decorated banner pole on the pagoda's platform, in accordance with Shan customs, is a unique and prominent feature.
The pagoda also hosts annual events such as the Hopong Tazaungdaing Festival, the Mway Taw Tabaung Festival, traditional lighting ceremonies, and traditional fire festival, which demonstrate the local community's reverence, faith, and cultural traditions.
In 2025, the pagoda suffered damage from an earthquake, which has created difficulties for its preservation. However, local residents are actively working on repairs.
-
သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးမှာ ခရစ်နှစ် ၁၂၈၂ (ကောဇာသက္ကရာဇ် ၆၆၄) ခန့်တွင် မြို့စားကြီး ငဘိုဆန်၏ သားမြေးများမှ သာသနာပြန့်ပွားရေးအတွက် တည်ထားခဲ့သည့် သမိုင်းဝင်စေတီတစ်ဆူဖြစ်သည်ဟု မှတ်တမ်းများမှ သိရသည်။ ဘုရားစေတီရင်ပြင်ပေါ်တွင် စေတီငယ်များ၏ ဗိသုကာ ပုံစံအမျိုးမျိုး၊ လျောင်းတော်မူ ရုပ်ပွားတော်များ၊ မှန်စီရွှေချထားသော စေတီဗိသုကာလက်ရာများကို တွေ့နိုင်ပါသည်။ ထို့အပြင် နံရံဆေးပန်းချီများနှင့် ရုပ်ပွားတော်များကိုတွေ့နိုင်ပါသည်။ စေတီတော်ကြီးအား အရံစေတီများစွာဖြင့် ဝန်းရံတည်ဆောက်ထားပါသည်။ ရှမ်းပြည်နယ်အတွင်းရှိ စေတီစုများ၏ လက်ရာနှင့်ဆင်တူပါသည်။
ဘုရားကြီးသည် ဒေသခံတိုင်းရင်းသားများအတွက် အထွတ်အမြတ်ထားသည့် ကိုးကွယ်ယုံကြည်ရာနေရာဖြစ်ပြီး၊ အစဉ်အဆက် မြို့နေလူထုတို့၏ လက်ဆင့်ကမ်းထိန်းသိမ်းမှုကြောင့် ယနေ့အထိ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။ ရုပ်ပွားတော်များသည် တစ်ဆူနှင့်တစ်ဆူ ကိုယ်နေဟန်ထားနှင့် မတူသည့် ပုံစံလက်ရာများရှိသည်။ ထို့အပြင် နှီးဖြင့်ရက်လုပ် လှူထားသည့် ရုပ်ပွားတော်၊ ဘီလူးစောင့်ဘုရားများအပြင် အရပ်လေးမျက်နှာတွင် တည်ထားသည့် လျောင်းတော်မူဘုရားများအား တွေ့နိုင်ပါသည်။ ထို့အပြင် ရှမ်းတိုင်းရင်းသားရိုးရာဓလေ့အတိုင်း စေတီရင်ပြင်၌ တံခွန်တိုင်ထူထားခြင်းသည်လည်း ထူးခြားသည့်လက်ရာတစ်ခုအဖြစ် ထင်ရှားသည်။ ဟိုပုံးတန်ဆောင်တိုင်ပွဲ၊ မွေတော်တပေါင်းပွဲ၊ ရိုးရာမီးထွန်းပွဲနှင့် သျှားမီးပူဇော်ပွဲများကို ဘုရားတွင် နှစ်စဉ်ကျင်းပပြီး ဒေသခံလူထု၏ တန်ဖိုးထားမှု၊ ယုံကြည်မှုနှင့် ယဉ်ကျေးမှုဆိုင်ရာ ဓလေ့များရှိသော စေတီဖြစ်ပါသည်။
၂၀၂၅ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်မှုအခက်အခဲများ ကြုံတွေ့ရသည်။ ဒေသခံများမှ ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်နေပါသည်။