Pindaya Shwe Oo Min Pagoda
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Shwe Oo Min Natural Cave Pagoda, a historical site, is believed to have been founded by King Asoka and later renovated by King Alaungsithu. This natural limestone cave is distinguished by its numerous stalactites, stalagmites, and stone pillars.
Inside the cave, a vast collection of Buddha statues from various eras and artistic styles can be observed. The distinct designs of their robes offer a unique opportunity for study. Additionally, the cave houses lacquered Buddha images and statues that originated from other countries.
The Pindaya Cave is a prominent tourist destination in Southern Shan State. It serves as a significant place of faith for the local community and continues to attract both visitors and pilgrims.
Preservation of this site is crucial due to the cave's natural structure and the age of its ancient artworks. Fortunately, the recent earthquake caused only minor damage. The unwavering faith and pride of the local community ensure the continued maintenance and cherished status of this historical heritage site.
-
ရွှေဥမင်သဘာဝလိုဏ်ဂူဘုရားသည် အသောကမင်းကြီး တည်ထားခဲ့ပြီး၊ အလောင်းစည်သူမင်းကြီးက ဆက်လက်မွမ်းမံထားသည့် သမိုင်းဝင်ဘုရားတစ်ဆူဖြစ်သည် ဟုဆိုပါသည်။ ဤလိုဏ်ဂူသည် သဘာဝကျောက်စက်ပန်းဆွဲများ၊ ကျောက်စက်မိုးမျှော်များ၊ ကျောက်တိုင်များစွာရှိသော သဘာဝထုံးကျောက်လှိုဏ်ဂူဖြစ်ပါသည်။
ဂူထဲတွင် ဗုဒ္ဓရုပ်ပွားတော်များစွာကို ခေတ်အဆက်ဆက် လက်ရာများဖြင့် တွေ့နိုင်ပါသည်။ ဆင်းတုတော်များ၏ သင်္ကန်းဒီဇိုင်းများကိုပင် သီးသန့် လေ့လာနိုင်ပါသည်။ ထို့အပြင် ဂူအတွင်း သစ်စေးသုတ်ထားသည့် ဘုရားများနှင့် ပြင်ပနိုင်ငံမှ သယ်ယူလာသည့် ရုပ်ပွားတော်များလည်း တည်ရှိနေသည်။
ပင်းတယလှိုဏ်ဂူသည် ရှမ်းပြည်တောင်ပိုင်းသို့ လာရောက်လည်ပတ်သူများအတွက် လည်ပတ်ရာ နေရာတစ်ခုလည်းဖြစ်ပါသည်။ ယနေ့အချိန်တွင်လည်း ဤဂူသည် ဒေသခံများ၏ သမ္မာယုံကြည်မှုအတွက် အဓိကနေရာယူထားသည့်အပြင် အလည်အပတ်ခရီးသွားများ၊ ဘုရားဖူးပရဟိတယဉ်ကျေးမှုအတွက် အဆက်မပြတ် ဆွဲဆောင်မှုဖြစ်နေသည်။
သဘာဝလိုဏ်ဂူ၏ ဖွဲ့စည်းပုံ၊ သက်တမ်းရှည်လျားသည့် ရှေးလက်ရာများကြောင့် ထိန်းသိမ်းစောင့်ရှောက်ရန် အရေးကြီးပြီး၊ လတ်တလောတွင် မြေငလျင်ကြောင့် ထိခိုက်မှုအနည်းငယ်သာရှိပြီး ဒေသခံများ၏ ယုံကြည်မှုနှင့် ဂုဏ်ယူမှုများကြောင့် ဆက်လက်တည်ရှိနေသည့် အမွေအနှစ်တစ်ခုဖြစ်သည်။