Taunggyi Tazaungdaing Hot Air Balloon Making
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Taunggyi Tazaungdaing Hot-Air Balloon Festival, an integral part of the Tazaungdaing festival, takes place at the Awayar Field in Taunggyi. Its origins trace back to approximately 1941, initiated by Sayadaw U Hta of Kuntha Monastery, U Chit, and U Pho Yee. Today, this tradition is upheld by local balloon specialists, pyrotechnic experts, and various community members.
The festival features three primary balloon categories: Nya Mee Kyi (large night balloons), Sein Na Pan, and Daytime Balloons with figures. Nya Mee Kyi balloons are grand in scale and incorporate fireworks and pyrotechnics for a visually stunning exhibition. Sein Na Pan balloons, adorned with small candles, offer a more tranquil and elegant display. Daytime Balloons are recognized for their distinctive animal figures crafted from paper. In adherence to tradition, balloon-making teams present their team names to the spirit shrines of "Ah Ba Ko Myo Shin" and "Ah May Palè Yin."
While local teams and communities endeavor to preserve this tradition, its future is challenged by economic pressures, societal shifts, and a diminishing interest among younger generations.
Nya Mee Kyi (Large Night Balloon)
Constructing a large night balloon requires approximately 1,000–1,200 sheets of Shan paper. The balloon's structure comprises three components: the Top Circle (upper section), the Body (middle section), and the Bottom Circle (where the wick and fuel are attached).
Making Process
Cut the Shan paper meticulously into uniform 22-inch sheets.
Glue the paper sheets together in a vertical row to create a top circle that is about 25 feet in circumference.
Attach 44–45 support ropes to the balloon for durability.
Punch a hole in the bottom circle where the wick and fuel will be placed and attach a bamboo ring.
Decorate the balloon with coloured, gold, and silver paper, or by painting designs. Only water-based paints are used so as not to affect the balloon's durability.
Glue small sheets of paper on the inside in a crisscross pattern to strengthen the balloon.
Directly connect the bottom circle, body, and top circle to complete the balloon, which is then ready for launch.
Sein Na Pan
In ancient times, the Sein Na Pan balloon was known as "Mee Na Than" and "Sein Na Than." The name "Sein Na Pan" came about because the bamboo hooks used to attach the smaller lanterns resembled the shape of an ear.
The balloon’s structure and size are: Top Circle - The diameter has increased from 16 feet in the past to 18 feet today; Body - 16 feet wide and 54 feet long; Bottom Circle - 18 feet in diameter, matching the top circle. The design is shorter and more compact than the large night balloon. This prevents it from rising too quickly and ensures that the suspended small lanterns remain undamaged.
The balloon's design features an 18-foot diameter top and bottom circle, with a body that is 16 feet wide and 54 feet long. This structure represents an increase in the top circle's diameter from the previous 16 feet to the current 18 feet. Compared to the Nya Mee Kyi balloon, this design is more compact and shorter. This intentional sizing prevents rapid ascent and protects the suspended small lanterns from damage.
Unique Features
The body of the balloon is adorned with small, suspended lanterns that depict images of the Buddha, various illustrations, or text.
Unlike other balloons, the Sein Na Pan is not decorated with paint or colored paper. Instead, its serene beauty is created by the soft light from the colorful small lanterns and candles.
The small lanterns are about 3 inches in diameter and 4 inches high, each containing a lit candle.
They are attached with threads to prevent the flame from spreading to the main balloon's body.
The Sein Na Pan balloon is often used for a variety of occasions, including opening ceremonies for competitions, special events, government ceremonies, or to display business logos. It is a safer design that allows spectators to observe its beauty up close.
Daytime Balloons with Figures
Daytime balloons with figures have existed since the beginning of the Taunggyi Tazaungdaing balloon festival and have a very long history. In each annual competition, over 100 two-legged figures, over 80 four-legged figures, and over 50 group figures are launched. Initially, thin, almost transparent, oil paper (Chinese paper) was used. Later, larger figures began to be made with locally produced Shan paper.
Types of Figures
Two-legged figures: Birds like pigeons, chickens, sparrows, ducks, and parrots.
Four-legged figures: Animals like elephants, horses, buffalo, cows, tigers, pigs, turtles, rhinos, and frogs.
Group figures: Multiple balloons, such as a group of three ducks, five turtles, or ten frogs are launched at the same time.
The Making Process
First, a sketch of the desired figure is drawn, and paper is cut and glued together according to the exact measurements.
The figure is shaped by cutting and gluing together separate paper components for the head, body, and chest. This process is called "Lyar Htoe" (tongue and groove).
For birds, wings and tails are carefully shaped. For animals, legs are meticulously crafted.
Once the figure is fully formed, it is painted with eyes, fur, and various colours to bring it to life.
A small amount of hot air is used to test whether the balloon can lift off the ground.
-
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပြုလုပ်ခြင်းသည် တောင်ကြီးမြို့နယ် အဝေရာ မီးပုံးပျံကွင်းတွင် ကျင်းပသည့် တန်ဆောင်တိုင်ပွဲတော်၏ အဓိကအစိတ်အပိုင်းဖြစ်ပြီး ၁၉၄၁ ခုနှစ်ကာလတွင် ကုန်းသာဘုန်းကြီးကျောင်းဆရာတော် ဦးထာ၊ ဦးချစ်၊ ဦးဘိုးရီ တို့က စတင်ဖန်တီးခဲ့သည်။ ယခုအချိန်တွင် ဒေသခံမီးပုံးပျံပညာရှင်များ၊ ယမ်းဆရာများနှင့် ရပ်ကွက်အသီးသီးမှ ပြည်သူများက ဆက်လက်လက်ဆင့်ကမ်းပြုလုပ်လျက်ရှိသည်။
မီးပုံးပျံများတွင် ညမီးကြီး၊ စိန်နားပန်၊ နေ့လွှတ်အရုပ် အမျိုးအစားသုံးမျိုးပါဝင်ပြီး ညမီးကြီးသည် ကြီးမားပြီး ယမ်းအလှပညာကို အသုံးပြုကာ အမြင်အာရုံဆွဲဆောင်မှုရှိသည့် အနုပညာဖြစ်သည်။ စိန်နားပန်သည် ဖယောင်းတိုင်ငယ်များနှင့် အလှဆင်ထားကာ တည်ငြိမ်အေးချမ်းသည့်အလှတရားကို ဖော်ဆောင်သည်။ နေ့လွှတ်အရုပ်များသည် စက္ကူဖြင့် တိရစ္ဆာန်ပုံများကို ထူးခြားစွာပုံဖော်နိုင်ခြင်းဖြင့် ထင်ရှားသည်။ ဤပွဲတော်နှင့် ဆက်စပ်၍ မီးပုံးပျံပြုလုပ်သည့်အဖွဲ့များသည် “အဘကိုးမြို့ရှင်” နှင့် “အမေပုလဲယဉ်” နတ်နန်းများတွင် အဖွဲ့အမည်များကို ပေးအပ်၍ ပူဇော်ပသကြသည်။
ယခုအချိန်တွင် မီးပုံးပျံပြုလုပ်မှုကို ဒေသခံအဖွဲ့များနှင့် ပြည်သူများက ဆက်လက်လက်ဆင့်ကမ်းပြုလုပ်လျက်ရှိသော်လည်း စီးပွားရေးပြဿနာ၊ လူမှုရေးအခြေအနေပြောင်းလဲမှုနှင့် မျိုးဆက်သစ်များ၏ စိတ်ဝင်စားမှုနည်းခြင်းကြောင့် ဆက်လက်တည်တံ့မှုအတွက် စိန်ခေါ်မှုများရှိနေသည်။
ညမီးကြီး မီးပုံးပျံ
ညမီးကြီး မီးပုံးပျံ ပြုလုပ်ရန် ရှမ်းစက္ကူ ၁၀၀၀–၁၂၀၀ ရွက်ခန့် လိုအပ်သည်။ ၎င်း၏ ဖွဲ့စည်းပုံမှာ ခေါင်အဝိုင်း (အပေါ်ပိုင်း)၊ ကိုယ်ထည် (အလယ်ပိုင်း) နှင့် အောက်အဝိုင်း (မီးစာတပ်ရာနေရာ) တို့ပါရှိသည်။
လုပ်ငန်းစဉ်
ရှမ်းစက္ကူများကို ၂၂ လက်မ အရွယ်အစားဖြင့် တိကျညီညာစွာ ဖြတ်ကပ်ခြင်း။
ခေါင်အဝိုင်း ၂၅ ပေခန့် ရှိရန် စက္ကူများကို တစ်ရွက်နဲ့ တစ်ရွက် ဆက်ကပ်သည့် ရွက်တန်းဆက် လုပ်ခြင်း။
ကြံ့ခိုင်စေရန် ကြိုး ၄၄–၄၅ ကြိုး ထည့်ကပ်ခြင်း (ကြိုးထိန်း လုပ်ခြင်း)။
အောက်အဝိုင်းတွင် မီးစာတပ်ရာ အပေါက်ဖောက်ပြီး ဝါးခွေ (ဒွါရခွေ) တပ်ခြင်း။
အလှဆင်ရာတွင် အရောင်စက္ကူ၊ ရွှေငွေရောင် စက္ကူများကို ကပ်ခြင်း သို့မဟုတ် ပန်းချီဆွဲခြင်း။ မီးပုံးခံနိုင်စွမ်း မထိခိုက်စေရန် ရေဆေးသာ အသုံးပြုသည်။
အတွင်းဖက်မှ စက္ကူသေးငယ်များကို ထပ်ကပ်၍ ခိုင်ခံ့စေရန် ခရော့ရိုက် လုပ်ခြင်း။
အောက်အဝိုင်း–ကိုယ်ထည်–ခေါင်အဝိုင်း တိုက်ရိုက် ဆက်ပြီးနောက် “မီးပုံးပျံလုံး” တစ်လုံး ပြီးစီးကာ လွှတ်တင်နိုင်သော အဆင်သင့် ဖြစ်သွားသည်။
စိန်နားပန် မီးပုံးပျံ
စိန်နားပန် မီးပုံးပျံကို ရှေးခေတ်တွင် မီးနားသံ၊ စိန်နားသံ ဟု ခေါ်ခဲ့ကြပြီး၊ မီးပုံးချိတ်ရာ ဝါးကောက်များသည် နားရွက်ပုံစံသဏ္ဌာန် ဖြစ်သဖြင့် “စိန်နားပန်” ဟု အမည်ပေါ်လာခဲ့သည်။ ၎င်း၏ ဖွဲ့စည်းပုံနှင့် အရွယ်အစားမှာ ခေါင်းအချင်းသည် ယခင် ၁၆ပေရှိခဲ့ပြီး ယခုအခါ ၁၈ပေ အထိရှိလာသည်။ ကိုယ်ထည်သည် အနံ ၁၆ပေ၊ အလျား ၅၄ပေ ရှိပြီး အောက်အဝိုင်းမှာ ခေါင်းအချင်းအတိုင်း ၁၈ပေ ဖြစ်သည်။ ပုံစံအားဖြင့် ညမီးကြီးထက် ပုပြီးတိုသောပုံစံဖြင့် လွှတ်တင်စဉ် အမြန်မကြီးစေရန် နှင့် ချိတ်ဆွဲထားသော မီးပုံးငယ်များ အလှမပျက်စေရန် ဖန်တီးထားသည်။
ထူးခြားချက်
ကိုယ်ထည်တွင် ဘုရားပုံ၊ သရုပ်ဖော်ပုံ၊ စာတမ်းများကို မီးပုံးငယ်များနှင့် ချိတ်ဆွဲပုံဖော်ထားသည်။
အလှဆင်မှုတွင် ဆေးပန်းချီ သို့မဟုတ် အရောင်စက္ကူများ မသုံးဘဲ၊ ရောင်စုံမီးပုံးငယ်များ နှင့် ဖယောင်းတိုင်အလင်းများ ဖြင့် အေးဆေးတည်ငြိမ်သောအလှကို ဖန်တီးသည်။
မီးပုံးငယ်များသည် အချင်း ၃ လက်မ၊ အမြင့် ၄ လက်မ ခန့် ရှိပြီး ဖယောင်းတိုင်ထည့်ကာ ထွန်းညှိထားသည်။
မီးလောင်လျှင် ကိုယ်ထည် မကူးစက်စေရန် အပ်ချည်ကြိုးများဖြင့် ချိတ်ဆွဲထိန်းညှိထားသည်။
စိန်နားပန်မီးပုံးပျံကို ပြိုင်ပွဲဖွင့်ပွဲ၊ နေ့ထူးနေ့မြတ်ပွဲများ၊ အစိုးရအခမ်းအနားများ၊ စီးပွားရေးလုပ်ငန်းများ၏ လိုဂို သို့မဟုတ် တံဆိပ်ဖော်ပြရန် များစွာအသုံးပြုသည်။ အန္တရာယ်နည်းပြီး အနီးကပ်ကြည့်ရှုနိုင်သည့် အလှပုံစံဖြစ်သည်။
နေ့လွှတ်အရုပ် မီးပုံးပျံ
တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲ စတင်ချိန်ကတည်းက ရှိလာခဲ့ပြီး သက်တမ်းအလွန် ရှည်လျားသည်။ နှစ်စဉ် ပြိုင်ပွဲတွင် – ခြေနှစ်ချောင်း အရုပ် ၁၀၀ ကျော်၊ ခြေလေးချောင်း အရုပ် ၈၀ ကျော်၊ အုပ်စုလိုက်အရုပ်များ ၅၀ ကျော် ပါဝင်လွှတ်တင်ကြသည်။ မူလက ရေပါးစက္ကူ၊ ဆီစိမ်စက္ကူ (တရုတ်စက္ကူ)များကိုအသုံးပြုပြီး နောက်ပိုင်းတွင် ဒေသထွက် ရှမ်းစက္ကူ ဖြင့် အရွယ်အစားကြီးမားသည့် အရုပ်များ ပြုလုပ်လာကြသည်။
အမျိုးအစား
ခြေနှစ်ချောင်း အရုပ်များ – ခို၊ ကြက်၊ ငှက်၊ ဘဲ၊ ကြက်တူရွေး စသည့် ငှက်ပုံများ
ခြေလေးချောင်း အရုပ်များ – ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ ကျား၊ ဝက်၊ လိပ်၊ ကြံ့၊ ဖား စသည့် တိရစ္ဆာန်ပုံများ
အုပ်စုလိုက်အရုပ်များ – ဥပမာ ဘဲ ၃ ကောင်၊ လိပ် ၅ ကောင်၊ ဖား ၁၀ ကောင် စသဖြင့် အုပ်စုလိုက် တစ်ပြိုင်တည်း လွှတ်တင်ခြင်း
ပြုလုပ်ပုံစဉ်
လွှတ်တင်လိုသော အရုပ်ပုံကို ကြိုတင်ရေးဆွဲပြီး အတိုင်းအတာအတိုင်း စက္ကူများကို ကပ်ခြင်း။
ဦးခေါင်း၊ ကိုယ်ထည်၊ ရင်အုပ် စသည်ဖြင့် အစိတ်အပိုင်းများကို စက္ကူဖြင့် ညှပ်ကပ်ကာ ပုံဖော်ခြင်း။ (ဤလုပ်ငန်းစဉ်ကို “လျှာထိုး” ဟုခေါ်သည်။)
ငှက်ပုံဆိုလျှင် တောင်ပံ၊ အမြီးများ၊ တိရစ္ဆာန်ပုံဆိုလျှင် ခြေထောက်များကို ထပ်မံ တိကျစွာ ပုံဖော်ခြင်း။
အရုပ်ကြွလာပြီး ပီပြင်လာပြီးနောက် မျက်လုံး၊ အမွှေးအမျှင်၊ အရောင်အသွေးများ ခြယ်သကြသည်။
လေပူထည့်၍ စမ်းသပ်ကာ ကောင်းကင်သို့ တက်နိုင်၊ မနိုင် စစ်ဆေးခြင်း (မှိုင်းစိမ်းထောင်/ကျွေး ဟုခေါ်သည်)။