Shan Paper Making
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Shan Paper Making industry is practiced throughout Shan State, particularly in the southern regions of Mong Kung, Mong Nawng, Pindaya, Heho, and the Inle area. This is a traditional, family-run business that uses only natural materials.
Shan paper, traditionally integral to cultural practices, serves various purposes, including crafting hot-air balloons for the Taunggyi Tazaungdaing Festival, creating offering parapaik (paper scrolls) for the Shan people, and producing decorative lanterns, umbrellas, and fans. Its versatility has also led to its use in contemporary creative art projects.
Despite its rich heritage and adaptability, the Shan paper industry faces a downturn. This decline is attributed to several challenges: waning interest among younger generations, a scarcity of raw materials due to fewer individuals harvesting and selling industrial hemp, limited market opportunities for finished products, and difficulties in organizing hot-air balloon festivals.
The process of making Shan paper involves several steps:
The bark of the industrial hemp (locally called "sa") is stripped and soaked in water for about two days.
The soaked bark is placed in a large pot, submerged in water, and boiled with firewood for about four hours.
The boiled pulp is then rinsed until the water runs clear.
The clean pulp is placed on a wooden block and pounded until it becomes a fine, smooth paste.
The pulp is then mixed with water in a bamboo container and stirred with a stick. A framed screen with a cloth bottom is submerged in the mixture, and the pulp is spread evenly across the screen. (Sometimes flower petals are added to the pulp for decoration.)
The surface is smoothed with a hand or stick to remove air bubbles and clumps of pulp. The screen is carefully lifted from the water, leaving a thin layer of pulp on the cloth.
The screen with the pulp is then left to dry in the sun.
Once dry, the sheet of paper is gently peeled off the screen.
-
ရှမ်းစက္ကူလုပ်ငန်းကို ရှမ်းပြည်နယ်အနှံ့တွင် လုပ်ကိုင်ကြပြီး ရှမ်းပြည်တောင်ပိုင်းတွင် မိုင်းကိုင်၊ မိုင်းနောင်၊ ပင်းတယ၊ ဟဲဟိုးနှင့် အင်းလေးဒေသတို့တွင် လုပ်ကိုင်ကြသည်။ မိရိုးဖလာ မိသားစုဝိုင်းဝန်းလုပ်ကိုင်သော လုပ်ငန်းဖြစ်သည်။ ရှမ်းစက္ကူမှာ သဘာဝပစ္စည်းများကိုသာ အသုံးပြုထုတ်လုပ်ထားသော ပစ္စည်းဖြစ်ပါသည်။
ရှမ်းစက္ကူကို တောင်ကြီးတန်ဆောင် တိုင်ပွဲတော်တွင် မီးပုံးပျံပြုလုပ်ရာတွင်လည်းကောင်း၊ ရှမ်းတိုင်းရင်းသားတို့၏ ပုရပိုက်လှူဒါန်းပူဇော်ရာတွင်လည်းကောင်း အလှမီးပုံးများပြုလုပ်ခြင်း၊ ရှမ်းစက္ကူထီး များပြုလုပ်ခြင်း ၊ ယပ်တောင်ပြုလုပ်ခြင်းများတွင်လည်းကောင်း အသုံးပြုလေ့ရှိကြပါသည်။ ယခုအခါ တီထွင်ဖန်တီးမှုဆိုင်ရာ အနုပညာလုပ်ငန်းအချို့တွင်လည်း အသုံးပြုကြသည်။
လူငယ်များ စိတ်ဝင်စားမှုနည်းပါးခြင်း၊ ကုန်ကြမ်းအတွက် လျှော်ပင်မှ လျှော်ထုတ်ယူရောင်းချသူ နည်းလာခြင်း၊ စျေးကွက် ရရှိမှုနည်းပါးခြင်း၊ မီးပုံးပျံပွဲကျင်းပမှု အခက်အခဲများရှိခြင်း တို့ကြောင့် ရှမ်းစက္ကူလုပ်ငန်းလုပ်ကိုင်မှုမှာ နည်းပါးလာပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်
ရှမ်းစက္ကူကို လျှော်ပင် (ဒေသအခေါ် ဆာပင်)၏အခေါက်ကိုခွာပြီး ၂ ရက်ခန့် ရေစိမ်ရပါသည်။
ရရှိလာသော ဆာခေါက်များကို ရေမြုပ်သည်အထိတည့်ပြီး ထင်းပြားဖြင့် ၄ နာရီခန့် ပြုတ်ရပါသည်။
ပြုတ်ထားသည်များကို ဆယ်ပြီး ရေကြည်သည့်အထိ ပြန်ညှစ်ရပါသည်။
ထိုပြုတ်ထားသောပျာဖတ်များကို သစ်သားတုံးပေါ်တင်၍ ညက်သည်အထိ ထုရပါသည်။
ထုထားသော ဆာခေါက်များကို ဝါးဘူးတွင်ထည့်၍ တုတ်ဖြင့်မွှေပြီး ပိတ်စဖြင့်ဘောင်ခတ်ထားသော ပုံစံခွက်တွင်ထည့်၍ ရေထဲတွင်နှစ်ကာ စက္ကူပျောဖတ်များကို နေရာအနှံ့ ဖြန့်ထားပေးရပါသည်။ ပျော့ဖတ်များ ရေတွင်ကျဲသွားပြီးနောက် ဖျင်စပေါ်တွင် မျက်နှာပြင်ညီစေရန် လက်(သို့မဟုတ်) တုတ်ချောင်းဖြင့် ညှိပေးရပါသည်။ (စက္ကူပျော့ဖတ်များ ထည့်ရာတွင် အလှဆင်ရန် ပန်းပွင့်မှ ပွင့်ဖတ်လေးများကိုလဲ ထည့်လေ့ရှိကြသည်။)
လေပူဖောင်းများနှင့် စက္ကူဖတ်အတုံးအလဲများကို ဖယ်ပြီး နောက်ဆုံးပုံစံခွက်ကို ရေထဲမှထုတ်လိုက်လျှင် စက္ကူပျော့ဖတ်များ ဖျင်စပေါ်တွင် ထင်ကျန်ခဲ့သည်။
စက္ကူပျော့ဖတ်များထည့်ထားသော ပုံစံခွက်ကို နေတွင်အခြောက်လှမ်းရပါသည်။
ခြောက်လာသောစက္ကူချပ်ကို ဝါးပုံစံခွက်မှ ဖြည်းဖြည်းချင်း ခွာလိုက်သည့်အခါ ရှမ်းစက္ကူကိုရရှိပါသည်။