Danu Traditional Umbrella Crafts
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Danu traditional umbrella-making craft is a long-standing, generational handicraft that has been practiced for a long time. Although it is a year-round business, production is busiest during the dry season. There are two main types of umbrellas: the "farmer's umbrella" and the "decorative umbrella." The farmer's umbrella is used as protection from the sun on farms and fields, while the decorative umbrella is used for decoration in hotels and restaurants. In the past, Buddhist monks also used these paper umbrellas.
The umbrellas come in various sizes. The smallest ones are made with Shan paper, while the largest ones are made by attaching cloth. The umbrella head, bamboo frame, and bamboo handle are all held together with banana sap, making the product entirely from natural materials. These traditional umbrellas are also used during the Thadingyut and Thingyan festivals, as well as for alms-offering ceremonies and religious rituals for monks.
Currently, the number of artisans in the Danu umbrella-making industry is declining due to difficulties in obtaining raw materials, a lack of interest among young people, and a shrinking market. Only a few people continue to practice the craft.
The materials used for making the umbrellas are Shan paper, bamboo, wood for the head, and persimmon sap. The steps for making an umbrella are as follows:
The bark of the industrial hemp is stripped and boiled with wood ash to create paper.
The boiled pulp is then pounded to create a paper-like material.
The paper is then dried in the sun.
Bamboo is split and used to make the frame and handle.
A circular piece of paper is attached to the frame with persimmon sap.
The final assembly is done to complete the umbrella.
-
ဓနုရိုးရာထီးလုပ်ငန်းသည် မိဘဘိုးဘွားအချိန်ကတည်းက ဆက်လက်လုပ်ကိုင်ခဲ့ကြသော ရှေးအစဉ်အဆက်ပြုလုပ်လာသော လက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး၊ တစ်နှစ်လုံးလုပ်ကိုင်ကြသော်လည်း ပွင့်လင်းရာသီများတွင် အလုပ်များလေ့ရှိသည်။ ထီးအမျိုးအစား (၂)မျိုးရှိပြီး တောင်သူထီးနှင့် အလှထီးဟုခေါ်သည်။ တောင်သူထီးကို တောင်ယာသွားသောအချိန်တွင် အမိုးတစ်ခုအနေဖြင့် အသုံးပြုကြပြီး၊ အလှထီးကို အလှဆင်ရန် ဟိုတယ်၊ စားသောက်ဆိုင်တို့တွင် အသုံးပြုကြသည်။ ထို့ပြင် ရှေးက ရဟန်းသံဃာတော်များလည်း ဤစက္ကူထီးကို သုံးစွဲကြသည်။
အရွယ်အစားအမျိုးမျိုးရှိပြီး သေးငယ်သောထီးများတွင် ရှမ်းစက္ကူကို အသုံးပြုကြ၍ အကြီးဆုံးထီးများတွင် ပိတ်စကပ်ကာ ပြုလုပ်ကြသည်။ ထီးပေါ်တွင် သစ်သားခေါင်း၊ ဝါးဖရိန်များနှင့် ဝါးထီးရိုးများအား ငှက်ပျောသီးရည်ဖြင့်ကပ်ထားပြီး သဘာဝပစ္စည်းများကို အသုံးပြုထားခြင်းဖြစ်သည်။ သီတင်းကျွတ်၊ သင်္ကြန်၊ ဆွမ်းလှူပွဲများ၊ ရဟန်းသံဃာ့ဝတ်ပြုခြင်းတို့တွင် ရိုးရာထီးကို အသုံးပြုလေ့ရှိကြသည်။
လက်ရှိတွင် ကုန်ကြမ်းရရှိမှု၊ လူငယ်များ၏ စိတ်ဝင်စားမှုနည်းပါးလာခြင်းနှင့် စျေးကွက် နည်းပါးလာခြင်းတို့ကြောင့် ဓနုရိုးရာထီးလုပ်ငန်းမှာ လုပ်ကိုင်သူနည်းပါးလာပါသည်။ အနည်းငယ်သာ ဆက်လက်လုပ်ကိုင်နေကြပါသည်။
ထီးလုပ်ရန် သုံးသောပစ္စည်းများမှာ ရှမ်းစက္ကူ၊ ဝါး၊ ထီးခေါင်းသစ်သား၊ တည်သီးရည်တို့ ဖြစ်သည်။ ထီးပြုလုပ်မှုအဆင့်များတွင် —
လျှော်ခေါက်များကို ခွာယူ၍ ထင်းပြာဖြင့် ပြုတ်ခြင်း
ထုခြင်းဖြင့် စက္ကူဖန်တီးခြင်း
နေလှန်းခြင်းဖြင့် ခြောက်သွေ့အောင်လုပ်ခြင်း
ဝါးခွဲ၍ ဖရိန်နှင့်ရိုး ပြုလုပ်ခြင်း
စက္ကူအဝိုင်းကို တည်သီးရည်ဖြင့်ကပ်ခြင်း
တပ်ဆင်ခြင်းများဖြင့် ထီးတစ်လက် ပြီးစီးပါသည်။