Drum Making (Pindaya & He Kae)
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Ozi (drum) making industry is carried out in the villages of Pindaya and Hekal as a traditional, handed-down craft. The main types of drums produced are the Shan ozi , Danu ozi, and Pa'O ozi. They also create custom drums upon request. The drums are sold in cities like Taunggyi, Yangon, Mandalay, and the Ayeyarwady Region.
Ozi drums are an essential part of religious ceremonies, Kathina donation events, Tazaungdaing festivals, and other traditional gatherings. During the annual Taunggyi Tazaungdaing Festival, ozi drum groups are a regular feature, performing for the hot-air balloon competition.
Ozi drums are crafted from teak and firewood timbers, oxhide, bamboo, and rope. The wooden bodies can be adorned with carved floral patterns and painted designs. The drum's clear, sharp sound is a result of the tightly stretched hide, a testament to the preservation of ethnic cultural traditions.
The crafting process is surrounded by cultural beliefs. According to custom, when a tree is felled for the drums, an offering of tea leaves, betel quid, and cigars is made to the tree spirit, requesting permission. Furthermore, a propitious day must be chosen to begin a drum, and respect and homage are paid to the master. Women are traditionally not allowed to touch the drums. Furthermore
While the ozi drum-making industry remains a primary livelihood for locals, it faces challenges to its survival due to a lack of young people interested in continuing the craft, difficulty in obtaining raw materials, and an overall decline in interest. Nevertheless, this craft is an important cultural heritage item that should be preserved. The Shan people, along with other ethnic groups like the Pa'O, Danu, Intha, and Palaung, have been actively innovating and creating new designs based on the original form.
Crafting a single drum is a meticulous process that spans at least 10 days, primarily utilizing teak, jackfruit, or kapok wood, and ox hide. The steps involved include:
The wooden body is initially shaped on a lathe, with the body and waist then adorned with intricate lines. A hole is carved into the interior, which is subsequently finished by hand.
The ox hide is soaked in water, then cut and decorated with delicate patterns and ropes. This hide is then tightly stretched over the drum and secured with rope. Following this, the hide is systematically pulled taut using ropes and left to dry in the sun.
Forty-eight holes are punched to allow for the rope to pass through. The braided leather rope is then connected to a bamboo hoop.
A wire rope is attached to the bottom and gradually tightened with screws to achieve the desired drum sound.
-
အိုးစည်လုပ်ငန်းကို ပင်းတယ နှင့် ဟဲကယ်ကျေးရွာတွင် လုပ်ကိုင်ကြပါသည်။ လက်ဆင့်ကမ်း လုပ်ကိုင်လာသော ရိုးရာလုပ်ငန်းဖြစ်သည်။ အဓိက ပြုလုပ်ကြသော အိုးစည်များမှာ ရှမ်းအိုးစည်၊ ဓနုအိုးစည်၊ ပအိုဝ်းအိုးစည်များကို ပြုလုပ်သည့်အပြင် အော်ဒါမှာသော အိုးစည်များကိုလည်း ပြုလုပ်ပေးပါသည်။ အိုးစည်များကို တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့သို့ တင်ပို့ရောင်းချပါသည်။
အိုးစည်များသည် ဘာသာရေးပွဲများ၊ ကထိန်အလှူပွဲများ၊ တန်ဆောင်တိုင်ပွဲတော်များ၊ ရိုးရာဓလေ့ပွဲတော်များတွင် မဖြစ်မနေလက်ရာတစ်ခုအဖြစ် တီးခတ်အသုံးပြုကြသည်။ အထူးသဖြင့် တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်တွင် အိုးစည်တီးဝိုင်းများ ပါဝင်ကာ မီးပုံးပျံပွဲတွင် ဆင်နွှဲတီးခတ်ကြသည်ကို နှစ်စဉ်မြင်တွေ့နိုင်သည်။
အိုးစည်ပြုလုပ်ရာ၌ လိုအပ်သောအဓိကပစ္စည်းများတွင် ယမနေသား၊ မီးကင်းသား စသည့် သစ်သားများ၊ နွားထီးသားရေ၊ ဝါး၊ ကြိုးနှင့် သွပ်ကြိုးတို့ ပါဝင်သည်။ သစ်သားကိုယ်ထည်ပေါ်တွင် ကနုတ်ပုံများ ထွင်းထုခြင်း၊ ဆေးခြယ်ခြင်းတို့ဖြင့် အနုပညာလက်ရာပြုလုပ်နိုင်သည်။ သားရေကို တင်းကျပ်စွာ ဆွဲစည်းထားသဖြင့် တီးခတ်သံများ ကြည်လင်သောအသံပြင်းရသည်ဟူသော တိုင်းရင်းသား ယဉ်ကျေးမှုများ ထိန်းသိမ်းထားသည်။
ရိုးရာဓလေ့အရ သစ်ပင်ကို ခုတ်ရာတွင် သစ်ပင်စောင့်နတ်အား လက်ဖက်၊ ကွမ်းနှင့် ဆေးလိပ်တို့ဖြင့် ခွင့်တောင်းသည့် စကားဓလေ့ရှိသည်။ ထို့အပြင် အိုးစည်စလုပ်သည့်နေ့ကို ရက်ကောင်းရွေးချယ်ခြင်း၊ ဆရာသမားကို ကန်တော့ပူဇော်ခြင်း၊ အမျိုးသမီးများမထိစေရန် စသည့်ယုံကြည်မှုများစွာ ပါဝင်သည်။
ယနေ့အခါတွင် အိုးစည်လုပ်ငန်းသည် ဒေသခံအတွက် အသက်မွေးဝမ်းကြောင်း အဓိကပုံစံတစ်ခု ဖြစ်နေသော်လည်း လက်ဆင့်ကမ်းသူနည်းပါးခြင်း၊ လူငယ်များစိတ်ဝင်စားမှုလျော့နည်းခြင်းနှင့် ကုန်ကြမ်းရရှိမှု ခက်ခဲလာခြင်းတို့ကြောင့် ဆက်လက်တည်တံ့မှုအတွက် အခက်အခဲများ ဖြစ်ပေါ်နေသည်။ သို့ရာတွင် ထိုအိုးစည်လုပ်ငန်းသည် ရှမ်းလူမျိုးများအပြင် ပအိုဝ်း၊ ဓနု၊ အင်း၊ ပလောင်တို့ အပါအဝင် တိုင်းရင်းသားများကလည်း မူရင်းပုံစံကို အခြေခံ၍ ပြန်လည်ဆန်းသစ်တီထွင်ခြင်းများ ပြုလုပ်နေသည့်အတွက် ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအနေဖြင့် ထိန်းသိမ်းသင့်သော အရေးပါသည့် လက်ရာတစ်ရပ်ဖြစ်နေဆဲဖြစ်သည်။
အိုးစည်ပြုလုပ်ရာတွင် ယမနေသား၊ ပိန္နဲသား၊ လက်ပံသား စသည့် သစ်များနှင့် နွားသားရေကို အဓိက အသုံးပြုပြီး တစ်လုံးကို ပြီးစီးရန် အနည်းဆုံး ၁၀ ရက်ခန့်ကြာသည်။ အလုပ်စဉ်တွင်
သစ်ကို ပွတ်လုံးထိုးစက်ဖြင့် ထွင်းခြင်း၊ ကိုယ်ထည်နှင့် ခါးပိုင်းကို မျဉ်းအလှများဖော်ခြင်း၊ အတွင်းပိုင်းကို အပေါက်ဖောက်၍ လက်ဖြင့်အချောလုပ်ခြင်း စသဖြင့် အဆင့်ဆင့် လုပ်ဆောင်ရသည်။
နွားသားရေကို အလှပန်းကုံး၊ ပန်းကြိုး၊ ပန်းကွက်များထိုး၍ တပ်ဆင်ခြင်းပြုလုပ်ပြီးနောက် သားရေကို ရေစိမ်၍ တင်းကျပ်အောင် ကြိုးဆွဲပြီး နေလှန်းခြင်းအထိ စနစ်တကျ လုပ်ဆောင်ရသည်။
နွားသားရေကို ဖြတ်တောက်၍ တပ်ဆင်ပြီး ကြိုးဆွဲပေါက် (၄၈) ပေါက်ဖောက်ကာ သားရေကြိုး (ပန်းကုံးကြိုး) ဖြင့် ကျစ်ကာ ဝါးကွင်းနှင့် ချိတ်ဆက်ပေးသည်။
အောက်ခြေတွင် သွပ်ကြိုးတပ်၍ အဆင့်ဆင့် ဆွဲတင်းကျပ်စေပြီး မူလီကြပ်ကာ အချောသတ်ပြီး အိုးစည်တစ်လုံး အောင်မြင်စွာ ပြီးစီးသည်။