Kyauk Taing Pottery Making

 
Myanmar Name: အင်းလေး ကြာချည်လုပ်ငန်း
Other Name:
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ]
Location: Shwesaryan Pagoda Compound, Thaton, Mon State.
Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း]

Asset Description

  • The traditional pottery industry, a significant livelihood in Kyauk Taing village, Inle region, has a long history, with most villagers historically involved in producing items for local hotels and buyers.

    A unique product from Kyauk Taing is the "Khaung-o" pot, traditionally used for making Khaung-ye, a fermented beverage. These pots were often purchased from the Pinlaung, Mobye, and Pekhon regions. Other pottery creations include candle holders, flower pots, household utensils, and ceremonial pots for the Thingyan festival.

    However, the craft faces a decline in young practitioners due to various challenges. These include rising raw material costs, low income, scarcity of clay from natural disasters, a shortage of firewood for firing, and limited markets with poor pricing. Beyond Kyauk Taing, pottery is also practiced in other Southern Shan State villages such as Mong Kung and Pindaya.

    A single person can produce approximately 10 large pots or 20 small pots per day during the drafting stage. The pottery-making process involves several steps:

    • Two types of clay are used: "Sanel" clay, which is good for making pots, and "Akyin" clay, which is prone to cracking.

    • The dug-up clay is left to dry.

    • Once dry, the clay is ground into powder and then sieved.

    • Four parts of the sieved clay powder are mixed with one part of water on a tarp. The mixture is then kneaded until it forms a uniform, pliable lump of clay.

    • The clay is placed on a potter's wheel and shaped into various forms. Additional shaping is done by hand.

    • Excess clay is scraped off with a bamboo tool. The surface of the pot is smoothed with a wet cloth, and the pot is cut from the wheel with a thread.

    • Once the pot is finished, a base coat of chalk powder is applied, and the pot is left to dry.

    • A glaze is prepared by mixing copper sulfate ("Dutha") and battery powder with water. This mixture is then applied as a glaze. (This method is used due to the scarcity of traditional glazing materials).

    • The final step is firing the pots. This is often a collaborative effort, with three or four households sharing a single kiln. A large kiln takes about 16 hours to fire, while a smaller one takes around 10 hours. After firing, the pots are left inside the kiln to cool for one night.

  • ကျောက်တိုင်ရွာအိုးလုပ်ငန်းသည် ရှေးယခင်နှစ်များစွာကပင် အင်းလေးဒေသအတွင်းရှိ မိရိုးဖလာလုပ်ငန်းတစ်ခုဖြစ်ပြီး ရွာသူရွာသားတို့အတွက် အရေးကြီးသောလုပ်ငန်းတစ်ခု ဖြစ်ပါသည်။ အိုးလုပ်ငန်းကို ရွာလုံးကျွတ်နီးပါးလုပ်ကိုင်ခဲ့ကြပြီး ဟိုတယ်များနှင့် အင်းလေးဒေသတွင်းမှ ဝယ်ယူအသုံးပြုကြပါသည်။

    ကျောက်တိုင်ရွာထွက် အိုးများအနက် ခေါင်ရည်အိုးလုပ်ရန် ခေါင်အိုးများကို ပင်လောင်း၊ မိုးဗြဲ၊ ဖယ်ခုံဒေသမှ ဝယ်ယူအသုံးပြုကြသည်။ ဖယောင်းတိုင်မီးခွက်၊ ပန်းအိုး၊ အိမ်တွင်းမှု အသုံးအဆောင်အိုးနှင့် အတာအိုးများကိုလည်း ပြုလုပ်ရောင်းချကြသည်။

    အိုးလုပ်ငန်းတွင် လက်ဆင့်ကမ်းနိုင်သောလူငယ် နည်းပါးလာပါသည်။ ကုန်ကြမ်းများစျေးကြီးခြင်း၊ အလုပ်အကိုင်မှရသော ဝင်‌ငွေနည်းပါးခြင်း၊ သဘာဝ ဘေးအန္တရာယ်ကြောင့် အရင်းအမြစ်များ(မြေ) ရှားပါးလာခြင်း၊ အိုးဖုတ်ရန် ထင်း ရှားပါးလာခြင်း၊ စျေးကွက်နှင့် စျေးရရှိမှုနည်းပါးခြင်းကြောင့် အိုးလုပ်ငန်းမှာ လုပ်ကိုင်သူ နည်းပါးလာပါသည်။ ရှမ်းပြည်တောင်ပိုင်းတွင် အိုးလုပ်ငန်းကို မိုင်းကိုင်၊ ပင်းတယနှင့် အချို့ ကျေးရွာများတွင် လုပ်ကိုင်ကြပါသည်။

    အိုးအကြမ်းအဆင့်တွင် လူတစ်ယောက် အနေဖြင့် တစ်နေ့လျှင် အိုးအကြီး (၁၀) လုံးခန့် အိုးသေး (၂၀)လုံးခန့် ထုတ်လုပ်နိုင်ကြောင်း သိရပါသည်။ အိုးပြုလုပ်ပုံ အဆင့်ဆင့်မှာ -

    • အိုးပြုလုပ်ရန်အတွက် မြေတူးရပါသည်။ (မြေအမျိုး အစားမှာ စနယ်မြေနှင့် အကျင်းမြေ ဟူ၍ (၂)မျိုးရှိသည်။ စနယ်မြေမှာ အိုးလုပ်ရာတွင် ကောင်းမွန်သော မြေဖြစ်ပြီး အကျင်းမြေမှာ အိုးလုပ်ရာတွင် ကွဲလွယ်ပါသည်။)

    • ထိုနောက် မြေလှန်း ရသည်။

    • မြေလှန်းပြီး ခြောက်လျှင် မြေမှုန့်ကြိတ်ရသည်။ ကြိတ်ထားသော မြေများကို ဇကာချရသည်။

    • ဇကာချထားသည့် မြေမှုန့်ကို မိုးကာပေါ်တွင် မြေ(၄) ပုံးနှင့် ရေ(၁)ပုံး ရောစပ်၍ သမအောင်နယ်ရပါသည်။

    • ရွံ့ရလာလျှင် အိုးလုပ်ရန် အိုးထိန်းစက်ပေါ်တွင် တင်၍ပုံစံအမျိုးမျိုး ပြုလုပ်ကြပြီး၊ လိုသလို လက်ဖြင့်ပုံဖော်ပေးရသည်။

    • ထို့နောက် ဝါးခြစ်တံဖြင့် ပိုနေသည့် မြေများကို ခြစ်ထုတ်ပေးရပါသည်။ ရေတဘတ်ဖြင့် အိုးမျက်နှာပြင်ကို အချောသတ်ပြီး အပ်ချည်ကြိုးဖြင့် ဖြတ်ပေးရသည်။

    • အိုးအချော ရလာလျှင် မြေဖြူမှုန့်ကို အောက်ခံဆေးအဖြစ်သုတ်ပြီး အခြောက်ခံရပါသည်။

    • စဉ့်ရည်သုတ်ရန်အတွက် ဒုတ္ထာနှင့် ဘက်ထရီမှုန့် တို့ကိုရောပြီး ရေနှင့်နယ်၍ စဉ့်ရေသုတ်ရပါသည်။ (စဉ့်ပြုလုပ်ရန် ကုန်ကြမ်းရှားပါးလာခြင်းကြောင့် ထိုနည်းကို အသုံးပြုကြခြင်း ဖြစ်ပါသည်)။

    • နောက်ဆုံးအဆင့် အနေဖြင့် မီးဖုတ်ရပါသည်။ အိုးတစ်ဖိုလျှင် သုံးအိမ်၊ လေးအိမ်ပေါင်း၍ မီးဖုတ်လေ့ရှိပါသည်။ မီးဖုတ်ရာတွင် ကြာချိန်မှာ (၁၆) နာရီကြာ ရှိပါသည်။ ဖိုကြီးလျှင် (၁၆) နာရီကြာ ဖုတ်ရပြီး ဖိုသေးလျှင် (၁၀)နာရီ ကြာပါသည်။ မီးဖုတ်ပြီးသည့် အိုးများကို ဖိုထဲတွင် (၁)ညသိပ်ပြီး အအေးခံထားရပါသည်။

Previous
Previous

Drum Making (Pindaya & He Kae)

Next
Next

Libation Jar Pottery at Kon Kan Village