Libation Jar Pottery at Kon Kan Village
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
Just two miles south of the city of Mong Kung is Kon Kan Village, a small community primarily inhabited by the Shan ethnic group. The village is especially known for its unique pottery, focusing exclusively on the water pot ("yay ta-kawng-o"). Almost every family in the village is involved in this craft. Women handle the hands-on pottery work, while men are responsible for collecting the raw materials. The work is typically done during the cold, dry season when agricultural activities are paused. These water pots are then sold and distributed to Eastern and Northern Shan State.
The pottery of Kon Kan is distinguished by its unique methods. The pots are individually built on various stands, without the use of a potter's wheel. To protect their work from the elements, potters construct a temporary low roof on the side of their homes. These pots are not only of high artistic quality but also hold cultural beliefs. The red-colored pots are believed to keep water cool, while the black ones are thought to be stronger.
The villagers have a cultural practice of making an offering to a spirit, named Hway Nang Hsi Sar Kha, before digging for clay. They sing songs while presenting a tray of candles, incense, and flowers to honor their promise to the spirit. This ritual reflects the community's deep-seated cultural beliefs related to nature and the power of spirits.
Today, the Kon Kan village pottery industry remains an important source of livelihood for all local men and women and continues to be a living testament to their traditional culture.
The process of making the water pot is a multi-step one:
The clay is dug up, soaked in water for a day, and then pounded before being shaped by hand.
The pot is built in four stages: the base, body, neck, and rim. After each stage, the pot is partially dried in the sun before the next step can begin.
Once the pot is complete, it's coated with a powder made from red clay that has been soaked for a month. The pot is then polished with a small stone.
The pots are fired in a kiln. Pine bark is used to create red pots, while bamboo firewood is used for black pots. The pots are carefully stacked on top of one another during the firing process.
-
မိုင်းကိုင်မြို့မှ တောင်ဘက်သို့ နှစ်မိုင်ခန့်အကွာရှိ ကုန်းကန်ရွာသည် ရှမ်းတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာလေးတစ်ရွာဖြစ်ပြီး၊ အထူးသဖြင့် ရေတကောင်းအိုးလုပ်ငန်းကြောင့် ထင်ရှားသည်။ ယင်းရွာတွင် ရေတကောင်းအိုးတစ်မျိုးတည်းကိုသာ ထုတ်လုပ်ကြပြီး အိမ်တိုင်းလိုလို အိုးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ အမျိုးသမီးများသည် အိုးလုပ်ခြင်းနှင့် ပတ်သက်သည့် လက်မှုများကို လက်ခံဆောင်ရွက်ပြီး၊ အမျိုးသားများကတော့ ကုန်ကြမ်းများ ရှာဖွေစုဆောင်းပေးကြသည်။ ထိုလုပ်ငန်းသည် စိုက်ပျိုးရေး အလုပ်ရပ်နားသည့် ဆောင်းရာသီအတွင်းသာ လုပ်ကိုင်ကြခြင်းဖြစ်ပြီး၊ ထုတ်လုပ်သည့် ရေတကောင်းအိုးများကို ရှမ်းပြည်အရှေ့ပိုင်းနှင့် မြောက်ပိုင်းများသို့ တင်ပို့ရောင်းချလေ့ရှိသည်။
ရေတကောင်းအိုးများကို အိုးထိန်းစက် (သို့) လက်လှည့်ခုံ အသုံးမပြုဘဲ တင်ခုံအသီးသီးပေါ်တွင် တစ်လုံးချင်း တည်ဆောက်ရခြင်း၊ မိုးလေထိခိုက်မှု မရှိစေရန် အိမ်ဘေးဘက်တွင် အမိုးနိမ့်တစ်ခု ခေတ္တတည်ဆောက်၍ အလုပ်လုပ်ကြခြင်း စသည်တို့မှာ ထူးခြားသည့် လုပ်ထုံးလုပ်နည်းများဖြစ်သည်။ ထိုအိုးများသည် အနုပညာအရည်အသွေးမြင့်သည့် လက်ရာအိုးများ ဖြစ်သည့်အပြင် အနီရောင်အိုးကို အေးမြစေသည်ဟု ယုံကြည်ကြပြီး အမဲရောင်အိုးကို ပိုမိုခိုင်မာစေသည်ဟု ယူဆကြသည်။
ယဉ်ကျေးမှုဆိုင်ရာအရ ကုန်းကန်ရွာသူများသည် ရေတကောင်းအိုးလုပ်ရန် မြေထွက်ရာ၌ နတ်သမီး ဟွေနန်းဟိစာခအား ပူဇော်ရသည့် ယုံကြည်မှုရှိကြပြီး ဖယောင်းတိုင်၊ အမွှေးတိုင်၊ ပန်းခက်တို့ဖြင့် ဗန်းတင်ကာ သီချင်းဆို၍ သစ္စာထိန်းလေ့ရှိသည်။ ဤယဉ်ကျေးမှုသည် ရွာသူရွာသားတို့အတွက် သဘာဝ၊ နတ်စွမ်းအာနိသင်နှင့် ပတ်သက်သည့် ယဉ်ကျေးမှုအယူအဆများကို ထင်ဟပ်ပြသနေသည့် အမွေအနှစ်တစ်ခု ဖြစ်သည်။
ယနေ့တွင်လည်း ကုန်းကန်ရွာ ရေတကောင်းအိုးလုပ်ငန်းသည် ဒေသခံ အမျိုးသားအမျိုးသမီးအားလုံးအတွက် အသက်မွေးဝမ်းကျောင်းအရင်းအမြစ် တစ်ခုသာမက ရိုးရာယဉ်ကျေးမှု အထောက်အထားအဖြစ် ထင်ဟပ်နေဆဲဖြစ်သည်။
ရေတကောင်းအိုးပြုလုပ်ရာတွင် -
ရွံ့မြေကို တူးထုတ်ပြီး တစ်ရက်ခန့် ရေစိမ်ထားကာ ထောင်းပေါက်ပြီးမှ လက်ဖြင့် အဆင့် (၄) ဆင့်အလိုက် အောက်ခြေ၊ ကိုယ်ထည်၊ လည်ရစ်နှင့် နှုတ်ခမ်းအစိတ်အပိုင်းများကို တစ်ဆင့်ချင်း တည်ဆောက်သည်။
အဆင့်တစ်ခုစီပြီးတိုင်း နေတွင် ခပ်ထပ်ထပ် အခြောက်ခံပြီးမှ နောက်ဆက်တွဲလုပ်ငန်း ဆောင်ရွက်သည်။
အပြီးတွင် တစ်လခန့် ရေစိမ်ထားသော မြေနီခဲအမှုန့်ကို သုတ်လိမ်းပြီး ကျောက်စရစ်ခဲဖြင့် အရောင်တင်ကာ မီးဖိုထဲတွင် မီးဖုတ်သည့် အဆင့်သို့ ရောက်ရှိသည်။
ထိုအခါတွင် အနီရောင်အိုးများအတွက် ထင်းရှူးခေါက်၊ အမဲရောင်အိုးများအတွက် ဝါးထင်းကို အသုံးပြုပြီး အပေါ်အောက်စီထားကာ မီးဖုတ်ကြသည်။