Inle Silversmith
Myanmar Name: | အင်းလေး ကြာချည်လုပ်ငန်း |
Other Name: | |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The traditional silversmithing industry in the Inle region is primarily concentrated in the village of Heya Ywama. As a home-based craft, it is a significant part of the family economy. Local residents use silver items like offering bowls, traditional alms containers, cups, and ceremonial water pots for auspicious events such as religious donations and weddings. These silver pieces are highly valued as sacred items for pagodas and are especially popular among the Shan ethnic people.
Artisans have continually innovated, creating new silver designs over time. Their craftsmanship extends to various items such as cups, bowls, vases, and alms offering containers, all adorned with intricate patterns of mythical creatures, vines, and floral motifs. Notably, silver alms offering bowls are traditionally used for ceremonial food offerings during the procession of the revered Buddha images of Phaung Daw Oo Pagoda around Inle Lake.
The silversmithing industry, not only in Heya Ywama but also in other nearby villages, has faced challenges due to regional flooding, natural disasters, and the decline in tourism to the Inle area.
The process of silversmithing involves several steps:
First, the raw silver is melted down.
The melted silver is measured to the desired weight and placed in a crucible over a charcoal fire. The heated silver is then repeatedly hammered and heated on an iron block to form the desired shape and size. The artisan continues to hammer and heat the silver until it reaches the correct thickness.
Once the rough shape is complete, the item is cleaned, resulting in a blank piece.
The final stages of the process depend on the item being made. This can include drawing a design, creating floral patterns, twisting wire, cutting, and shaping patterns on the surface.
-
ငွေပန်းထိမ်လုပ်ငန်းမှာ အင်းလေးဒေသတွင် ဟဲယာရွာမတွင်သာ အများဆုံးပြုလုပ်ကြပါသည်။ အိမ်တွင်းလက်မှုပညာရပ်ဖြစ်ပြီး မိသားစုစီးပွားရေး လုပ်ငန်းလည်းတစ်ခုလည်း ဖြစ်ပါသည်။ ငွေကလပ်၊ ငွေဆွမ်းအုပ်၊ ငွေဖလား၊ ငွေရေစက်ချအိုးများကို ဒေသခံများမှ အလှူပွဲ၊ မင်္ဂလာပွဲများတွင် အသုံးပြုကြပြီး၊ ဘုရားအသုံးအဆောင်ပစ္စည်းများအဖြစ် တန်ဖိုးထားအသုံးပြုကြသည်။ ရှမ်းတိုင်းရင်းသားများသည် ငွေထည်ပစ္စည်းများကို အများဆုံးအသုံးပြုကြသည်။
ယခုအခါ လက်ရာများကို ဆန်းသစ်တီထွင်မှုအမျိုးမျိုးဖြင့် ဒီဇိုင်းသစ်များ ပြုလုပ်လာကြပါသည်။ ငွေဖလား၊ ငွေကလပ်၊ ငွေပန်းအိုး၊ ငွေဆွမ်းအုပ် စသည့်တို့တွင်လည်း ခြူးပန်း၊ ခြူးနွယ်၊ ကနုတ်ပန်း ရုပ်စုံများဖော်၍ ပြုလုပ်ကြသည်။ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီကြွချီ ပူဇော်ရာတွင်လည်း ငွေကလပ်များဖြင့်ဆွမ်းတော်ကပ်သည့် ဓလေ့များလည်း ရှိကြပါသည်။
အင်းလေးငွေပန်းထိမ်လုပ်ငန်းသည် ဟဲယာရွာတွင်သာမက အခြားသောကျေးရွာအချို့တွင် အနည်းငယ်လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြပါသည်။ အင်းလေးဒေသတွင် ရေကြီးခြင်း၊ သဘာဝအန္တရာယ်များကျရောက်ခြင်း စသည်တို့နှင့် ခေတ်ကာလအခြေနေအရ အင်းလေးသို့ခရီးသွားလာသူများ နည်းပါးခြင်းတို့ကြောင့် အချို့ သောလုပ်ငန်းများ အခက်ခဲများ ရှိနေပါသည်။
ပြုလုပ်ပုံအဆင့်ဆင့်
ပထမဦးစွာ ငွေအရိုင်းတုံးကို အရည်ကြိုရပါသည်။
ထိုနောက် ငွေတုံးငွေခဲကို လိုအပ်သည့်အလေးချိန်ချိန်ပြီး၊ ဖားဖိုတွင်ထည့်ကာ မီးသွေးဖြင့် အပူပေးရပါသည်။ ရရှိလာသည့် ငွေတုံးငွေခဲကို ညှပ်ဖြင့်ယူ၍ သံပေတုံးပေါ်တွင်တင်ပြီး လိုသလို ပုံသဏ္ဌာန်အရွယ်အစား ရရန်အတွက် တူအမျိုးမျိုးဖြင့်ခတ်ခြင်း၊ မီးဖုတ်ခြင်းကို အကြိမ်ကြိမ် ပြုလုပ်ရပါသည်။ ပြုလုပ်လိုသည့် အတိုင်းအတာရရန် အထူအပါးကို လိုသလိုထုယူရသည်။
ထိုနောက်အဖြူထည် ရရှိပါသည်။ ရရှိလာသည့်အဖြူထည်အား လိုချင်သည့်ဒီဇိုင်းပုံစံ ပြုလုပ်ပေးကြပါသည်။
ပြုလုပ်လိုသည့်ပစ္စည်းပေါ်မူတည်၍ ပန်ချီဆွဲခြင်း၊ ပန်းကွက်ဖော်ခြင်း၊ နန်းကြိုးဆွဲဲခြင်း၊ ညှပ်ခြင်းနှင့် အကွက်များဖော်ခြင်း စသည့် လုပ်ငန်းအဆင့်ဆင့်ကို ပြုလုပ်ကြသည်။