Traditional Architectural Roots of Thaton Shwesaryan Pagoda
Myanmar Name: | ယွန်းဆက်ငါးဆင့်ခေါင်ရိုးများ၊ သထုံရွှေစာရံဘုရား |
Other Name: | ယွန်းငါးဆက်ခေါင်ရိုး |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | Shwesaryan Pagoda Compound, Thaton, Mon State. [ရွှေစာရံစေတီတော် ဘုရားပုရဝုဏ်ဝင်း၊ သထုံမြို့၊ မွန်ပြည်နယ်။] |
Asset Information
-
The style of the roof ridges on the religious buildings within the Shwesaryan Pagoda compound in Thaton, Mon State, represents a traditional Burmese architectural design called "maw-yun-choe," which is no longer used in modern construction. This five-tiered roof ridge is a significant example of Burmese architecture, making it an important subject for students of the field.
"Yun-khaung" and "yun-choe" are terms used in Burmese architecture. The part of the roof that is added on top of the main ridge is called the yun-khaung or "lae-paw." The different levels and heights of this roof are referred to as maw-yun-choe or yun-choe. There are various styles of roof bends, such as "kho-nan-choe" and "maw-line-choe," and the "yun-set-khaung-yoe" is the name for the roof style that follows the maw-yun-choe pattern. These roofs can have three, five, or more tiers.
The religious buildings at Shwesaryan Pagoda compound are excellent examples of the five-tiered yun-set-khaung-yoe style. The roofs are in relatively good condition due to the maintenance efforts of the pagoda's board of trustees. The five-tiered yun-set-khaung-yoe is a cultural heritage left by ancient Burmese architects. It is crucial to document and preserve this unique style so that it can continue to be a part of our social and artistic heritage.
-
မွန်ပြည်နယ်၊ သထုံမြို့၊ ရွှေစာရံစေတီ ဘုရားဝင်းရှိ သာသနိက အဆောက်အအုံများ ၏ ခေါင်ရိုးပုံစံတို့သည် ယနေ့ခေတ်တွင် ဆောက်လုပ်ခြင်း မရှိတော့သော မော်ယွန်းချိုး မြန်မာမှုဗိသုကာခေါင်ဟန်ဖြစ်သည်။ မြန်မာမြန်မာမှုဗိသုကာဟန် ယွန်းဆက်ငါးဆင့် ခေါင်ရိုးဖြစ်၍ မြန်မာမှုဗိသုကာ လေ့လာသူကျောင်းသားတို့ အတွက် အရေးပါပါသည်။
ယွန်းခေါင်၊ ယွန်းချိုး ဆိုသည်မှာ မြန်မာမှုဗိသုကာ ဝေါဟာရများဖြစ်ကြသည်။ မူလခေါင်ရိုးအပေါ် ဆက်တင်သည့် ခေါင်ကို ယွန်းခေါင် (သို့မဟုတ်) လည်ပေါ် ဟုခေါ်ဆိုပြီး၊ ထိုခေါင်တို့မှတဆင့် မတူညီသော အခြေနှင့် အမြင့်တို့၏ အထစ်လိုက် ချိုးကွေ့မှုကို မော်ယွန်းချိုး (သို့) ယွန်းချိုး ဟုခေါ်ပါသည်။ ခိုနန်းချိုး၊ မော်ယွန်းချိုး၊ မော်လိုင်းချိုး စသည့် ပုံသဏ္ဌာန်အလိုက် ကွဲပြားစွာချိုးကွေ့သွားပုံ အမျိုးမျိုးရှိရာ မော်ယွန်းချိုးဟန်အတိုင်း ခေါင်ရိုးအမိုးဟန်ကို ယွန်းဆက်ခေါင်ရိုးဟု ခေါ်ဆိုပါသည်။ ယွန်းဆက် သုံးဆင့်၊ ငါးဆင့် စသဖြင့် ရှိကြသည်။
ယခု သထုံရွှေစာရံပုရဝုဏ် သာသနိကအဆောက်အအုံတို့၏ ခေါင်ပုံစံမှာ ယွန်းဆက်ငါးဆင့်ခေါင်ရိုးဟန်များ ဖြစ်ကြသည်။ လက်ရှိအခြေအနေတွင် ဘုရားဂေါပကတို့၏ ထိန်းသိမ်းစောင့်ကြည့်ထားမှုကြောင့် အခြေအနေ များစွာဆိုးရွားမနေပါ။ ပုံသဏ္ဌာန်ပြ မြန်မာမှုဗိသုကာ ယွန်းငါးဆက်ခေါင်ရိုး အမိုးဟန်သည် မြန်မာမှုဗိသုကာပညာရှင်တို့ ချန်ထားပေးခဲ့သော ယဉ်ကျေးမှုအမွေအနှစ်တစ်ခုဖြစ်သောကြောင့် လူမှုအနုပညာတွင် တစ်ဖန်ပြန်လည် တည်တံ့အောင် မှတ်တမ်းတင်ထိန်းသိမ်းသွားကြရမည် ဖြစ်ပါသည်။





