Terracotta Plaque, Thagya Pagoda
Myanmar Name: | မြေမီးဖုတ် ရုပ်ကြွများ၊ သိကြားဘုရား။ |
Other Name: | - |
Type of Asset: | Sculptures [ပန်းပုလက်ရာများ] |
Location: | Thagya Pagoda, Shwesaryan Pagoda Compound, Thaton, Mon State. [သိကြားဘုရား၊ ရွှေစာရံစေတီတော်ဘုရားပုရဝုဏ်ဝင်း၊ သထုံမြို့၊ မွန်ပြည်နယ်။] |
Asset Information
-
On the first platform of the Thagya Pagoda, located southeast of the Shwesaryan Pagoda compound in Thaton, there are terracotta plaques depicting scenes from the Ten Great Jatakas (the last ten birth stories of the Buddha). These reliefs, measuring two feet square and set within arched niches, are believed to be from the 11th century by experts. While there should have been 60 plaques, only 13 remain, and their images are now indistinct.
Of the 13 surviving plaques, some are interpreted as scenes from the Temiya, Mahosadha, Bhuridatta, Vidhura, and Vessantara Jatakas. The broken plaques are too damaged for their meanings to be deciphered. A plaque from the Thagya Pagoda, which is kept in the Stone Inscription Hall of the Shwesaryan Pagoda, depicts a scene from the Nimi Jataka.
On the southwestern corner of the first platform of the Thagya Pagoda, there is another relief that is not from the Jatakas. It shows a figure wearing royal regalia, squatting, and holding a pitchfork. While some interpret the style of the reliefs as being related to Buddhist stories, others believe they are depictions from Hinduism.
The reliefs are valuable for studying 11th-century terracotta art, the clothing styles of the Thaton era, and the way stories were crafted. Most of the reliefs are broken and have been covered with whitewash, obscuring their original colours and forms. The reliefs are currently being preserved through the joint efforts of the Stone Inscription Hall, the National Museum, and the Department of Archaeology under the Ministry of Home Affairs.
-
သထုံမြို့၊ ရွှေစာရံစေတီဝင်းအရှေ့တောင်ဘက်၊ သိကြားဘုရားစေတီ၏ ပထမပစ္စယံတွင် (၂) ပေပတ်လည် မုခ်ချိုင့်အတွင်း ရုပ်ကြွပုံတော်များသည် ဂေါတမမြတ်စွာဗုဒ္ဓ၏ ဇာတ်တော်ကြီး ဆယ်ဘွဲ့မှ ဇာတ်ကွက်တို့ကို ဖော်ညွှန်းထားသော ၁၁ ရာစုလက်ရာများဟု ပညာရှင်များ မှတ်ချက်ပြုထားကြသည့် မြေမီးဖုတ်ရုပ်ကြွများဖြစ်ပါသည်။ အရေအတွက်အားဖြင့် အချပ် (၆၀) ရှိရမည် ဖြစ်သော်လည်း ယခုအခါ (၁၃) ချပ်သာ မပီမသကျန်ရှိတော့သည်။
ရုပ်ကြွ (၁၃) ချပ်တွင် တေမိယဇာတ်၊ မဟော်သဓာဇာတ်၊ ဘူရိဒတ်ဇာတ်၊ ဝိဓူရဇာတ်၊ ဝေဿန္တရာဇာတ်တော်တို့မှ ဇာတ်ကွက်များဖြစ်သည်ဟု အဓိပ္ပါယ်ဖော်ယူဆမှုများရှိခဲ့သည်။ ကျိုးပဲ့နေသော ရုပ်ကြွများကိုမူ အဓိပ္ပါယ် မဖော်ထုတ်နိုင်ခဲ့ပါ။ ရွှေစာရံစေတီတော် ပရိဝုဏ်တွင်ရှိသည့် ကျောက်စာရုံတွင် ထားရှိသည့် သိကြားဘုရားမှ ရုပ်ကြွချပ်မှာ နေမိဇာတ်တော်မှ ဇာတ်ကွက်တစ်ကွက်ဖြစ်သည်။
သိကြားဘုရား ပထမပစ္စယာ အနောက် တောင်ထောင့်တွင် ဇာတ်ကြီး ဆယ်ဘွဲ့လာ ဇာတ်ကွက်များမဟုတ်ဘဲ မင်းမြှောက်တန်ဆာများ ဝတ်ဆင်ထားပြီး ဆောင့်ကြောင့်ထိုင်ကာ ခက်ရင်းခွတစ်ခုကိုကိုင်ထားသည့် အခြားရုပ်ကြွရုပ်တုတစ်ခု ရှိသည်။ ရုပ်ကြွများထုလုပ်ထားသည့် ဟန်များအပေါ် အချို့က ဗုဒ္ဓဘာသာနှင့် စပ်လျဉ်းသည့် ဇာတ်ကွက်ဟု ယူဆကြသကဲ့သို့ အချို့က ဟိန္ဒူ အယူဝါဒဆိုင်ရာ အရုပ်များဟု ယူဆကြသည်။
ရုပ်တုများမှ ၁၁ ရာစု မြေမီးဖုတ်ရုပ်ကြွယဉ်ကျေးမှု၊ သထုံခေတ် ဝတ်စားဆင်ယင်ဟန်နှင့် ဇာတ်ကွက်သရုပ်ဖော်ပုံမှာ လေ့လာရန် ကောင်းလှသည်။ ရုပ်တုများသည် အများအားဖြင့် ကျိုးပဲ့နေပြီး၊ ထုံးများသုတ်ထားသောကြောင့် မူလအရောင်၊ မူလဟန်ပန်သဏ္ဌာန် မမြင်ရတော့ပါ။ ရုပ်ကြွရုပ်တုတို့ကို ကျောက်စာရုံရေးရာနှင့် အမျိုးသားပြတိုက်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၏ ရှေးဟောင်းသုတေသနဌာနတို့ ပူးပေါင်း၍ ထိမ်းသိမ်းစောင့်ရှောက်လျက်ရှိသည်။





