Wooden Narrative Relief in U Na Ouk Monastery
Myanmar Name: | ဦးနာအောက်ကျောင်းရှိ ဇာတ်တော်ပန်းပုရုပ်ကြွများ |
Other Name: | - |
Type of Asset: | Sculptures [ပန်းပုလက်ရာများ] |
Location: | Kawt Hnat Village, Mawlamyine, Mon State. [ကော့နှပ်ရွာ၊ မော်လမြိုင်မြို့နယ်၊ မွန်ပြည်နယ်။] |
Asset Information
-
Located in Kawt Hnat village, Mawlamyine, the U Na Ouk Monastery is a historic Buddhist monastery that blends traditional Burmese and colonial-era architecture. According to historical records, its construction was completed in 1902.
U Na Ouk commissioned painters, sculptors, and architects from Mandalay to build the ordination hall, prayer hall, and other monastic structures with tiered roofs. Adorned with first-class kanote floral designs and glass mosaics, the interior walls also feature intricate relief carvings depicting scenes from the Jataka tales and the life of the Buddha in chronological order. The carvings in the main prayer hall, crafted by Burmese artisans, also incorporate elements of the local Mon culture. This thoughtful inclusion of local life in the artistry is admirable.
Over time, some of the carvings have faded due to exposure to rain and sunlight. Currently, the monastery is maintained by local villagers and Buddhist monks. Despite their small size, the carvings in the prayer hall showcase the meticulous attention to detail, endearing charm, and masterful artistry of the craftsmen.
-
မော်လမြိုင်မြို့နယ်၊ ကော့နှပ်ရွာတွင် တည်ရှိသည့် ဦးနာအောက်ကျောင်းသည် မြန်မာမှုဗိသုကာလက်ရာများနှင့် ကိုလိုနီခေတ်ဟန် ဗိသုကာပညာရပ်တို့ကို ပေါင်းစပ်တည်ဆောက်ထားသည့် သမိုင်းဝင် ဗုဒ္ဓဘာသာကျောင်းကြီးတစ်ခု ဖြစ်ပါသည်။ မှတ်တမ်းများအရ ၁၉၀၂ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးသည်။
ဦးနာအောက်သည် မန္တလေးနေပြည်တော်မှ ပန်းချီ၊ ပန်းပု၊ ဗိသုကာပညာရှင်တို့ကိုခေါ်ကာ သိမ်၊ ဝတ်တန်ဆောင်း၊ ကျောင်းတို့ကို ဘုံပြသာဒ်အဆင့်ဆင့်ဖြင့် ဆောက်လုပ်စေသည်။ ပထမတန်းလက်ရာ ကနုတ်ပန်း၊ မှန်စီရွှေချတို့နှင့်အတူ အတွင်းနံရံတို့တွင်လည်း ရုပ်လုပ်၊ ရုပ်ကြွပန်းပုရုပ်တို့ဖြင့် ဇာတ်နိပါတ်တော်လာ ဗုဒ္ဓဝင်ခန်းများ အစီအစဉ်အတိုင်း သရုပ်ဖော်ထုလုပ်ထားသည်။ မြန်မာမှုပညာသည်တို့မှ ဆောက်လုပ်ထားသော ဝတ်တန်ဆောင်းကြီးရှိ ပန်းပုရုပ်လုံး၊ ရုပ်ကြွတို့တွင် ဒေသခံမွန်လူနေမှုအငွေ့အသက်ပါဝင်ရလေအောင် ဖန်တီးထားမှုများတွေ့ရှိရပါသည်။ ဒေသခံတို့၏ သရုပ်သဏ္ဌာန်တို့ကို တွေးပေးပြီး ဖန်တီးထားသည့် စိတ်ထားလေးသည် ချစ်စရာကောင်းလှသည်။
အချို့ပုံရုပ်များသည် အချိန်ကြာရှည်စွာ မိုးနှင့် နေရောင်ဒဏ်တို့ကြောင့် အရောင်ဖျော့သွားခြင်းများရှိသည်။ လက်ရှိတွင် ဒေသခံများနှင့် သံဃာ့ပုဂ္ဂိုလ်များကသာ ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ဝတ်တန်ဆောင်းမှ ရုပ်လုံးရုပ်ကြွတို့သည် သေးငယ်လင့်ကစား မြန်မာမှုပညာသည်တို့၏ အသေးစိတ်ကျမှု၊ ချစ်စဖွယ်ကောင်းအောင်ထုလုပ်ထားမှု၊ အနုလက်ရာမြောက်စွာ ဆန်းသစ်ဖန်တီးထားမှုတို့ကို တွေ့ရှိရပါသည်။





