Ywalut Tobacco Pipe Making
Myanmar Name: | ရွာလွတ်ဆေးတံ |
Other Name: | Made in Ywalut |
Type of Asset: | Handicrafts [လက်မှုပစ္စည်းများ] |
Location: | Ywalut Village, Chaungzon Township, Bilu Island(Belu-kyun), Mon State. [ရွာလွတ်ကျေးရွာ၊ ချောင်းဆုံမြို့နယ်၊၊ ဘီလူးကျွန်း၊ မွန်ပြည်နယ်။] |
Asset Information
-
The Ywalut pipe was first created by U Nyunt of Ywalut village during the 19th century, a time of increasing international contact. The craftsmanship of Ywalut villagers became so renowned that it was said, "The origin of the pipe is in Ywalut." The Ywalut pipe is a symbol of the tobacco culture and the history of the Mon people's customs, and it's a handicraft of Ywalut, Bilu Island.
The pipe bowl is made from teak, padauk, or pyinkado wood, while the mouthpiece is crafted from buffalo horn, fiber, or metal. The pipe is smoothed and polished with a natural leaf called Taung Thabyu. The entire process is done by hand. The pipe head is often carved with the likeness of famous figures, traditional Burmese animals, or other innovative designs reflecting the current era. Today, in addition to traditional tobacco pipes, they also create cigarette holders.
The art of pipe-making is not just about visual beauty; the tactile feel, or haptic aesthetics, is equally important, as the pipe must be smooth and comfortable to hold. However, with declining market demand and a lack of interest from younger generations, fewer people are engaging in this craft, and the tradition is on the verge of extinction.
-
ရွာလွတ်ဆေးတံသည် နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရသည့် ၁၉ ရာစုခေတ်ကာလတွင် ရွာလွတ်သား ဦးညွန့်မှ စတင်ဖန်တီးခဲ့သည်။ "ဆေးတံအစ ရွာလွတ်က" တင်စားရသည့်အထိပင် ရွာလွတ်မှ လက်မှုပညာရှင်အများအပြား ဆေးတံကို ပြုလုပ်တတ်ကြသည်။ ရွာလွတ်ဆေးတံသည် ဆေးရွက်ယဉ်ကျေးမှုနှင့် မွန်လူမျိုးတို့၏ လူနေမှုဓလေ့သမိုင်းပြယုဂ်တစ်ခုဖြစ်ပြီး၊ ဘီလူးကျွန်း၊ ရွာလွတ်၏ လက်မှုအနုပညာတစ်ခုဖြစ်ပါသည်။
ဆေးတံခွက်ကို ကျွန်း၊ ပိတောက်၊ ပျဉ်းကတိုးတို့ဖြင့် ပြုလုပ်ကြပြီး ပါးစပ်ဖြင့် တေ့သောက်ရသည့်နေရာတွင် ကျွဲချို၊ ဖိုက်ဘာ၊ သတ္တုတို့ဖြင့် ပြုလုပ်သည်။ ဆေးတံခွက် ချောမွတ်ပြောင်လက်အောင်လည်း တောင်သဗြုခေါ် သဘာဝသစ်ရွက်ဖြင့်သာ ပွတ်တိုက်သည်။ ဆေးတံပြုလုပ်ပြီးစီးသည့်အထိ လက်မှုလုပ်ငန်းဖြင့်သာ ဆောင်ရွက်လေသည်။ ဆေးတံခေါင်းနေရာတွင် နာမည်ကျော်ပုဂ္ဂိုလ်တို့၏ ရုပ်တုပုံ၊ မြန်မာမှုအကောင်အလှောင်ပုံနှင့် ခေတ်အလိုက် ဆန်းသစ်ဖန်တီးတတ်ကြသည်။ ယနေ့တွင် ဆေးရွက်ဆေးတံမှသည် စီးကရက်ဆေးတံအသွင်လည်း ပြောင်းလဲပြုလုပ်လာကြသည်။
ဆေးတံလက်မှုအနုပညာသည် အမြင် (Visual) အရ လှပတင့်တယ် ရသကဲ့သို့ လက်ဖြင့် ညှပ်ကိုင်ရသည့် အကိုင်အတွယ်အတွက် ညက်ညောမှု (Haptic Aesthetics)လည်း အရေးကြီးလှသည်။ ယခုအခါ စျေးကွက်မတွင်ကျယ်ခြင်း၊ လူငယ်များ စိတ်ဝင်စားမှု နည်းပါးလာခြင်း စသည်တို့ကြောင့် လုပ်ကိုင်သူနည်းပါးလာပြီး လက်ဆင့်ကမ်းမည့်သူ မရှိသဖြင့် တိမ်ကောစပြုလာသည့် အမွေအနှစ်တစ်ခု ဖြစ်သည်။





