Floral Petal Board Making
Myanmar Name: | ပန်းခုံ |
Other Name: | Made in Ywalut |
Type of Asset: | Handicrafts [လက်မှုပစ္စည်းများ] |
Location: | Kwan Yike Village (Bilu Island), Kyaik Thoke Pagoda (Mawlamyine), U Na Ouk Monastery (Katoe Kawthnat, Mawlamyine), Mon State. [ကွမ်ရိုက်ရွာ(ဘီလူးကျွန်း)၊ ကျိုက်သုတ်ဘုရား(မော်လမြိုင်)၊ ဦးနာအောက်ကျောင်း (ကတိုးကော့နှပ်၊ မော်လမြိုင်)၊ မွန်ပြည်နယ်] |
Asset Information
-
A "Pan Khone" is a type of small wooden stand with holes. It is used to arrange and display colourful flower petals to offer at a temple. This tradition of offering flowers on a Pan Khone is a custom that now survives in only three locations in the Mon region: Kwan Yaik village on Bilu Kyun (Bilu Island), Kyaik Thoke Pagoda in Mawlamyine, and Katoe Kawthnat village.
Every morning, Mon women gather flowers with their bamboo baskets and water pails. After finishing their daily chores around 10:30 AM, they gather at the temple to make their offerings. They sort the collected flowers by colour—some are kept whole, while others have their petals carefully removed. The petals are then folded and sized as needed.
After arranging the petals on the Pan Khone in a visually pleasing way, they are displayed at the temple for the entire day. Although the tradition remains in only three places, the patterns and designs created with the flowers differ from one location to another.
The practice of offering flowers on a Pan Khone is more than a simple offering; it is a cultural heritage that expresses the Mon women's dedication, artistic creativity, and daily devotion. It is a beautiful way for them to preserve their traditions.
-
"ပန်းခုံ"ဆိုသည်မှာ အပေါက်ဖောက်ထားသော သစ်သားပြားပေါ်တွင် ပွင့်ချပ်ရောင်စုံတို့ဖြင့် စီစဉ်နေရာချ၍ ဘုရားတန်ဆောင်းတွင် ထောင်မတ် ကပ်လှူပူဇော်ရသည့် ခုံငယ်တစ်မျိုးဖြစ်သည်။ ထိုပန်းခုံတို့ဖြင့် ပူဇော်သည့် ဓလေ့ သည် မွန်ဒေသတွင် ဘီလူးကျွန်း ကွမ်ရိုက်ရွာ၊ မော်လမြိုင် ကျိုက်သုတ်ဘုရားနှင့် ကတိုးကော့နှပ်ရွာ သုံးနေရာသာ ကျန်ရှိတော့သည်။
နေ့စဉ်နေ့တိုင်း မိုးလင်းသည်နှင့် မွန်အမျိုးသမီးကြီးတို့သည် ဝါးခြင်းတောင်း၊ ရေပုံးတို့ဖြင့် ပန်းမန်တို့ကို စုဆောင်းခူးချူကြကာ တစ်နေ့တာ အိမ်မှုဆောင်တာများ ပြီးစီးချိန် နံနက် ၁၀ နာရီခွဲလောက်တွင် ဘုရားတန်ဆောင်းသို့ စုကာသွားရောက်လျက် လှူကြသည်။ ခူးခြွေထားကြသော ပန်းရောင်စုံတို့ကို အပွင့်လိုက်လည်းကောင်း၊ ပွင့်ချပ်ခြွေ၍လည်းကောင်း အရောင်ခွဲပြီးလျှင် သင့်လျော်သော အရွယ်အစားအလိုက် ပြန်ခေါက်ချိုးရသည်တို့လည်းရှိသည်။
ပွင့်ချပ်တို့ကို အပေါက်ဖောက်ထားသည့် ပန်းခုံပေါ်တွင် အမြင်ပသာဒ ကျရလေ အောင် စီစဉ်နေရာချအလှဆင်ကြပြီးလျှင် ဘုရားတန်ဆောင်းတို့၌ တစ်နေကုန် ကပ်လှူပူဇော်ထားကြလေသည်။ သုံးနေရာ၊ သုံးဌာနသာ ကျန်ရှိသော်လည်း ပန်းစီပုံ၊ ပန်းအကွက်ဖော်ပုံတို့မှာ ဒေသအလိုက် ကွဲပြားကြပါသည်။
ပန်းခုံပူဇော်ခြင်းဓလေ့ကား သာမန်ဘုရားပန်းကပ်သည်ထက် ကျော်လွန်ကာ မွန်အမျိုးသမီးတို့၏ အစဉ်အလာထိန်းသိမ်းခြင်း အလှဉာဏ်ကွန့်မှုအနုပညာနှင့် နေ့စဉ်ဝတ်ပြုမှု သဒ္ဓါတရားတို့ကို ဖော်ကျူးသည့် ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်ပါသည်။





