Traditional Slate Tablet Making (Bilukyun Tablet)

Mon
 
Myanmar Name: ကျောက်သင်ပုန်း
Other Name: Bilukyun Tablet
Type of Asset: Handicrafts [လက်မှုပစ္စည်းများ]
Location: Mudoon Village, Chaungzon Township, Bilu Island(Bilu-kyun), Mon State.
[မုဒွန်းကျေးရွာ၊ ချောင်းဆုံမြို့နယ်၊ ဘီလူးကျွန်း၊ မွန်ပြည်နယ်။]

Asset Information

  • Before paper was widely available, the writing slate was an essential writing tool for students. Mudoon village on Bilu Kyun (Bilu Island) was once the only place in Myanmar where these slates were produced. To use them, a flat piece of stone was framed with wood, and then one would write on it with a slate pencil. The writing could be erased and rewritten on the slate over and over again.

    U Aung Thein was the first to start making slate boards in 1945. He used iron sheets to scrape stone slabs from a stream flowing down from Mount Motesoema. Since there were no machines at that time, everything was done by hand, and he could only produce about five slates a day.

    Here is a brief summary of the slate-making process:

    • The stone blocks mined from the quarry are brought to the quarry's entrance.

    • A skilled worker uses a knife to split the stone blocks into slabs.

    • Another worker then uses a stone-cutting clipper to cut the slabs into appropriate sizes.

    • The worker uses a carpenter's adze to smooth and thin both sides of the slate.

    • The slate is then cut into a precise rectangular shape with the stone-cutting clipper.

    • Workers carry the cut slates to a machine that polishes both sides until they are smooth.

    • The polished slates are washed, dried, and then painted.

    • Wooden frames are then attached, and the edges are smoothed with an adze.

    • Finally, a slate board is ready to be used with a slate pencil.

    One of the advantages of using slates is that they allow people to practice handwriting and drawing multiple times, which reduces paper waste. In addition to being used for writing, the stone from the slate mountain can be fashioned into buttons, bracelets, souvenirs, paintings, and signboards.

    However, the use of slates is declining. The slate quarries are getting deeper, the slate mountain is being depleted, and paper is now readily and affordably available. As a result, the number of people working in the industry is decreasing. While the entire village of Mudoon on Bilu Kyun once specialized in making slates, only three workshops remain today. As a result, the diminishing supply of slate stone and the disappearing slate-making industry are critically important for the social and economic well-being and the cultural heritage of Mudoon village on Bilu Kyun.

  • စက္ကူများသုံးစွဲမှု မတွင်ကျယ်ခင် ပညာသင်ယူသူတို့အတွက် မရှိမဖြစ်လိုအပ်သော ရှေးစာရေးကိရိယာတစ်ခုမှာ ကျောက်သင်ပုန်းဖြစ်ပြီး၊ ဘီလူးကျွန်း၊ မုဒွန်းရွာသည် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကျောက်သင်ပုန်းထွက်ရှိရာဒေသတစ်ခု ဖြစ်ခဲ့ပါသည်။ သင်ပုန်းကျောက်ကို အပြားခပ်ကာ သစ်သားဘောင် ပြုလုပ်၍ ကျောက်တံဖြင့် စာရေးကြရပါသည်။ သင်ပုံးကျောက်ပေါ်တွင် ရေးထားသော စာများကို ဖျက်၍ ထပ်ကာထပ်ကာ ရေး၍ ရပါသည်။

    ကျောက်သင်ပုန်းကို ၁၉၄၅ ခုနှစ်တွင် ဦးအောင်သိန်း ဆိုသူက မုဆိုးမတောင်မှ စီးဆင်းနေသော စမ်းချောင်းရှိ ကျောက်ပြားများကို သံပြားနှင့်ခြစ်ကာ စတင်ပြုလုပ်ခဲ့သည်။ ထိုအချိန်က စက်မပေါ်သေး၍ လက်ဖြင့်သာ လုပ်ကိုင်ရသဖြင့် တစ်နေ့လျှင် ကျောက်သင်ပုန်း (၅) ချပ်သာပြီး၏။

    ကျောက်သင်ပုန်း ပြုလုပ်ပုံအဆင့်ဆင့်ကို အကျဉ်းချုံးမျှ ဖော်ပြအပ်ပါသည်။-

    • ကျောက်တွင်းမှ တူး၍ရသောကျောက်တုံးများကို တွင်းဝသို့ ပို့ဆောင်ပေးရသည်။

    • ထိုကျောက်တုံးများကို ကျွမ်းကျင်သူ လုပ်သားပိုင်ရှင်တစ်ဦးက ကျောက်သွားခွဲရန် ဓါးဖြင့် ခွဲထုတ်ရသည်။

    • ခွဲထုတ်ပြီး ကျောက်ပြားများကို လုပ်သားတစ်ဦးက ကျောက်ညှပ်ကတ်ကြေးဖြင့် အရွယ်အစားအလိုက် ညှပ်ပေးရသည်။

    • ကျောက်ပြားများကို လက်သမားကိုင် ရွေဘော်ဖြင့် ညီအောင်၊ ပါးအောင် ဘောင်နှစ်ဖက်လုံးကို ထိုးပေးရသည်။

    • ထိုးပြီး ကျောက်ပြားကို ကျောက်ညှပ်ကတ်ကြေးဖြင့် စတုဂံပုံကျအောင် ညီညာစွာ ညှပ်ပေးရသည်။

    • ညှပ်ပြီးကျောက်များကို စက်လုပ်သားများ လာရောက်ထမ်းယူပြီး စက်တွင် ချောမောအောင် နှစ်ဖက်ပွတ်လုံးဖြင့် ပွတ်ပေးရသည်။

    • ပွတ်ပြီးကျောက်များကို ရေဆေး လှမ်းပေးရပြီး ဆေးသုတ်သည်။

    • ပြီးလျှင် သစ်သားဘောင်များတပ်သည်။ ရွေဘော်ဖြင့် အချောကိုင်သည်။

    • နောက်ဆုံးတွင် ကျောက်တံချွန်တို့ဖြင့် ရေးသားအသုံးပြုနိုင်သော ကျောက်သင်ပုန်းကို ရရှိမည်ဖြစ်သည်။

    ကျောက်သင်ပုန်း၏ အားသာချက်တစ်ခုမှာ လက်ရေးလှ လေ့ကျင့်သူ၊ ပုံဆွဲမျဉ်းရေးလေ့ကျင့်ကြသူအဖို့ အကြိမ်ရေများများ လေ့ကျင့်နိုင်ပြီး စာရွက်ရေလည်းလျော့ချနိုင်ပါသည်။ ကျောက်သင်ပုန်းမှ တဆင့် သင်ပုန်းကျောက်ဖြင့် ကြယ်သီးများ၊ လက်ကောက်များ၊ အထိမ်းအမှတ်ပစ္စည်းများ၊ ပန်းချီဆွဲခြင်း၊ ဆိုင်းဘုတ်များ ဆင့်ပွားဖန်တီးနိုင်ပါသည်။

Next
Next

Sree Sree Saradiya Durga Puja Hindu Temple