St. Patrick's Catholic Church, Mawlamyine

Mon
 
Myanmar Name: စိန့်ပက်ထရစ် ကက်သလစ်ဘုရားကျောင်း
Other Name: Church of St. Patrick, St. Patrick's Roman Catholic Church, စိန်ပက်ထရစ်
Type of Asset: Architecture [ဗိသုကာလက်ရာများ]
Location: Upper Main Road, Shwe Taung Ward, Mawlamyine, Mon State.
[အထက်လမ်းမကြီး၊ ရွှေတောင်ရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။]

Asset Information

  • When the British took control of Mawlamyine, Father P. Barbe, a French missionary from the Barnabite Order, arrived and constructed the first Catholic church in the city in 1829. The Irish soldiers of the British 45th Regiment provided the funding and labor. According to a brief historical plaque at St. Patrick's Catholic Church, the St. Patrick's Mission served as the central headquarters for missionary groups in Myanmar for nearly thirty years, until 1856.

    Currently, it's known that only a small number of Roman Catholic believers from Shwe Taung Ward in Mawlamyine come to worship at St. Patrick's Catholic Church. The church grounds also served as a burial site for the royal troops who arrived with the missionaries. St. Patrick's School (now Basic Education High School No. 5, Mawlamyine) is a well-known institution that has significantly contributed to Mawlamyine's education sector.

    Inside the church, the upper walls are beautifully decorated with stained-glass rose windows depicting scenes from the life of Jesus, which is a fascinating sight. The rose window is a 17th-century Gothic architectural style and a symbol of faith, which is why it's commonly used to decorate the upper walls of churches. The small statues depicting the life of Jesus in framed glass cases within the church compound are also interesting.

    The church is maintained by Roman Catholic authorities. Although there has been some deterioration due to Mawlamyine's climate, the stained-glass rose windows inside the church remain perfectly beautiful.

  • ဗြိတိသျှတို့ မော်လမြိုင်မြိုကို သိမ်းယူခဲ့စဉ်က ဘာနတိုက်အသင်းဂိုဏ်းမှ ပြင်သစ်သာသနာပြုဘုန်းတော်ကြီး P. Barbe သည် မော်လမြိုင်သို ရောက်ရှိလာပြီး ပထမဦးဆုံး ကက်သလစ်ဘုရားကျောင်းတော်ကြီးကို (၁၈၂၉)ခုနှစ်တွင် ဆောက်လုပ်ခဲ့ပါသည်။ ဗြိတိသျှတပ်ရင်း(၄၅)မှ အိုင်ယာလန်လူမျိုးတိုသည် ကုန်ကျငွေနှင့် လုပ်အားကို မတည်ပေးခဲ့ကြသည်။ (၁၈၅၆)ခုနှစ်အထိ စိန်ပက်ထရစ် သာသနာကို မြန်မာနိုင်ငံ သာသနာပြုအဖွဲများ၏ ဗဟိုဌာနချုပ်အဖြစ် နှစ်ပေါင်း သုံးဆယ်နီးပါး အသုံးပြုခဲ့သည်ကြောင်း စိန်ပက်ထရစ် ကက်သလစ်ဘုရားကျောင်း ၏ သမိုင်းအကျဉ်းကမ္ဗည်းမှတ်တမ်းတွင် တွေ့ရှိရပါသည်။

    လက်ရှိတွင် စိန့်ပက်ထရစ်ကက်သလစ်ဘုရားကျောင်းသို့ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်မှ ရိုမန်ကတ်သလစ်ဘာသာဝင်အနည်းငယ်သာ လာရောက် ဝတ်ပြုကြသည်ဟု သိရပါသည်။ တစ်ချိန်က သာသနာပြုမှုနှင့်အတူ ပါလာကြသော တော်ဝင်တပ်သားတို့ သင်္ဂြိုဟ်သည့် မြေနေရာလည်း ဖြစ်ခဲ့သည်။ စိန့်ပက်ထရစ်ကျောင်း (ယခု - အထက(၅)၊ မော်လမြိုင်)သည် ထင်ရှားပြီး မော်လမြိုင်မြို့၏ ပညာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးခဲ့သည်။

    ဘုရားကျောင်းတွင်း အထက်နံရံတို့တွင် ယေရှုဇာတ်တော်ရောင်စုံမှန်ပန်းချီ (Stained Glass Rose Window) တို့ဖြင့်အလှဆင်ထားသည်ကို စိတ်ဝင်စားဖွယ် တွေ့ရှိရသည်။ စက်ဝန်းမှန်ပန်းချီသည် ၁၇ ရာစုဂေါသစ် (Gothic) ဗိသုကာဟန်အားယူ၍ ပြုလုပ်ထားခြင်းဖြစ်သည်။ ယုံကြည်မှုဘာသာတရားကိုယ်စားပြုမှု တစ်ခုဖြစ်သောကြောင့်လည်း ဘုရားကျောင်းတို့၏ အထက်နံရံတွင် အများအားဖြင့် အလှဆင်ထားလေ့ရှိကြပါသည်။ ဘုရားကျောင်းဝင်းရှိ မှန်ဘောင်နှင့် ကန့်ထားသော ယေရှုဇာတ်တော်လာ ရုပ်တုငယ်လေးများသည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။

    ရိုမန်ကတ်သလစ်သာသနာပိုင်တာဝန်ရှိသူများမှ ဘုရားကျောင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးထားပြီး၊ မော်လမြိုင်၏ ရာသီဥတုဒဏ်ကြောင့် ယိုယွင်းမှုအချို့ ရှိသော်လည်း ဘုရားကျောင်းတွင်း စက်ဝန်းမှန်ပန်းချီတို့သည်ကား အကောင်းပကတိလှပနေဆဲဖြစ်သည်။

Previous
Previous

First Baptist Church of Mawlamyine

Next
Next

Yadanabonmyint Monastery