Two Great Lions at 86th Street

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • In 1849, under the order of King Bagan Min, Prince U Kyauk Lone constructed the Maha Thudassana Bridge at the western entrance of the Eindawya Pagoda. He also built two crocodile statues at the northern end of the bridge and two lion statues on brick platforms at the southern end. These statues are considered a model for later lion statues because they were built before the founding of Mandalay.

    The lion statues are a great way to study the traditional Burmese architecture, masonry, and stucco work of the late Konbaung era. They are also a well-known landmark for the locals near the Eindawya Pagoda; in fact, the neighborhood is often referred to as "Chinthe U Quarter" (Lion Head Quarter).

    In 1994, with the guidance of the head monk of the Mandalay Mahar Withudhayone New Monastery, Sayadaw Bhaddanta Vannitabhivamsa, the family of Ko Kan Chun and Ma Nwe Nwe Khaing from Mandalay restored the statues to their original form. However, the heads of the statues were damaged in the 2025 earthquake.

  • ၁၈၄၉ ခုနှစ်တွင် ပုဂံမင်း၏အမိန့်အရ မင်းသားကြီးဦးကျောက်လုံးက အိမ်တော်ရာဘုရား အနောက်မုခ်တွင် မဟာသုဒဿနတံတားတည်ဆောက်ခဲ့ပြီး၊ တံတား၏ မြောက်ဘက်ထိပ်တွင် မိချောင်းရုပ်တုနှစ်ခုနှင့် တောင်ဘက်အဆုံးတံတားအဆင်းတွင် အုတ်ခုံခံ၍ လမ်းဝဲယာတွင် ခြင်္သေ့ရုပ်တုနှစ်ခု တည်ဆောက်ထားခဲ့သည်။ မန္တလေးမြို့မတည်မီကတည်းက တည်ဆောက်ထားသည့်အတွက် ထိုခြင်္သေ့ရုပ်တုများသည် နောက်ပိုင်းခေတ် ခြင်္သေ့ရုပ်တုများ၏ နမူနာပုံစံ ဖြစ်လာခဲ့ကြသည်။

    ခြင်္သေ့ကြီးနှစ်ကောင်တွင် ကုန်းဘောင်ခေတ်နှောင်းပိုင်း၏ မြန်မာ့ရိုးရာဗိသုကာပညာ၊ ပန်းရန်အတတ်၊ အင်္ဂတေပန်းတော့လက်ရာများကို လေ့လာနိုင်သည်။ အိမ်တော်ရာဘုရားအနီး ဒေသခံများအတွက် ထင်ရှားသော အမှတ်အသားတစ်ခု ဖြစ်သည်။ ခြင်္သေ့ရုပ်အနီးမှရပ်ကွက်ကို ခြင်္သေ့ဦးရပ်ကွက်ဟု ရည်ညွှန်းကြသည်။

    ၁၉၉၄ ခုနှစ်တွင် မန္တလေး မဟာဝိသုဒ္ဓါရုံတိုက်သစ် မဟာနာယက ဝါးတန်းကျောင်းဆရာတော် ဘဒ္ဒန္တဝဏ္ဏိတာဘိဝံသကြီးမှူး၍ မန္တလေးမြို့နေ ကိုကံချွန်၊ မနွယ်နွယ်ခိုင်မိသားစုမှ ခြင်္သေ့ရုပ်တုများကို ရှေးမူမပျက် ပြန်လည်ပြုပြင်ခဲ့သည်။ ၂၀၂၅ ခုနှစ်ငလျင်ကြောင့် ဦးခေါင်းပိုင်းများ ပြိုကျပျက်စီးသွားခဲ့သည်။

Previous
Previous

Maung-O Bridge

Next
Next

Two Great Lions at Mandalay Hill