Two Great Lions at Mandalay Hill

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • The two large lion statues on Mandalay Hill are located on the left and right sides of the main southern entrance staircase. These two statues were a donation from U Ae Yar and Daw Kyi Kyi, owners of a brokers' sales centre in Mandalay, around 1923.

    The lions are a significant landmark at the start of the journey up Mandalay Hill, emphasizing the hill's religious importance and sanctity. They are a respected symbol and an iconic representation of the city, often seen together with Mandalay Hill. The statues allow for the study of traditional Burmese architecture, masonry, and plasterwork.

    The two lions on Mandalay Hill, though undamaged by the 2025 earthquake, undergo continuous maintenance by the board of trustees, including repainting and plastering. To guarantee their ongoing preservation from future natural disasters, expert support, conservation techniques, and funding are essential.

  • မန္တလေးတောင် ခြင်္သေ့ကြီးနှစ်ကောင်သည် မန္တလေးတောင်၏ အဓိကဝင်ပေါက် တောင်ဘက်စောင်းတန်းအတက် ဝဲယာ‌တွင်တည်ရှိနေခြင်းဖြစ်ပြီး၊ ၁၉၂၃ ခုနှစ်ဝန်းကျင်တွင် မန္တလေးမြို့နေ ပွဲရုံပိုင်ရှင် ဦးအဲယား၊ ဒေါ်ကြီးကြီးတို့၏ကုသိုလ် ခြင်္သေ့ရုပ်တုကြီးနှစ်ခု ဖြစ်သည်။

    မန္တလေးတောင်သို့ တက်ရောက်ကောင်းမှုကုသိုလ်ပြုရာမှာ ခြင်္သေ့နှစ်ကောင်သည် ခရီးအစအဖြစ် အရေးပါသောနေရာမှ ပါဝင်နေခြင်းသည် မန္တလေးတောင်၏ ဘာသာရေးအရ မြင့်မြတ်မှုအရေးပါမှုကို ပိုမိုပေါ်လွင်စေပြီး လေးစားတန်ဖိုးထားသည့် အထိမ်းအမှတ်တစ်ခုဖြစ်သည်။ မြန်မာ့ရိုးရာဗိသုကာပညာ၊ ပန်းရန်အတတ်၊ အင်္ဂတေပန်းတော့လက်ရာများကို လေ့လာနိုင်ပြီး မန္တလေးတောင်နှင့်ယှဉ်တွဲမြင်တတ်ကြ‌သော မန္တလေးမြို့၏ ကိုယ်စားပြုပုံရိပ်၊ အထင်ကရသင်္ကေတတစ်ခု ဖြစ်သည်။

    ၂၀၂၅ ခုနှစ် ငလျင်ဒဏ်ခံခဲ့ရသော်လည်း ယင်းခြင်္သေ့ကြီးနှစ်ကောင်သည် ပျက်စီးမှုမရှိ ခိုင်ခံ့စွာတည်ရှိနေဆဲဖြစ်သည်။ ဆေးသုတ်ခြင်း၊ အင်္ဂတေအချောကိုင်ခြင်းကဲ့သို့ စဉ်ဆက်မပြတ်ထိန်းသိမ်းစောင့်ရှောက်မှုများကို မန္တလေးတောင်တောင်ဂေါပကအဖွဲ့မှ လုပ်ဆောင်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်များမှ ဆက်လက်ထိန်းသိမ်းရန်အတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေများ ထောက်ပံ့ပေးသင့်ပါသည်။

Previous
Previous

Two Great Lions at 86th Street

Next
Next

Two Great Lions at 22nd Street