Thara Myiatzu Thein Taw

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • The Thara Myiatzu Thein Taw, also known as the Midnight Ordination Hall, was originally a wooden structure. It is believed to be the site where Shin Arahan and other monks conducted a consecration ceremony to disseminate Buddhism across Myanmar. In 1856, Queen Thiri Yadana Dewi formally dedicated and renamed it the Thara Myiatzu Ordination Hall after its reconstruction. (The Myataung Mayor and Minister of the Royal Musketeers, Thado Min Gyi Min Hla Kyaw Thu, oversaw its construction).

    The hall's magnificent, seven-tiered spire, resembling a celestial palace, was built with brick and plasterwork, while its main doors are adorned with intricate wooden carvings. The plaster reliefs are a testament to the masterful architecture of the late Amarapura and early Mandalay eras. Among the four historically significant ordination halls in the Mandalay region—the Sunrise, Noon, Sunset, and Midnight halls—which were consecrated by Shin Arahan during the Bagan period, the Midnight Hall is the largest and most artistically detailed. These four halls are considered sacred by practitioners of the occult, who use them for meditation and spiritual retreat.

    The hall is currently closed to visitors due to extensive damage from a recent earthquake. As a historical site, its preservation and restoration are urgently needed, requiring expert support, specialized conservation techniques, and funding.

  • သာရမဉ္ဇူသိမ်တော်အား သန်းခေါင်ယံသိမ်ဟုလည်း ခေါ်ဆိုကာ မူလမှာ သစ်သားသိမ်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာ ပြန့်ပွားထွန်းကားလာစေရန်အတွက် ရှင်အရဟံဦးဆောင်သော ရဟန်းတော်များ သမုတ်ခဲ့သော သိမ်တော်ဖြစ်သည်ဟု ဆိုပါသည်။ ၁၈၅၆ ခုနှစ်တွင် မြောက်နန်းမိဖုရား သီရိရတနာ‌ဒေဝီမှ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပြီး သာရမဉ္ဇူသိမ်ဟု သမုတ်ကာ ရေစက်ချလှူဒါန်းခဲ့သည်။ (မြတောင်မြို့စား သေနတ်ဝန်ကြီး သတိုးမင်းကြီးမင်းလှကျော်သူမှ ကြီးမှူးပြီး ကြပ်မတ်တည်ဆောက်ခဲ့သည်။)

    အုတ်အင်္ဂတေပန်းများဖြင့် ဘုံခုနှစ်ဆင့်မြင့် ဝေဇယန်ကဲ့သို့ သိမ်ပြဿဒ်တော်ကို တည်ဆောက်ခဲ့ပြီး တံခါးမကြီးကိုမူ သစ်သားပန်းပု၊ ပန်းကနုတ်များ တပ်ဆင်ထားသည်။ အင်္ဂတေပန်းတော့ရုပ်လုံးရုပ်ကြွများက အမရပူရခေတ်နှောင်း၊ မန္တလေးခေတ်ဦး၏ ဗိသုကာလက်ရာမြောက်မှုကို ဖော်ပြနေသည်။ ပုဂံခေတ် ရှင်အရဟံသမုတ်ခဲ့သော မန္တလေးဒေသရှိ နေထွက်သိမ်၊‌ မွန်းတည့်သိမ်၊ နေဝင်သိမ် နှင့် သန်းခေါင်ယံသိမ်တို့တွင် သန်းခေါင်ယံသိမ်မှာ ထုထည်အကြီးမားဆုံးနှင့် အနုပညာလက်ရာအများဆုံးဖြစ်သည်။ အဆိုပါသိမ် (၄) သိမ်သည် အထ‌က်ဂိုဏ်း ထွက်ရပ်ပေါက် ဝိဇ္ဇာလမ်းစဉ်သို့ ကျင့်ကြံနေသူများအတွက် အလေးအမြတ်ထားရာ၊ အဓိဌာန်ဝင်ရာ သိမ်များဖြစ်ကြပါသည်။

    လက်ရှိတွင် ငလျင်ကြောင့်ပျက်ဆီးမှုများစွာရှိ၍ အတွင်းသို့ ဝင်ရောက်လေ့လာခွင့် ပိတ်ထားပါသည်။ သမိုင်းဝင်နေရာဖြစ်သောကြောင့် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာ၊ ရံပုံငွေအကူအညီများနှင့် အရေးပေါ်ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။

Previous
Previous

Shweinbin Monastery

Next
Next

Main Building of Mandalay University