Main Building of Mandalay University
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
The main building of Mandalay University was completed by the British government in 1924 and opened as the main building of the Agricultural Science Institute. After being closed during the Second World War, the Upper Burma Intermediate College was reopened in 1947 by Sayagyi U Razak and Sayagyi U Ko Lay (Zeyarmaung) on the top two floors of this building. It was successively upgraded, becoming a university college in 1948 and a separate university in 1958.
As the main building of the prestigious Mandalay University, it is a prominent landmark in Burmese educational history and culture. The building's magnificent design, featuring large columns and grand staircases, makes it a unique point of interest for anyone visiting the university. It is also an excellent example of colonial-era architecture. This building continues to be a venue to this day for university-related ceremonies, educational events, and other functions.
The building encountered various natural disasters such as fire and earthquakes. It has been renovated over the years, and after the 2025 earthquake, it suffered fire damage from an electrical short circuit. Renovation work is still in progress.
-
မန္တလေးတက္ကသိုလ်ပင်မဆောင်ကို ၁၉၂၄ ခုနှစ်တွင် အင်္ဂလိပ်အစိုးရမှ ဆောက်လုပ်ပြီးစီးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံပင်မဆောင်အဖြစ် ဦးစွာဖွင့်လှစ်ခဲ့ကြပါသည်။ ဒုတိယကမ္ဘာစစ်ကြောင့် ပိတ်သိမ်းခဲ့ရသော အထက်မြန်မာပြည် ဥပစာကောလိပ်ကို ၁၉၄၇ ခုနှစ်တွင် ဆရာကြီးဦးရာဇတ် ၊ ဆရာကြီးဦးကိုလေး(ဇေယျာမောင်)တို့ ဦးဆောင်၍၊ ထိုပင်မဆောင်၏ အပေါ်နှစ်ထပ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြသည်။ ၁၉၄၈ ခုနှစ်တွင် ယူနီဗာစတီကောလိပ်၊ ၁၉၅၈ ခုနှစ်တွင် သီးခြားတက္ကသိုလ်အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။
မန္တလေးမြို့၏ ဂုဏ်ယူဖွယ် သမိုင်းအစဉ်အလာကြီးမားသော မန္တလေးတက္ကသိုလ်၏ ပင်မဆောင် ဖြစ်သောကြောင့်၊ မြန်မာ့ပညာရေးသမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ ထင်ရှားသော အမှတ်တရနေရာ တစ်ခုဖြစ်သည်။ တိုင်လုံးကြီးများ၊ လှေကားကြီးများနှင့် ခမ်းနားထည်ဝါစွာ တည်ဆောက်ထားသော နေရာတစ်ခုဖြစ်သောကြောင့် မန္တလေးတက္ကသိုလ်၏ ထူးခြားသောနေရာတစ်ခုအဖြစ် လေ့လာနိုင်သည်။ ကိုလိုနီခေတ်၏ ဗိသုကာပညာကို လေ့လာနိုင်သော အဆောက်အဦတစ်ခုလည်းဖြစ်သည်။ မန္တလေးတက္ကသိုလ်နှင့် ဆက်စပ်နေသော အထိမ်းအမှတ်ပွဲများ၊ ပညာရေးဆိုင်ရာအခမ်းအနားများ စသည်တို့ကို ယနေ့တိုင် ကျင်းပနေကြဆဲ ဖြစ်သည်။
မီးဘေး၊ ငလျင်ဘေးကဲ့သို့သော သဘာဝဘေးအန္တရာယ်များ၏ ခြိမ်းခြောက်မှုကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရပါသည်။ ခေတ်အဆက်ဆက် ပြုပြင်ထိန်းသိမ်းမှုများရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ်ငလျင်ပြီးနောက် လျှပ်စစ်ဝါယာ ရှော့ ဖြစ်၍ မီးလောင်ပျက်စီးမှုများရှိခဲ့ရာ ပြန်လည်ပြင်ဆင်နေဆဲဖြစ်သည်။