Nipattaw Painting (U Khandi Museum 1)

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • Burmese painting styles have developed over time, transitioning from palm leaf paintings to murals and, to folded paper scrolls. During the late Konbaung era, the Nipattaw painters emerged, creating a distinct style known as Nipattaw paintings. The most prominent patron of these artists was the hermit U Khandi. Nipattaw paintings are typically oil on zinc sheets.

    The U Khandi Museum houses oil paintings, approximately 5 by 3 feet, that are of significant historical and religious importance to Mandalay Buddhists. These artworks chronicle the journey of Buddha's relics, from their excavation in Peshawar, India, to their arrival in Mandalay in 1909. Inscriptions on the paintings serve as historical records, detailing Prince Pyinmana's retrieval of the relics, the public's homage when they were at Queen Kyeay Myin’s palace, and the ongoing veneration by the Young Monks' Association of Mandalay after U Khandi's passing.

    These striking and vibrant Nipattaw paintings, rendered in oil on zinc sheets, hold significant value for students of Burmese art history. Their creator, an unknown pioneer of the Nipattaw painting movement, depicted the journey of the relics from Peshawar, connecting the artwork to the history of the U Khandi Museum.

    The U Khandi Museum sustained damage from a recent earthquake. Additionally, the paintings within the museum are experiencing fading and deterioration due to high heat and humidity. Expert restoration is required. The museum also features a collection of other compelling artifacts, paintings, and photographs, notably including portraits by U Saw Maung.

  • ရှေးရိုးမြန်မာ့ပန်းချီတွင် ပေရေးပန်းချီ၊ နံရံပန်းချီ၊ ပုရပိုက်ပန်းချီ စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲတည်ရှိခဲ့ရာ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် နိပါတ်တော်ပန်းချီများထွန်း ကားလာခဲ့သည်။ နိပါတ်‌တော်ရေးပန်းချီဆရာ အုပ်စုတစ်ခုလည်း မြန်မာ့ပန်းချီသမိုင်းတွင် ထွက်ပေါ်လာခဲ့သည်။ နိပါတ်တော်ပန်းချီဆွဲသူများကို အားပေးချီးမြှောက်သူမှာ ရသေ့ကြီးဦးခန္တီဖြစ်သည်။ နိပါတ်ပန်းချီကို ဆီဆေးဖြင့် သွပ်ပြားပေါ်တွင် ရေးဆွဲကြသည်။

    ရသေ့ကြီးဦးခန္တီပြတိုက်ရှိ ဆီဆေး ၅ပေ×၃ပေခန့် ပန်းချီကားများသည် ၁၉၀၉ ခုနှစ်တွင် အိန္ဒိယနိုင်ငံ ပသျှဝါမြို့မှ တူးဖော်ရရှိသော ဗုဒ္ဓမွေတော်ဓာတ်တော်များကို မန္တလေးသို့ပင့်ဆောင်ပူဇော်သည့် သမိုင်းကြောင်းကို ရေးဆွဲထားခြင်းဖြစ်သည့်အတွက် မန္တလေးရှိ ဗုဒ္ဓဘာသာဝင်များအတွက် ဘာသာရေးဆိုင်ရာသမိုင်းတန်ဖိုးရှိသည်။ ပသျှဝါဓာတ်တော်ကို ပျဉ်းမနားမင်းသားကြီးမှ သွားရောက်ပင့်ဆောင်ပုံ၊ ကြေးမြင်မိဖုရားအိမ်တော်ဝင်းတွင် ပသျှဝါဓာတ်တော်ကိန်းဝပ်တော်မူစဉ် လူအများလာရောက်ပူဇော်ခံပုံ၊ ရသေ့ကြီးဦးခန္တီမရှိသည့်နောက် မန္တလေးမြို့ ရဟန်းပျိုအဖွဲ့မှအုပ်ချုပ်၍ ပသျှဝါဓာတ်တော်ကို မည်သို့အပူဇော်ခံပုံ စသည့် ပန်းချီကားများ၏အောက်ခြေတွင် ရေးထိုးထား‌‌သောစာများသည် မြန်မာ့သမိုင်းကြောင်းအတွက် မှတ်တမ်းတခုအဖြစ်ကျန်ရစ်ခဲ့သည်။

    ထို့အပြင် ဆီဆေးဖြင့် သွပ်ပြားပေါ် ရေးဆွဲသည့်၊ နိပါတ်ပန်းချီအမျိုးအစားဖြစ်သည့် အတွက် မြန်မာ့ပန်းချီသမိုင်း လေ့လာသူများအတွက်အရေးပါသည်။ နိပါတ်ပန်းချီများ၏ အလေ့အထအတိုင်း အရောင်တောက်တောက်ဖြင့် ထင်သာမြင်သာအောင် ရေးဆွဲထားသည်။ ရေးဆွဲသည့် ပန်းချီပညာရှင်၏အမည်ကို မသိရသော်လည်း နိပါတ်တော်ပန်းချီခေတ်ကို တီထွင်ဖန်တီးတည်ထောင်သော ပန်းချီဆရာများထဲမှ တစ်ယောက်ဖြစ်နိုင်ပါသည်။ ပသျှဝါမြို့မှ ဓာတ်တော်များ ပင့်ဆောင်လာပုံကိုရေးဆွဲထားပြီး ဦးခန္တီပြတိုက်၏သမိုင်းနှင့်လည်း ဆက်စပ်နေသော ပန်းချီကားများဖြစ်သည်။

    လက်ရှိတွင် ဦးခန္တီပြတိုက်သည် ငလျင်ဒဏ်ကြောင့် အဆောက်အဦ ထိခိုက်မှုရှိခဲ့သည်။ ပန်းချီကားများသည်လည်း ရာသီဥတုပူပြင်းမှုနှင့် ရေငွေ့ပျံမှုများကြောင့် ပျက်စီးအရောင် မှိန်မှုများရှိနေသည်။ ကျွမ်းကျင်ပညာရှင်များနှင့် ထိန်းသိမ်းမှုများပြုလုပ်ရန် လိုအပ်သည်။ ထိုပြတိုက်ထဲတွင် အခြားစိတ်ဝင်စားဖွယ်ရာပစ္စည်းများနှင့် ပန်းချီကားများ၊ ဓာတ်ပုံများကိုလည်း ပြသထားသည်။ ဦးစောမောင်ရေးဆွဲထားသော ပုံတူပန်းချီများကိုလည်း လေ့လာနိုင်သည်။

Previous
Previous

Nipattaw Painting (Kyauk Taw Gyi Pagoda, Mandalay)

Next
Next

Nipattaw Painting (Southern Stairway with Two Great Lion Statues of Mandalay Hill)