Nipattaw Painting (Southern Stairway with Two Great Lion Statues of Mandalay Hill)

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • The south corridor of Mandalay Hill is home to an extensive collection of early Nipattaw paintings. Historical records indicate that Saya Aye and Saya Ni (also known as Nandimitta Saya Ni), son of Saya Kha, were the artists responsible for these Nipat paintings.

    The hermit U Khandi frequently adorned the resthouses he constructed with paintings depicting the Ten Great Jataka Tales, the Buddha's life story, and Buddhist and royal histories. These artworks served both aesthetic and moral purposes. To ensure the Nipat art properly incorporated royal customs, U Khandi even arranged for Saya Aye to be trained by Wetmasut Wundauk Min. However, the paintings have significantly faded, making it impossible to determine their original creation dates or verify the artists.

    The southern corridor of Mandalay Hill holds a large collection of these early Nipattaw paintings. The lack of proper preservation within the pagoda corridor, exacerbated by humidity, heat, and dirt, threatens the survival of these valuable artworks, putting them at risk of being permanently lost.

  • မန္တလေးတောင် တောင်ဘက် ခြင်္သေ့ကြီးနှစ်ကောင်စောင်းတန်းရှိ နိပါတ်တော်ပန်းချီများသည် ဆရာအေး၊ ဆရာနီ (နန္ဒိမိတ္တဆရာနီ)တို့ ရေးဆွဲထားသော လက်ရာများဖြစ်သည်ဟု စာပေအထောက်အထားများအရ သိရပါသည်။ ဆရာနီမှာ ဆရာအေးနှင့် ခေတ်ပြိုင်ပန်းချီဆရာ ဆရာခ၏သား ဖြစ်ပါသည်။

    ရသေ့ကြီး ဦးခန္တီဆောက်လုပ်သော ဇရပ်တန်းဆောင်များတွင် မျက်စိပသာဒဖြစ်စေရန် နှင့် ပညာပေးရန်အတွက် ဇာတ်ကြီးဆယ်ဘွဲ့ ဗုဒ္ဓဝင်နိပါတ်တော်၊ မဟာဝင်၊ ရာဇဝင် ဘုရားသမိုင်း ပန်းချီကားများကို ထည့်သွင်းလှူဒါန်းလေ့ရှိသည်။ ရသေ့ကြီးဦးခန္တီက ဆရာအေးအား နန်းဓလေ့သွင်ပြင်များကို နိပါတ်တော်ပန်းချီတွင် စနစ်တကျ ထည့်သွင်းရေးဆွဲနိုင်စေရန် ဝက်မစွတ် ဝန်ထောက်မင်းထံ သင်ကြားစေပြီး နိပါတ်တော်ပန်းချီများကို ရေးဆွဲစေခဲ့သည်။ သို့သော် ပန်းချီကားများ မှေးမှိန်နေပြီဖြစ်သောကြောင့်၊ မည်သည့်ကာလတွင် ရေးဆွဲထားပြီး၊ ထိုပန်းချီဆရာများ ရေးဆွဲထားသည်ဆိုသော အထောက်အထားများကို ရှာဖွေမတွေ့ရှိရတော့ပါ။

    မန္တလေးတောင် တောင်ဘက်စောင်းတန်းသည် ရှေးဦးနိပါတ်ပန်းချီများ အများအပြားရှိရာ နေရာတစ်ခုဖြစ်ပါသည်။ ပန်းချီကားများသည် မှေးမှိန်နေပြီး၊ အညစ်အကြေးများ ဖုံးလွှမ်းနေသောကြောင့် ကြည့်ရှုစစ်ဆေးရန် ခက်ခဲပါသည်။ အဆိုပါပန်းချီကားများသည် ဘုရားစောင်းတန်းတွင် ထိန်းသိမ်းမှု မရှိဘဲ၊ ပျက်စီးပျောက်ကွယ်သွားတော့မည့် အန္တရာယ်နှင့်ကြုံနေရသည်။ စိုထိုင်းဆများနိုင်ခြင်း၊ အပူဒဏ်ခံရခြင်းနှင့် ဖုံအညစ်အကြေးများကြောင့် ပျောက်ကွယ်သွားနိုင်ချေ ရှိနေပါသည်။

Previous
Previous

Nipattaw Painting (U Khandi Museum 1)

Next
Next

Nipattaw Painting (Kuthinayone Pagoda)