Nipattaw Painting (Ananda Pagoda)

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • In a resthouse at the southeast corner, there are illustrations and children's poems. The dates when the paintings in the eastern hall and the southeastern resthouse were created are unknown. These paintings were created by Thein Than Shan and Aung Moe Sann.

    The northern prayer hall has about 25 paintings. It is believed that the Jataka tale paintings in the northern prayer hall were created when the hall was built in 1969. These paintings were done by Maung Ko, Ko Ni, U Kyaw Nyunt, and U Chit Myae.

    These Nipattaw paintings hold significant importance for scholars of Burmese art history and Jataka tales. Beyond their artistic merit, they also serve as important religious artifacts for monks. The Jataka tale paintings, in particular, are notable for their vivid colors, also achieved through the use of zinc and oil paints, which captivate many viewers. Their modern illustrations of children's poems are remarkable features of the pagoda, too.

    Although there were offers to help preserve the Jataka tale paintings, the monks in charge of the pagoda reportedly declined due to concerns that the paintings would be further damaged.

    Due to the earthquake that struck on March 28, 2025, the eastern prayer hall collapsed, damaging the paintings that were hanging inside. However, the paintings that survived the destruction have been salvaged and are now stored in a building on the Ananda Pagoda grounds. However, proper conservation methods have not yet been implemented. In the long term, they could fade and disappear due to dust, dirt, heat, and humidity.

  • အာနန္ဒာဘုရားဝင်းအတွင်း၌ နိပါတ်တော်ပန်းချီများကို စိတ်ဝင်စားဖွယ် တွေ့ရှိနိုင်သည်။ အရှေ့တောင်ထောင့် ဇရပ်တစ်ခုထဲတွင် ကလေးကဗျာနှင့် သရုပ်ဖော်ပန်းချီများကို ရေးဆွဲထားပြီး အဆိုပါဇရပ်မှ ပန်းချီကားများနှင့် အရှေ့ဘက်တန်ဆောင်းရှိ ပန်းချီကားများရေးဆွဲခဲ့သော ခုနှစ်ကို မသိရှိရပါ။ ယင်းပန်းချီကားများကို သိန်းသန်းသျှန်နှင့် အောင်မိုးဆန်း တို့မှ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။

    မြောက်ဘက် အာရုံခံတန်‌ဆောင်းတွင် ပန်းချီကားပေါင်း (၂၅) ချပ်ခန့်ရှိပါသည်။ အဆိုပါမြောက်ဘက်တန်ဆောင်း တည်ဆောက်သည့် ၁၉၆၉ ခုနှစ်ကပင် ထိုနိပါတ်တော် ပန်းချီကားများ ရေးဆွဲခဲ့သည်ဟု ခန့်မှန်းရသည်။ ဤပန်းချီများကို မောင်ကို၊ ကိုနီ၊ ဦးကျော်ညွန့်နှင့် ဦးချစ်မြဲ တို့ရေးဆွဲခဲ့‌‌ကြပါသည်။

    ထိုပန်းချီကားများသည် မြန်မာ့ပန်းချီသမိုင်းလေ့လာသူများနှင့် နိပါတ်တော်ပန်းချီလေ့လာသူများအတွက် အရေးပါသည်။ ဘုန်းတော်ကြီးများအတွက်လည်း သာသနိကဆိုင်ရာ ပစ္စည်းတစ်ခုအနေဖြင့် အရေးပါပါသည်။ နိပါတ်တော်ပန်းချီများ၏ ထူးခြားမှုတစ်ခုဖြစ်သည့် သွပ်နှင့် ဆီဆေး အသုံးပြုမှုကိုတွေ့ရသည်။ အရောင်စိုစိုများ သုံးစွဲမှုရှိရာ လူအများ၏ စိတ်အာရုံကို ဖမ်းစားထားသည်။ ခေတ်သစ်ကလေးကဗျာများနှင့်အတူ သရုပ်ဖော်ပန်းချီများ ရေးဆွဲထားသည်မှာလည်း စိတ်ဝင်စားဖွယ်ဖြစ်သည်။

    ဘုရားရှိ နိပါတ်တော် ပန်းချီများအား ထိန်းသိမ်းရန် ကမ်းလှမ်းမှုများရှိသော်လည်း ပျက်စီးမည်ကို စိုးရိမ်သောကြောင့် ဘုရားအားစောင့်ရှောက်သော ဘုန်းတော်ကြီးက လက်ခံခြင်းမရှိဟု သိရှိခဲ့ရပါသည်။

    ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သောငလျင်ကြောင့် အာနန္ဒာ​စေတီ​တော်မြတ်ကြီး၏ အရှေ့ဘက်အာရုံခံတန်းဆောင်းမှာ ပြိုကျပျက်စီးသွားပြီး အာရုံခံတွင်ချိတ်ဆွဲထားသော ပန်းချီကားများပါ ပျက်စီးထိခိုက်မှုရှိခဲ့သည်။ အပျက်အစီးများထဲမှ အကောင်းတိုင်ကျန်ရှိသော ပန်းချီကားများကို အာနန္ဒာဘုရား ပရဝုဏ်ထဲရှိ အဆောက်အဦတစ်ခုတွင် ထိန်းသိမ်းထားရှိပါသည်။ သို့သော် နည်းစနစ်ကျသည့် ထိန်းသိမ်းမှုများဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။ ဖုံအညစ်အကြေးများ၊ အပူဒဏ်နှင့် စိုထိုင်းဆများခြင်းကြောင့် ရေရှည်တွင် မှေးမိန်ပျောက်ကွယ်သွားနိုင်ပါသည်။

Previous
Previous

Nipattaw Painting (Kuthodaw Pagoda)

Next
Next

Mural Painting (Kyauktawgyi, Amarapura)