Mural Painting (Kyauktawgyi, Amarapura)

 
Myanmar Name: လွန်းရာကျော်ပိုးစစ်ချိတ်
Other Name: ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ်
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ]
Location:

Asset Information

  • The Kyauktawgyi Pagoda in Amarapura was constructed during the reign of King Bagan, with construction starting on April 26, 1849, and finishing in October 1850. The murals on the pagoda's inner walls are believed to have been painted during this same period.

    The murals are unique for their blend of Burmese and Western art and architecture, notably the inclusion of Western-style angels alongside traditional depictions of astrological charts, pagodas, and daily life. The pagoda is an important site for those studying the history of traditional Burmese art, Amarapura-era astrology, and the influence of Western concepts on Burmese art.

    The top of the pagoda was destroyed in the 2025 earthquake, and the interior walls and roof were also damaged. However, the extent of the damage to the murals is currently unknown. A pagoda with a similar name, Kyauktawgyi Pagoda, can be found near Mandalay Hill, and it is known for its Nipattaw paintings.

  • အမရပူရကျောက်တော်ကြီးဘုရားကို ပုဂံမင်းလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၁၈၄၉ ခုနှစ် ဧပြီလ ၂၆ ရက်တွင် စတင်ဆောက်လုပ်၍ ၁၈၅၀ ပြည့်နှစ် အောက်တိုဘာလတွင် တည်ဆောက်ပြီးစီးခဲ့သည်။ နံရံပန်းချီများကို ဘုရား၏ အာရုံခံများရှိ နံရံများတွင် ရေးဆွဲထားခြင်းဖြစ်ပြီး ၁၈၄၉ နှင့် ၁၈၅၀ နှစ်များ အတွင်းရေးဆွဲခဲ့သည်ဟု ယူဆရသည်။

    အနောက်တိုင်းအနုပညာနှင့် ဗိသုကာလက်ရာများတွင် တွေ့ရှိရလေ့ရှိသည့် အိန်ဂျယ် (Angels) များအား မြန်မာမှုဆိုင်ရာ နက္ခတ်တာရာများ၊ ဘုရားပုထိုးကျောင်းကန်များ၊ လူနေမှုဆိုင်ရာ ပန်းချီများနှင့် ရောနှောရေးဆွဲထားသည်မှာ ထူးခြားသည်။ မြန်မာရှေးရိုးပန်းချီသမိုင်း လေ့လာလိုသူများ၊ အမရပူရခေတ်၏ နက္ခတ်တာရာ ယုံကြည်မှုဆိုင်ရာများအား လေ့လာလိုသူများနှင့် မြန်မာရှေးရိုးပန်းချီများတွင် အနောက် တိုင်းအယူအဆများ လွှမ်းမိုးခဲ့ခြင်း ရှိ၊မရှိ လေ့လာလိုသူများအတွက် အရေးပါပါသည်။

    ၂၀၂၅ ခုနှစ် ငလျင်ကြောင့် စေတီတော်၏ ထိပ်ပိုင်းပြိုကျပျက်စီးသွားခဲ့ပြီး စေတီတော်၏အတွင်းနံရံနှင့် အမိုးများလည်း ထိခိုက်ပျက်စီးမှုရှိခဲ့ပါသည်။ သို့သော် နံရံဆေးရေးများ၏ ထိခိုက်ပျက်စီးမှု အတိုင်းအတာအား မသိရှိရပါ။ အမရပူရ ကျောက်တော်ကြီးနှင့် အမည်ဆင်တူသည့် ကျောက်တော်ကြီးဘုရားအား မန္တလေးတောင်အနီးတွင်တွေ့ရှိနိုင်ပြီး၊ ယင်းတွင် နိပါတ်တော်ပန်းချီများအား လေ့လာနိုင်သည်။

Previous
Previous

Nipattaw Painting (Ananda Pagoda)

Next
Next

550 Jataka-Carved Marble Slabs (Pathodawgyi, Amarapura)