Myanmar Traditional Earthenware Pottery (Sagaing)
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
Oh-Bo Ward in Sagaing is a region famous for its traditional earthenware pottery. The name "Oh-Bo" comes from the fact that pottery has been made there continuously since the time of the ancient Burmese kings. Drinking water pots from Sagaing are renowned throughout Myanmar for their cooling properties, which are believed to be better than pots from other regions. As a result, they are bought and used by people from all over the country.
The clay pots are made from a natural clay that is a mixture of red and black earth. The potter shapes the clay with their hands to transform it into a pot. Pots made in the month of Pyatho (December-January) are said to be even cooler, which is why "Sagaing Pyatho pots" are particularly famous. In Burmese Buddhist tradition, new pots are used annually on the first day of the new year in Tagu (April) to bathe Buddha statues and to replace old drinking water pots. They are also used as "paritta pots" for blessings and for pouring water onto the Bodhi tree on the full moon day of Kason (May), commemorating the Buddha's enlightenment.
Raw materials for the pots—red earth—are sourced from villages like Wachat and Kyataung near Mingun and Ywathitgyi. However, due to the current political instability in these areas, transportation has become difficult. This has forced the pottery workshops in Sagaing to halt production. Now, potters have to buy and sell pots and other earthenware from Myingyan, Innwa, and Amarapura.
The Sagaing pottery industry in Oh-Bo Ward is facing severe challenges. The widespread use of modern plastic household goods, the scarcity of raw materials, the unstable regional situation, rising costs for materials and transportation, and a shortage of laborers are making it difficult for the industry to survive. To support the growth of the Sagaing earthenware pottery industry, there is a great need for assistance with raw material resources, financial support, and market development.
The process of making a pot involves several steps:
Clay preparation: A mixture of red and black earth is used to prepare the clay.
Shaping: The kneaded clay is rolled into a ball and placed in the center of a potter's wheel, where it is shaped into the desired form using both hands.
Finishing: The shaped pot is passed to a potter who uses tools to adjust its thickness.
Decoration: After about 15 minutes of finishing, the pot is decorated with designs such as diamond patterns or floral motifs.
Drying: Once the finishing is complete, the pots are laid out in the sun or a windy area to dry.
Firing: The dried pots are fired in a kiln. Anywhere from 300 to 500 pots can be fired at once, using traditional materials like wood and straw.
-
စစ်ကိုင်းမြို့၊ အိုးဘိုရပ်ကွက်သည် ရိုးရာမြေအိုးလုပ်ငန်းနှင့် ပတ်သက်ပြီး ထင်ရှားသော ဒေသတစ်ခုဖြစ်ပါသည်။ အိုးဘိုအရပ်သည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက အစဉ်အဆက် အိုးလုပ်ငန်းလုပ်ကိုင်ခဲ့သည့် နေရာဖြစ်သောကြောင့် "အိုးဘို" ရပ်ကွက်ဟု အမည်တွင်ခဲ့သည်။ စစ်ကိုင်းဒေသထွက် သောက်ရေအိုးသည် အခြားဒေသထွက် အိုးများထက် အေးမြသောဓာတ်ကို ပေးစွမ်းသောကြောင့် မြန်မာပြည်အနှံ့အပြားတွင် စစ်ကိုင်းအိုးဟု ကျော်ကြားလျက်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ဝယ်ယူသုံးစွဲလျက်ရှိသည်။
မြေအိုးများကို မြေနီ၊ မြေနက်ရောနှောထားသော သဘာဝရွှံ့စေးမှ ဖန်တီးထားခြင်းဖြစ်ပြီး အိုးလုပ်သူသည် ရွှံ့စေးကို လက်နှင့်လိုအပ်သလိုပုံဖော်ပြီး မြေအိုးများအဖြစ် ပြောင်းလဲပေးခြင်းဖြစ်သည်။ ပြာသိုလတွင် ပြုလုပ်သောအိုးများသည် ပို၍အေးမြသောကြောင့် စစ်ကိုင်းပြာသိုအိုးသည် နာမည်ကျော်ကြားပါသည်။ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ တန်ခူးလ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရေအိုးအသစ်ဖြင့် ဗုဒ္ဓဆင်းတုတော်များအား ရေသပ္ပါယ်ခြင်း၊ သောက်ရေအိုးအသစ်များ လဲလှယ်ခြင်း၊ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်သည့်နေရာတွင် ပရိတ်အိုးများအဖြစ် ကပ်လှူခြင်း၊ ဗုဒ္ဓဘုရားရှင်အမှီပြု ပွင့်တော်မူသည့် ဗောဓိညောင်ပင်အား ကဆုန်လပြည့်နေ့တွင် အိုးသစ်များဖြင့် ညောင်ရေသွန်းလောင်း ပူဇော်ခြင်းတို့ကို နှစ်စဉ်ဆောင်ရွက်လျက်ရှိသည်။
မြေအိုးပြုလုပ်ရန် ကုန်ကြမ်းကို မင်းကွန်းဘက်မှ ဝါးချက်၊ ကြတောင် စသည့်ကျေးရွာများနှင့် ရွာသစ်ကြီးတို့မှ မြေနီများကို မှာယူကြရသည်ဖြစ်ရာ ယခုအချိန်တွင် ထိုဒေသများသည် နိုင်ငံရေးအခြေအနေ မငြိမ်သက်မှုများကြောင့် သယ်ယူပို့ဆောင်ရန်ခက်ခဲမှုများ ရှိနေသည်။ ထို့ကြောင့် စစ်ကိုင်းမြို့တွင် မြေအိုးပြုလုပ်ခြင်းလုပ်ငန်းသည် ရပ်တန့်နေပြီး မြင်းခြံနှင့် အင်းဝ၊ အမရပူရမြို့တို့မှ မြေအိုးနှင့်မြေထည်ပစ္စည်းများကို ဝယ်ယူရောင်းချနေရပါသည်။
ခေတ်ပေါ်ပလတ်စတစ်အိမ်သုံးကုန်ပစ္စည်းများ ကျယ်ပြန့်စွာအသုံးပြုလာခြင်း၊ မြေနီကုန်ကြမ်းရှားပါးလာခြင်းနှင့် နယ်မြေအခြေအနေမကောင်းခြင်း၊ ကုန်ကြမ်းဈေးနှုန်းများနှင့် သယ်ယူစရိတ်မြင့်တက်လာခြင်း၊ အလုပ်သမားရှားပါးလာခြင်းတို့ကြောင့် အိုးဘိုအရပ်ရှိ စစ်ကိုင်းမြေအိုးပြုလုပ်သည့်လုပ်ငန်းသည် ဆက်လက်ရပ်တည်ရန် ခက်ခဲမှုများရှိနေသည်။ စစ်ကိုင်းမြေအိုးလုပ်ငန်းတိုးတက်မှုအတွက် ကုန်ကြမ်း အရင်းအမြစ်များ၊ ငွေကြေးပံ့ပိုးမှုများ၊ စျေးကွက်ဖော်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန်အထူးလိုအပ်နေပါသည်။
မြေအိုးပြုလုပ်သော လုပ်ငန်းစဉ်မှာ -
မြေနီ၊ မြေနက်ကိုအသုံးပြု၍ ရွှံ့စေးပြင်ဆင်ရသည်။
အိုးပုံဖော်ခြင်းအနေဖြင့် ရွှံ့မြေညက်ကိုလုံး၍ အိုးထိန်းစက်၏ အလယ်ဗဟိုတွင် တည်ကာ လက်နှစ်ဖက်ဖြင့် အလိုရှိသော အိုးပုံစံသို့ ရောက်အောင် ပြုပြင်ရသည်။
ပုံသွန်းပြီးသော အိုးကို အိုးခတ်မည့်သူထံ ပို့ရသည်။ အိုးခတ်သူသည် ကိရိယာများအသုံးပြုပြီး အိုး၏အထူအပါးကို ညှိပေးသည်။
အိုးအလှဆင်ရာတွင် အိုးခတ်၍ (၁၅) မိနစ်ခန့်ကြာသော် မှန်ကူကွက်၊ ပန်းခက်ပန်းနွယ် စသည်တို့ဖြင့် ပုံဖော်ပြီးသောအခါ၊ အိုးတစ်လုံးကို အချောကိုင်ပြီးဖြစ်သည်။
အချောကိုင်ပြီးလျှင် နေပူရာတွင်ဖြစ်စေ၊ လေသလပ်ရာတွင်ဖြစ်စေ ဖြန့်ချထားပြီး အခြောက်ခံရသည်။
အချောကိုင်ပြီး သွေ့ခြောက်ပြီးသော အိုးများကို မီးဖုတ်ပေးရသည်။ မီးဖုတ်ရာ၌ အိုးပေါင်း ၃ဝဝ မှ ၅ဝဝ အထိ တစ်ပြိုင်တည်း မီးဖုတ်ပေးကြသည်။ အိုးများကို ရိုးရာအတိုင်း သစ်သားနှင့် ကောက်ရိုးများကိုသုံးပြီး မီးဖုတ်ကြပါသည်။