Myanmar Traditional Achiek (Luntaya Achiek)
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
The weaving of sikhone acheik (silk textiles with wavy patterns) is believed to have originated in the late Innwa era. The craft flourished during the Amarapura period, when more intricate designs and vibrant colors were created. Traditional motifs, such as peacocks, lions, and hintha were woven into the patterns. These can be seen in historical murals, paintings, and literary records. "Lungyakyaw" refers to a type of acheik fabric that is made using more than 100 shuttles.
Burmese traditional textiles, particularly the acheik, hold deep cultural significance. Worn with pride by Burmese people, especially women, during special occasions like weddings and ceremonies, these textiles are iconic representations of Myanmar and its people on the international stage. The lunyakyaw silk textile, a high-quality, high-value craft, is particularly notable for the extensive time required to weave a single piece, contributing to its status as a valuable part of Myanmar's heritage.
The traditional weaving industry faces a critical shortage of skilled weavers, despite some apprentices learning the craft. This, combined with the high price of these textiles and the increasing prevalence of cheaper, machine-made imitations and computer-embroidered fabrics, threatens this traditional industry with complete market loss. Urgent support is needed, including resources, funding, and market development, to safeguard its future.
The process of weaving a lunyakyaw sikhone acheik involves several steps. The raw silk, which is the main material, is sourced from Amarapura. The silk threads are then dyed and spun. Each thread is carefully cleaned, and ten of them are twisted together to form a single yarn. This yarn is then threaded onto the loom using a shuttle. For the warp and weft, only pure silk thread is used. After selecting the design and colors, the pattern is set, and the weaving begins according to the design sheet. It can take nearly two months to weave a single piece of acheik fabric.
-
ပိုးစစ်ချိတ်ကို အင်းဝခေတ်နှောင်းပိုင်းမှ စတင် ရက်လုပ်ဝတ်ဆင်ခဲ့သည်ဟု ယူဆရသည်။ အမရပူရခေတ်တွင် တိုးတက်လာပြီး ပိုမိုခမ်းနားလှပသော ဒီဇိုင်းများ၊ အရောင်စုံများနှင့် ဖန်တီးနိုင်ခဲ့သည်။ ထူးခြားသည့် ဒီဇိုင်းများ၊ ရုပ်လုံးတော်ပုံစံများ (ဒေါင်း၊ ခြင်္သေ့၊ ဟင်္သာ စသည်)အား ချိတ်ပုံနည်းများဖြင့် ရက်လုပ်ဖန်တီးခဲ့ကြသည်ကို အစဉ်အဆက် နံရံဆေးရေးပန်းချီများ၊ ပန်းချီကားများနှင့် စာပေမှတ်တမ်းများမှ တွေ့ရှိနိုင်သည်။ လွန်းရာကျော် ဆိုသည်မှာ အချိတ်အထည်များကို လွန်းတစ်ရာကျော် (၁၀၀ ကျော်) အသုံးပြု၍ ရက်ခြင်းကို ဆိုလိုသည်။
မြန်မာ့ရိုးရာ အလှူ၊ မင်္ဂလာဆောင်၊ ပွဲတက်အခမ်းအနားများတွင် မြန်မာလူမျိုးများ အထူးသဖြင့် မြန်မာအမျိုးသမီးတို့ ဂုဏ်ယူမြတ်နိုးစွာဝတ်ဆင်လေ့ ရှိကြပြီး ယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခု ဖြစ်သည်။ နိုင်ငံတကာမှနေ၍ မြန်မာအချိတ်ဆိုသည်နှင့် မြန်မာနိုင်ငံ၊ မြန်မာလူမျိုးတို့ကိုပါ တွဲမြင်တတ်လေ့ရှိကြသဖြင့် မြန်မာလူမျိုးအတွက် ဝတ်စားဆင်ယင်မှုဆိုင်ရာ အမွေအနှစ်တစ်ခု ဖြစ်သည်။ လွန်းရာကျော်ပိုးချိတ် တစ်ထည်ရရှိရန် အချိန်ကြာမြင့်စွာ ရက်လုပ်ရသဖြင့်၊ အရည်အသွေးမြင့်ပြီး တန်ဖိုးမြင့် လက်ရာအထည်များ ဖြစ်လာသည်။
ပညာသင်လက်ဆင့်ကမ်းသူအချို့ရှိသော်လည်း ကျွမ်းကျင်ပိုးထည်ရက်လုပ်သူ ရှားပါးခြင်း၊ တန်ဖိုးမြင့်မားခြင်း၊ ဈေးနှုန်းသက်သာသော ချိတ်ဒီဇိုင်းအထည်များ အစားထိုးလာခြင်း၊ ရိုးရာချိတ်ဒီဇိုင်းများကို တုပပြီး စက်ရက်ကန်းထည်များ တင်သွင်းခြင်း၊ ကွန်ပြူတာစက်ပန်းထိုးထည်များ ထုတ်လုပ်ခြင်းသည် ရိုးရာရက်ကန်းလုပ်ငန်းကို ထိခိုက်မှုများစွာရှိစေပြီး ဈေးကွက်ပျောက်ဆုံးနိုင်သည်အထိ ခြိမ်းခြောက်လျက်ရှိသည်။ ပိုးစစ်ချိတ်လုပ်ငန်းတိုးတက်မှုအတွက် လိုအပ်သော အရင်းအမြစ်များ၊ ငွေကြေးပံ့ပိုးမှုများ၊ စျေးကွက်ဖော်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန်အထူးလိုအပ်နေပါသည်။
လွန်းရာကျော်ပိုးစစ်ချိတ်ရက်လုပ်ရန်အတွက် အဓိကကုန်ကြမ်း ပိုးအရိုင်းကို အမရပူရမှ ဝယ်ယူပြီး အရောင်ဆိုးကာ၊ ပိုးချည်များကို တစ်မျှင်ချင်း ရှင်းလင်းပြီး ဆယ်မျှင်ပေါင်းရပါသည်။ ထိုဆယ်မျှင်ပေါင်းပြီးမှ ချည်တစ်ပင်ရလာခြင်း ဖြစ်သည်။ ထိုချည်ပင်များကို ရက်လုပ်ရန် ရက်ဖောက်အတွင်းထည့်၍ လွန်းထဲကို တက်ရသည်။ အတိုင်အဖောက်တွင် ပိုးချည်သီးသန့်သာသုံးခြင်း ဖြစ်သည်။ အထည်ဒီဇိုင်းနှင့် ပိုးချည်အရောင်ရွေး၊ အရောင်စပ်ပြီးနောက် ပုံတင်၊ ဒီဇိုင်းနုတ်စာရွက်ကိုကြည့်ပြီး အထည်ကို စတင်ရက်ကန်းခတ်၍ ပိုးစစ်ချိတ်အထည်များ ရက်လုပ်ရခြင်း ဖြစ်သည်။ ချိတ်လုံချည် တစ်ကွင်းရရှိရန် အချိန်အားဖြင့် နှစ်လနီးပါးကြာသည်အထိ ရက်လုပ်ရပါသည်။