Mahazigongyi Pagoda
Myanmar Name: | မဟာစည်းခုံကြီးစေတီတော် |
Other Name: | |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | Parami Ward, Sagaing City, Sagaing. [ပါရမီရပ်ကွက်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်တိုင်း။] |
Asset Information
-
The Mahazigongyi Pagoda was built and enshrined by Sagaing King Thihapati and his queen, Queen Soe Min, in 1352. The pagoda's relics include bodily relics, a silver Buddha statue, three canonical scriptures, and the Tripitaka. Along with the pagoda, a monastery was built with vermillion and gold, and a stone inscription recorded the donation of villages, lands, palm trees, and many temple slaves. The pagoda was modeled after the Shwezigon Pagoda in Bagan, and its large size led to its name, Mahazigongyi.
The pagoda, a significant example of Burmese architecture, features a staircase and a vaulted entrance on each of its four sides. Its terraces are embellished with sculptures of mythical nagas and lions, while the design incorporates kalatha (votive) pots, subsidiary stupas at the four corners, and two-bodied lion statues at the base. Recognized as one of Sagaing's seven great historical pagodas, it hosts an annual Buddha Pujaniya festival on the 11th day of the waxing moon of Tabodwe (February-March).
Initially, the pagoda, despite being repaired and donated by successive kings, remained a large brick ruin for many years after an earthquake. It underwent renovation and rebuilding efforts after 2019.
The pagoda suffered further damage in the 2025 earthquake. The remains of glazed plaques at the base of the pagoda suggest that it was originally decorated with glazed relief sculptures. However, due to natural erosion, only the empty spaces where the plaques once were can be seen. Given its continued susceptibility to natural disasters like earthquakes, ongoing preservation will necessitate expert support, conservation techniques, and funding.
-
မဟာစည်းခုံကြီးစေတီကို ၁၃၅၂ ခုနှစ်တွင် စစ်ကိုင်းမင်းဆက် ဆင်ဖြူရှင် သီဟပတိမင်းနှင့် မိဖုရားစိုးမင်းကိုယ်တော်ကြီးတို့က တည်ထားကိုးကွယ်ခဲ့သည်။ သရီဓာတ်၊ ငွေဘုရားဆင်းတုတော်၊ ကျမ်းဦးသုံးကျမ်းနှင့် ပိဋကတ်တို့ကိုဌာပနာပြီး စေတီနှင့်အတူ၊ ဟင်္သာပြဒါးရွှေအတိပြီးသော ကျောင်းတော်တည်ဆောက်ကာ ရွာ၊ မြေ၊ ထန်း၊ ကျွန်သီးတော် များစွာကို ကျောက်စာရေးထိုး လှူဒါန်းခဲ့သည်။ ပုဂံမြို့ရွှေစည်းခုံစေတီပုံစံအတိုင်း တည်ဆောက်ထားခြင်းဖြစ်ပြီး အရွယ်အစားကြီးမားသော စေတီပုံစံကြောင့် မဟာစည်းခုံကြီးဟု ဘွဲ့အမည်တွင်ခဲ့ခြင်းဖြစ်သည်။
စေတီတော်အရပ်လေးမျက်နှာတွင် လှေကားတစ်စင်းစီနှင့် မုခ်ပေါက်တစ်ခုစီ ပါဝင်ပြီး လှေကားဘေးတစ်ဖက်တစ်ချက် ပစ္စယံအဆင့်ဆင့်တွင် နဂါး၊ ခြင်္သေ့များကဲ့သို့ ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်ထားသည်။ စေတီ၏ ထောင့်လေးထောင့် ပစ္စယံအဆင့်ဆင့်တွင် ကလသာအိုးများ၊ ထောင့်စေတီရံများနှင့် ဖိနပ်တော်တွင် ကိုယ်နှစ်ခွခြင်္သေ့ရုပ်တုများလည်း ထည့်သွင်းတည်ဆောက်ထားသည့် မြန်မာ့ဗိသုကာပညာ၏ အရေးပါမှုများကို တွေ့ရသည်။ စစ်ကိုင်းမြို့ သမိုင်းဝင်ကြီး(၇)ကြီးတွင် ပါဝင်သော စေတီကြီးတစ်ဆူ ဖြစ်သည်။ တပေါင်းလဆန်း (၁၁) ရက်တွင် ဗုဒ္ဓပူဇနိယပွဲကို နှစ်စဉ်ကျင်းပပါသည်။
ခေတ်အဆက်ဆက်ဘုရင်များမှ ပြုပြင်မွမ်းမံလှူဒါန်းမှုများရှိခဲ့သော်လည်း ငလျင်ဒဏ်ကြောင့် အုတ်ပုံကြီးအဖြစ် နှစ်ရှည်တည်ရှိနေရာမှ၊ ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် ပြန်လည်မွမ်းမံတည်ဆောက်ခဲ့သည်။
၂၀၂၅ ခုနှစ် ငလျင်ကြောင့် ပြိုကျပျက်စီးမှုများရှိခဲ့ပြန်သည်။ စေတီတော်ကြီး၏ အောက်ခြေပတ်လည်တွင် စဉ့်ကွင်းတပ်ဆင်ရန်နေရာများကို တွေ့နိုင်သောကြောင့် မူလက စဉ့်ကွင်းရုပ်ကြွများဖြင့် အလှဆင်ခဲ့ဟန်တူသည်။ သို့သော် သဘာဝ၏ တိုက်စားမှုများကြောင့် ယခုအချိန်တွင် စဉ့်ကွက်နေရာများကိုသာ တွေ့ရှိလေ့လာခဲ့ရသည်။ လက်ရှိတွင် ငလျင်လှုပ်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး ဆက်လက်ထိန်းသိမ်းရန်အတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေများ လိုအပ်လျက်ရှိပါသည်။






