Yadana Ceti Sin Myar Shin Pagoda

 
Myanmar Name: ရတနာစေတီ ဆင်များရှင်ဘုရား
Other Name: မဟာရတနာစေတီ၊ ဆင်များရှင်ဘုရား
Type of Asset: Architecture [ဗိသုကာလက်ရာများ]
Location: Pabedan Ward, Sagaing City, Sagaing.
[ပန်းဘဲတန်းရပ်၊ စစ်ကိုင်းမြို့၊ စစ်ကိုင်တိုင်း။]

Asset Information

  • In 1430, King Mo Hnyin of Innwa built the pagoda to enshrine five relics of the Buddha brought from Sri Lanka and originally named Maha Yadana Pagoda. In 1485, King Min Khaung of Innwa repaired the pagoda after it was damaged by an earthquake. He had the pagoda's boundary wall adorned with numerous elephant statues, which led to it being renamed Sin Myar Shin Pagoda, or Pagoda of Many Elephants.

    The pagoda's entrance is guarded by two large elephant statues, with more elephants adorning the main wall. These symbolize protection and longevity, reflecting deeply held religious beliefs of the Burmese people. The pagoda is also an excellent example of the grandeur of Innwa-era architecture. Historical records of repairs made by successive kings and monastic communities provide valuable insights into the people's deep-rooted faith and document the effects of earthquakes in the Sagaing region.

    As pagodas with elephant statues are rare in Myanmar, the Sin Myar Shin Pagoda is one of the best examples for studying this type of architecture. An annual Kason pouring-of-water festival is held here on the full moon day of Kason (May), along with other religious ceremonies during the Buddhist Lent.

    The pagoda suffered extensive damage during the 2025 earthquake and is currently undergoing repairs. Its continued preservation is essential, requiring expert assistance, specialized conservation methods, and financial support due to the persistent risk of natural disasters.

  • ၁၄၃၀ ပြည့်နှစ်တွင် အင်းဝဘုရင် မိုးညှင်းမင်းတရားသည် သီရိလင်္ကာမှပင့်ဆောင်လာသော သရီဓာတ်တော်ငါးဆူကို ဌာပနာ၍ မဟာရတနာစေတီအမည်ဖြင့် စေတီတည်ခဲ့သည်။ ၁၄၈‌‌၅ ခုနှစ်တွင် အင်းဝဘုရင်မင်းခေါင်က ငလျင်ဒဏ်ကြောင့် ကွဲအက်ပျက်စီးမှုများကို ပြုပြင်ခဲ့ပြီး စေတီတော်၏မဟာရံတံတိုင်း၌ ဆင်ရုပ်များစွာခြံရံ၍ ထပ်မံတည်ထားကိုးကွယ်ခဲ့သောကြောင့် ဆင်များရှင်ဘုရားဟု အမည်တွင်ခဲ့သည်။

    ဘုရားဝင်ပေါက်ရှေ့မှ ဆင်ကြီးနှစ်ကောင်ရုပ်တုနှင့် စေတီတော်၌ခြံရံ‌ထားသော ဆင်ရုပ်များသည် စေတီတော်ကြီးအား ကာကွယ်သည့်၊ တည်တံ့စေလိုသည့် သင်္ကေတဖြစ်ပြီး မြန်မာလူမျိုးတို့၏ ဘာသာရေးဆိုင်ရာယုံကြည်ကိုးကွယ်မှုအရ အရေးပါသော တန်ဖိုးတစ်ခုဖြစ်သည်။ အင်းဝခေတ်ဗိသုကာပညာ၏ ခမ်းနားထည်ဝါမှုကို လေ့လာနိုင်သည်။ ခေတ်အဆက်ဆက်ဘုရင်များ၊ သံဃာအဖွဲ့အစည်းများမှ ပြုပြင်ခဲ့ကြသောသမိုင်းမှတ်တမ်းများမှ ဘာသာရေးဆိုင်ရာ သက်ဝင်ယုံကြည်မှုများနှင့် စစ်ကိုင်းမြို့၏ ငလျင်ဒဏ်ကြုံတွေ့ခံစားခဲ့ရမှုများကို မှတ်တမ်းတစ်ခုအနေဖြင့် တွေ့ရှိနိုင်သည်။

    မြန်မာဆင်ရုပ်ခံဘုရား အရေအတွက်သည်နည်းပါးသောကြောင့် ဆင်များရှင်စေတီသည် ဆင်ရုပ်ခံစေတီများအကြောင်းလေ့လာနိုင်ရန် အကောင်းဆုံးနမူနာများတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်ကို နှစ်စဉ်ကျင်းပသည်။ ဝါတွင်း ပရိတ်ပူဇော်ပွဲများလည်း ရှိသည်။

    ၂၀၂၅ ခုနှစ် ငလျင်ကြောင့် ဆင်များရှင်ဘုရားသည် ပြိုကျပျက်စီးမှုများရှိခဲ့သည်ရာ ပြုပြင်နေဆဲဖြစ်သည်။ လက်ရှိတွင် ငလျင်လှုပ်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး ဆက်လက်ထိန်းသိမ်းရန်အတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေများ လိုအပ်လျက်ရှိပါသည်။

Previous
Previous

Ananda Pagoda

Next
Next

Mahazigongyi Pagoda