Maung-O Bridge
Myanmar Name: | မောင်အိုအုတ်လမ်း |
Other Name: | မဟာဇေယျပထတံတားကြီး |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | From Inwa's Hanthawaddy Gate to Mingalar Zedi in Tada-U Township, Inwa, Mandalay. [အင်းဝမြို့၏ ဟံသာဝတီတံခါးမှ တံတားဦးမြို့ မင်္ဂလာစေတီအနီးအထိ၊ အင်းဝမြို့၊ မန္တလေးတိုင်း။] |
Asset Information
-
The site was originally a wooden bridge built by King Min Khaung I to travel from Innwa to Tada-U. In 1827, during the reign of King Bagyidaw, Queen Nanmadaw Mal Nu's brother, Prince Maung O, rebuilt the bridge with bricks. It was then named the Maung O Bridge and Brick Road.
This bridge stands as one of the best and longest-preserved bridges still in use. Its brick archways and railings exemplify Konbaung era Burmese architecture. Historically, it served as a crucial link for travel, trade, and social connections between Innwa and other cities, making it a valuable testament to Innwa's history and culture.
Currently, the Department of Archaeology and National Museum is responsible for the bridge's maintenance and preservation. However, it faces ongoing threats from natural disasters like floods and earthquakes. To ensure its long-term survival, expert support, advanced conservation techniques, and sufficient funding are essential.
-
အင်းဝဘုရင် ပထမမင်းခေါင်သည် အင်းဝမှ တံတားဦးသို့ ကူးသန်းသွားလာရန် ဆောက်လုပ်ခဲ့သော သစ်သားတံတားနေရာဖြစ်ပြီး၊ ၁၈၂၇ ခုနှစ် ဘကြီးတော်မင်းလက်ထက်တွင် မိဖုရား နန်းမတော်မယ်နု၏မောင်တော် မင်းသားကြီးမောင်အိုမှ ယင်းတံတားနေရာတွင် အုတ်တံတားတစ်စင်း ထပ်မံတည်ဆောက်ခဲ့ရာမှ မောင်အိုတံတားနှင့် အုတ်လမ်းဟု အမည်တွင်ခဲ့သည်။
ရှေးမူမပျက်ကျန်ရှိနေပြီး လူများအသုံးပြုလျက်ရှိသော တံတားများထဲတွင် အကောင်းဆုံးနှင့် အရှည်ဆုံးတံတားဖြစ်သည်။ အုတ်မုခ်တိုင်၊ အုတ်တံတိုင်းအကာအရံတို့ဖြင့် တည်ဆောက်ထားသောကြောင့် ကုန်းဘောင်ခေတ်၏ မြန်မာ့ဗိသုကာပညာကိုလေ့လာနိုင်သည်။ အင်းဝမြို့နှင့် အခြားမြို့များအား သွားလာခြင်း၊ ကုန်သွယ်ခြင်း၊ လူမှုရေးအရဆက်သွယ်ခြင်းများအတွက် အရေးပါသောတံတားတစ်ခုဖြစ်ပြီး အင်းဝမြို့သမိုင်းနှင့် ယဉ်ကျေးမှုကို ဖော်ပြနေသော သမိုင်းတန်ဖိုးတစ်ခုဖြစ်သည်။
ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး ဆက်လက်ထိန်းသိမ်းရန်အတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေများ လိုအပ်လျက်ရှိပါသည်။






