Phaung Daw Oo Pagoda
| Myanmar Name: | ဖောင်တော်ဦးဘုရား ရတနာစံကျောင်းတော် |
| Other Name: | |
| Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
| Location: | Nanhhu Village Tract, Nayungshwe (Yawnghwe) Township, Southern Shan State. [နန်းဟူးကျေးရွာအုပ်စု ၊ ညောင်ရွှေမြို့နယ် ၊ ရှမ်းပြည်နယ်တောင်ပိုင်း] |
Asset Description
-
The Phaung Daw Oo Pagoda houses five sacred Buddha images that have been so heavily covered in gold leaf that their original forms are no longer discernible. The Yadanar San Temple where the images are enshrined was constructed and donated on September 2, 1952, in Nanhhu Village, Nyaungshwe Township, Southern Shan State, by the Chief Monk of the Shwegu sect, Sayadaw U Acara (Ashin Acara), and nine members of the supporting committee.
The monastery building was constructed using bricks, wood, and iron, and it features a stupa built on top of the main structure. This stupa is notable for having seven tiers. The building was designed with stairs on all four sides for ascent, and a central shrine houses the revered five Buddha images. Next to the main monastery building, a smaller structure was built, including the Karaweik Royal Barge. The Karaweik barge is the ceremonial vessel used during the annual Pagoda Festival to process the Buddha images around the villages on Inle Lake for public veneration.
The Yadanar San Monastery is not only a religious building but also a place where visitors can see traditional handicrafts, customs, and local cuisine. In March 2015, an earthquake on the 28th damaged and affected the monastery building, the platform (courtyard), the Karaweik Royal Barge, and the building that houses the barge. Repairs and maintenance work is currently in progress.
The annual Phaung Daw Oo Pagoda Festival, celebrated in the Inle region during September and October, centers on the veneration of sacred Buddha images. For 21 days, these images are paraded on the Karaweik barge, pulled by traditional Intha leg-rowers in their long boats, around the villages surrounding Inle Lake. Following this, they reside in Nyaungshwe for three days before returning to the Yadanar San Temple on the Full Moon day of Thadingyut, where a special ceremony marks their return.
More than just a religious observance, the festival is a vibrant showcase of the Inle region's traditional customs, beliefs, and preserved heritage. A unique local tradition involves predicting the future by observing leftover rice and curry from the dinner consumed by the Pagoda Trustees and their entourage. The festival also features traditional leg-rowed boat races, adding to the cultural richness of the event.
-
ဖောင်တော်ဦးဘုရားများမှာ ရုပ်ပွားတော် (၅)ဆူဖြစ်ပြီး ရွှေချထားသဖြင့် ဆင်းတုတော်ပုံသဏ္ဌာန်ကို မတွေ့ရတော့ပေ။ ဆင်းတုတော်များ ထားရှိပူဇော်ရန် ၁၉၅၂ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် ရွှေဂူဂိုဏ်းချုပ်ဆရာတော် အရှင်အာစာရ နှင့် ဂိုဏ်းထောက်အုပ် ( ၉ ) ပါးအမှုပြု၍ ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့ နန်းဟူးကျေးရွာ၌ ကျောင်းဆောင် ဆောက်လုပ်လှူဒါန်းခဲ့ကြပါသည်။
ကျောင်းတော်ကို အုတ်၊သစ်သား၊ သံတို့ကိုအသုံးပြုပြီးတည်ဆောက်ထားပြီး ကျောင်းတော်အပေါ်တွင် စေတီပုံစံတည်ဆောက်ထားပါသည်။ ကျောင်းဆောင်စေတီကို ဘုံခုနှစ်ဆင့် ဖြင့်တည်ထားတာကို တွေ့ရသည်။ ကျောင်းဆောင်ကို လေးဖက်မှ လှေခါးများဖြင့် တက်နိုင်ရန် တည်ဆောက်ထားပြီး အလည်တွင် ဆင်းတုတော်များထားရန် ကျောင်းဆောင်တစ်ခုထားရှိပါသည်။ ကျောင်းဆောင်ကြီး ဘေးတွင် ကရဝိတ်ဖောင်တော်နှင့် ကျောင်းဆောင်ကိုလည်း ဆောက်လုပ်ထားပါသည်။ ကရဝိတ်ဖောင်တော်မှာ ဘုရားပွဲကျင်းပချိန်တွင် ဘုရားဆင်းတုတော်များပင့်ဆောင်၍ အင်းလေးကန်အတွင်း ရွာစဉ်အပူဇော်ခံရာတွင် တင်ဆောင်သော ဖောင်ဖြစ်ပါသည်။
ရတနာစံ ကျောင်းဆောင်သည် ဘာသာရေး အဆောက်အအုံ နေရာတစ်ခုဖြစ်သည်သာမက ရိုးရာ လက်မှုလုပ်ငန်းများ၊ ဓလေ့ထုံးစံများ၊ ရိုးရာအစားအသောက်များကို တွေ့မြင်နိုင်သော နေရာလည်းဖြစ်ပါသည်။ ၂၀၁၅ ခုနှစ် မတ်လ ၂၈ ရက်၌ဖြစ်ပွားခဲ့သော ငလျင်ကြောင့် ကျောင်းတော်နှင့် ရင်ပြင်သာမက ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားသည့် အဆောက်အဦးပါ ပျက်စီးထိခိုက်မှုများရှိခဲ့ပြီး ဆက်လက်ပြုပြင်ထန်းသိမ်းမှုများ ပြုလုပ်လျက်ရှိသည်။
ဖောင်တော်ဦး ဆင်းတုတော်များကို အကြောင်းပြု၍ အင်းလေးဒေသတွင် ဖောင်တော်ဦး ဘုရားပွဲကို နှစ်စဉ် စက်တင်ဘာလနှင့် အောက်တိုဘာလတွင် ကျင်းပလေ့ရှိကြပြီး၊ အင်းလေးကန် ပတ်လည်ရှိ ရွာများသို့ (၂၁)ရက် အကြာလှည့်လှည်အပူဇော်ခံပြီးနောက် ညောင်ရွှေတွင် (၃)ရက် စံကာ ပူဇော်ကျင်းပကြသည်။ ဆင်းတုတော်များ ပင့်ဆောင်လာသော ကရဝိတ်ဖောင်ကို ခြေဖြင့်လှော်ခပ်ကြသော အင်းသားများ၏ ဆွဲလှေများဖြင့် အင်းလေးကန်တလျှောက်ဆွဲကြသည်က ရိုးရာအစဉ်အလာဖြစ်ပါသည်။ ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် ရတနာစံကျောင်းဆောင်သို့ ပြန်လည်ရောက်ရှိပြီး ကျောင်းတော်ဝင်ပွဲကျင်းပကြသည်။
ဘုရားပွဲတော်သည် ဘာသာရေးပွဲတော်တစ်ခုထဲသာမက အင်းလေးဒေသ၏ ရိုးရာဓလေ့ထုံးစံများ၊ ယုံကြည်မှုများ၊ အစဉ်အလာစောင့်ထိန်းမှုများကို တွေ့နိုင်ပါသည်။ ဘုရားပွဲတွင် ဘုရားဂေါပကများနှင့် ဘုရားနောက်ပါတော်များ ညစာစားသုံးပြီး ကျန်ရှိသော ထမင်းဟင်းကို ကြည့်၍ ရှေ့ဖြစ်ကိုနိမိတ်ဖတ်သော ဓလေ့မှာ အင်းသားတို့၏ ရိုးရာယုံကြည်မှုတစ်ခုဖြစ်ပါသည်။ ထို့ပြင် ခြေဖြင့်လှော်ရသော ရိုးရာလှေပြိုင်ပွဲများကိုလည်း ကျင်းပကြပါသည်။