Holy Family Cathedral - Mawlamyine
Myanmar Name: | သန့်ရှင်းသောအိမ်ထောင်စုကာသီဒြယ်ဘုရားကျောင်း |
Other Name: | မွန်မြတ်သောအိမ်ထောင်စုကတ်သလစ်သာသနာဘုရားရှိခိုးကျောင်း၊ Holy Family Church, JMJ. |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | Upper Main Road, Mayangone Ward, Mawlamyaing, Mon State. [အထက်လမ်းမကြီး၊ မရမ်းကုန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။] |
Asset Information
-
Among the prominent churches in Mawlamyine, the Holy Family Cathedral stands out with its red-brick architecture and distinctive rose windows, reflecting a European architectural style. It was built in the 19th century by Bishop Paul Ambroise Bigandet of the Paris Foreign Missions Society (MEP - Missions Étrangères de Paris). [The church's establishment is noted with key dates: 1830, 1859, and 1887, with its designation as Holy Family Cathedral in 1993.]
The entire building is adorned with European Gothic Revival elements, notably the round stained-glass windows, also known as rose windows. The thoughtful placement of these windows not only serves to let in light but also enhances the visual beauty of the space. The side walls, which each feature six rose windows, are also said to be decorated with European-style murals. Other interesting features of the church's European architecture include the use of red brick, a spiral staircase without iron supports, and the worship bells.
In addition to being a place of worship for Roman Catholics, the cathedral is a significant building for Christians, as it hosts various religious festivals, ordinations, Christmas and Easter celebrations, jubilees, and annual Christian gatherings.
Many of Mawlamyine's heritage buildings are deteriorating due to the salty sea air. The Holy Family Cathedral is currently undergoing renovations, supervised by Roman Catholic authorities and supported by the Paris Foreign Missions (MEP).
-
မော်လမြိုင်မြို့၏ အထင်ကရ ဘုရားကျောင်းများအနက် အုတ်နီယဉ်ကျေးမှုနှင့် စင်္ကြာပြတင်းပေါက်တို့ဖြင့် ထင်ရှားလှသည့် ဥရောပဟန် ဗိသုကာအငွေ့အသက်များနှင့် Holy Family Cathedral - Mawlamyine ကို ၁၉ ရာစုတွင် Bishop Paul Ambroise Bigandet of the Paris Foreign Missions Society (MEP - Missions Étrangères de Paris) မှ ဆောက်လုပ်ခဲ့ပါသည်။ (EST 1830/ 1859/ 1887 ( Holy Family Cathedral, Mawlamyine ကို ၁၉၉၃ ခုနှစ်တွင် ပြဌာန်း))
အဆောက်အအုံတစ်ခုလုံး ဥရောပ ဂေါသစ်ဗိသုကာဟန် (European Gothic Revival style) အလင်းဝင်ပေါက် စင်္ကြာပြတင်းတို့ဖြင့် ဆင်ယင်ထားသည်။ နံရံဖွဲ့စည်းထားပုံအလိုက် သင့်လျော်သော စင်္ကြာပြတင်းများ ရွေးချယ်ထားသိုပုံမှာ အလင်းရောင်ရရှိစေရေး ရည်ရွယ်ချက်တစ်ခုတည်းကြောင့် မဟုတ်ဘဲ အမြင်ဆိုင်ရာပသာဒကျမှုကိုပါ ထည့်တွေးစဉ်းစားထားကြောင်းတွေ့ရှိရသည်။ စင်္ကြာပြတင်းပေါက် (၆) ခုစီ နေရာယူထားသော ဘေးဘက်နံရံတွင် ဥရောပဟန် နံရံပန်းချီတို့ဖြင့် ထပ်မံရေးခြယ်ထားသည်ဟု ဆိုကြပါသည်။ ဘုရားကျောင်း၏ ဥရောပဗိသုကာတွင် တစ်ခေတ်စားခဲ့သော အုတ်နီယဉ်ကျေးမှု၊ သံတိုင်အသုံးပြုထားခြင်း မရှိသော ကြောင်လိမ်လှေကား နှင့် ဝတ်ပြုခေါင်းလောင်းတို့သည်လည်း စိတ်ဝင်စားဖွယ်ကောင်းလှသည်။
ရိုမန်ကတ်သလစ်ဘာသာဝင်တို့၏ ဝတ်ပြုရာကျောင်းတစ်ခုဖြစ်သည့်အပြင် ဘာသာရေးဆိုင်ရာပွဲတော်များ၊ သိက္ခာတင်ပွဲ၊ ခရစ္စမတ်၊ ပါစကားပွဲတော်၊ ဂျူဗလီပွဲတော်များ၊ ခရစ်ယာန်ဘာသာဝင်တို့၏ နှစ်စဉ်စုံညီနှီးနှောဖလှယ်ပွဲ စသည်တို့ကို ကျင်းပကြခြင်းကြောင့် ခရစ်ယာန်ဘာသာဝင်တို့၏ အရေးပါသော အဆောက်အုံကြီး တစ်ခုလည်းဖြစ်သည်။
မော်လမြိုင်မြို့ရှိ အမွေအနှစ်အဆောက်အအုံအများစုသည် ပင်လယ်မှ ဆားဓါတ်ပါသော လေတိုက်သည့်ဒဏ်တို့ကြောင့် ယိုယွင်းကြရသည်။ လက်ရှိတွင် Holy Family Cathedral - Mawlamyine ကို ရိုမန်ကတ်သလစ် သာသနာပိုင်တာဝန်ရှိသူတို့ ကြီးကြပ်၍ Paris Foreign Missions (MEP) အထောက်အပံ့ဖြင့် ပြန်လည်ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိသည်။





