First Baptist Church of Mawlamyine
Myanmar Name: | ပထမနှစ်ခြင်းအသင်းတော်အဆောက်အအုံ၊ မော်လမြိုင် |
Other Name: | Judson Church |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | Corner of Upper Main Road and Dawei Bridge Road, Mawlamyine, Mon State. [အထက်လမ်းမကြီးနှင့် ထားဝယ်တံတားလမ်းထောင့်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။] |
Asset Information
-
The First Baptist Church building in Mawlamyine, constructed by the American missionary Adoniram Judson in 1827, will celebrate its bicentenary in 2027. This building is a significant heritage site because it was built by Judson, who, in addition to establishing Christian missions, hospitals, schools, and churches, also created the first Pali-Burmese and Burmese-English dictionaries and translated the Bible into Burmese.
A unique feature of the building is its blend of colonial-era architecture and Mon-Burmese traditional styles. Originally built in the American style in 1827, it was renovated in the English Gothic Revival style in 1907. Inside, the fascinating Mon-Burmese architectural style is evident in the roof, which is supported by wooden beams, echoing the design of a traditional Mawlamyine house. The teak roof is durable and reduces heat absorption, which helps to keep the interior of the building cool. This combination of original American, modern English, and local Mon-Burmese architectural styles makes the building unique and a testament to the fusion of different cultures.
To ensure the building's future, the World Monuments Fund initiated preservation efforts in 2016 with experts, students, and local religious leaders. The Myanmar Baptist Convention and the First Baptist Church members are continuing these ongoing conservation efforts. Currently, the building is facing issues with leaks and termite damage, and further preservation work requires expert knowledge, specialized techniques, and funding.
-
၁၈၂၇ ခုနှစ်တွင် အမေရိကန်သာသနာပြု Adoniram Judson (ယုဒဿန်) က တည်ဆောက်ခဲ့သော မော်လမြိုင်၊ ယုဒဿန် ပထမနှစ်ခြင်းအသင်းတော် အဆောက်အအုံကြီးသည် ၂၀၂၇ ခုနှစ်တွင် နှစ်(၂၀၀) ပြည့်မည်ဖြစ်သည်။ ခရစ်ယာန်သာသနာနှင့်အတူ ဆေးရုံ၊ စာသင်ကျောင်း၊ ဘုရားကျောင်းများ ဆောက်လုပ်ပေးခဲ့ပြီး ပါဠိ - မြန်မာ၊ ပထမဆုံး မြန်မာ - အင်္ဂလိပ်အဘိဓါန်၊ သမ္မာကျမ်းစာဘာသာပြန်သူ ဖြစ်သော ယုဒဿန်၏ အဆောက်အအုံဖြစ်သော ကြောင့်လည်း အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားသည်။
အဆောက်အအုံ၏ ထူးခြားချက်မှာ ကိုလိုနီခေတ်ဟန်အဆောက်အအုံပုံစံနှင့် မွန်မြန်မာဗိသုကာဟန်ကို ပေါင်းစပ်ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်ပါသည်။ ၁၈၂၇ ခုနှစ်တွင် အမေရိကန်စတိုင်ဖြင့် စတင်တည်ဆောက်ပြီး ၁၉၀၇ ခုနှစ်တွင် Gothic Revival အင်္ဂလန်စတိုင်ဖြင့် ပြန်လည်မွမ်းမံထားပါသည်။ အဆောက်အအုံ၏ အတွင်းဘက်တွင် ဒေသခံတို့၏ မွန်မြန်မာဗိသုကာဟန် မော်လမြိုင်အိမ်ခေါင်အတိုင်း သစ်သားတို့ဖြင့် ထောက်ကန်အမိုးမိုးထားပုံမှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ကျွန်းသားခေါင်မိုးသည် ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး အပူစုပ်ယူမှုကို လျှော့ချပေးသာကြောင့် အဆောက်အအုံတွင်း အပူချိန်မြင့်တက်ခြင်းကို ကာကွယ်ပေးပါသည်။ မူလအမေရိကန်ဟန်၊ ခေတ်သစ်အင်္ဂလန်ဟန်နှင့် ဒေသခံမွန်မြန်မာတို့၏ မော်လမြိုင်အိမ်ခေါင်ဟန် သုံးမျိုးတို့ဖြင့် ပေါင်းစပ်ထားပုံမှာ ထူးခြားဆန်းသစ်ပြီး၊ ယဉ်ကျေးမှုပေါင်းကူးတွေးပေးထားမှုတို့ကို အထင်းသားမြင်တွေ့ရပါသည်။
အနာဂါတ်တွင် အဆောက်အအုံကို ပိုမိုကောင်းမွန်စေရန် ရည်ရွယ်ပြီး ၂၀၁၆ ခုနှစ်တွင် World Monuments Fund မှ ကျွမ်းကျင်ပညာရှင်များ၊ ကျောင်းသားများ၊ ဒေသခံဘာသာရေးအသိုင်းအဝိုင်းမှ တာဝန်ရှိသူများနှင့်အတူ အသိအမှတ်ပြု၊ ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးခဲ့သည်။ မပြီးပြတ်သော ထိန်းသိမ်းမှုအပေါ် မြန်မာနိုင်ငံနှစ်ခြင်းအသင်းချုပ်နှင့် ပထမနှစ်ခြင်းအသင်းဝင်များမှ ဆက်လက်ပြုပြင်ထိန်းသိမ်းဆောင်ရွက်ပါသည်။ လက်ရှိတွင် မိုးယိုခြင်းနှင့် ခြအန္တရာယ်ရှိပြီး၊ ဆက်လက်ထိန်းသိမ်းမှုအတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေ လိုအပ်လျက်ရှိပါသည်။





