Shwe Zarli Pagoda

 
Myanmar Name: အင်းလေး ကြာချည်လုပ်ငန်း
Other Name:
Type of Asset: Handicrafts [လက်မှုလုပ်ငန်းများ], Textiles [အထည်အလိပ်လုပ်ငန်းများ]
Location: Shwesaryan Pagoda Compound, Thaton, Mon State.
Inpawkhon Village, Inle, Southern Shan State. [အင်းပေါခုံရွာ၊ အင်းလေးဒေသ၊ ရှမ်းပြည်နယ်တောင်ပိုင်း]

Asset Description

  • Built in 1608 AD (970 ME) by Sao Nang Nawn Pe of Yawnghwe (Nyaungshwe), Shwe Zali Pagoda holds significant religious and cultural importance as the town's main pagoda.

    The pagoda grounds are adorned with stone carvings and floral designs from its founding era. Surrounding the main complex are four additional pagodas, each distinct in style. Shwe Zali Pagoda is a vibrant center for traditional practices, hosting the Twenty-Eight Buddhas' alms-offering ceremony annually in Tagu (April), and maintaining the tradition of Patthana chanting on full moon, new moon, and other major religious holidays. It serves as a vital place for locals to preserve their religious and cultural heritage.

    Recently, the pagoda sustained ceiling damage from the 2025 earthquake. The local community and various religious organizations are actively collaborating on repairs to restore the damaged sections, ensuring Shwe Zali Pagoda continues to be a lasting cultural heritage site.

  • ရွှေဇာလီဘုရားကို မြန်မာသက္ကရာဇ် ၉၇၀ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၆၀၈ ခုနှစ်တွင် ညောင်ရွှေစော်ဘွားမ စဝ်နန်းနွံဖဲက တည်ထားခဲ့ပါသည်။ မြို့နံစေတီအဖြစ် တစ်မြို့လုံး၏ သာသနာရေး၊ ယဉ်ကျေးမှုအမွေအနှစ် သတ်မှတ်ထားကြသည်။

    ကျောက်ပန်းပုလက်ရာများနှင့် ထိုခေတ်အခါ၏ ကနုတ်ပန်းလက်ရာများကို စေတီဝင်းနှင့် ပရဝုဏ် တစ်လျှောက် တွေ့နိုင်ပြီး၊ ပရဝုဏ်အပြင်ပိုင်း၌လည်း လက်ရာမတူညီသည့် စေတီဘုရားလေးဆူ တည်ရှိသည်။ နှစ်စဉ် တန်ခူးလတွင် နှစ်ကျိပ်ရှစ်ဆူဆွမ်းလောင်းပွဲ ကျင်းပသည့်အပြင် လပြည့်၊ လကွယ်၊ အခါကြီးရက်ကြီးများ၌လည်း ပဌာန်းရွတ်ဖတ်ပူဇော်ခြင်းကို အစဉ်အဆက် ဆက်လက်ပြုလုပ်လေ့ရှိသည်။ ဒေသခံများအတွက် ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းရာ နေရာတစ်ခုအဖြစ် အရေးပါသည်။

    လက်ရှိအခြေအနေတွင် သဘာဝငလျင်ဘေးအန္တရာယ်ကြောင့် ဘုရား၏မျက်နှာကျက်အချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပြီး၊ ပျက်စီးသည့်အပိုင်းများကို ရပ်ရွာနှင့် ဘာသာရေးအဖွဲ့အစည်းများ ပူးပေါင်းကာ မွမ်းမံပြုပြင်လျက်ရှိသည်။ ဒေသခံလူထုနှင့် ဘာသာရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရွှေဇာလီဘုရားသည် ဆက်လက်တည်တံ့နေမည့် ယဉ်ကျေးမှုအမွေအနှစ် တစ်ခုအဖြစ် ရှိနေသည်။

Previous
Previous

Buddha Images (Myin Ma Hti Cave)

Next
Next

Phaung Daw Oo Pagoda