St. Matthew's Church, Mawlamyine
Myanmar Name: | ရှင်မဿဲဘုရားကျောင်း၊ မော်လမြိုင် |
Other Name: | St. Matthews Church Mawlamyine, First English (Anglican) church, Diocese of Hpa-an, ဘားအံသာသနာပိုင်နယ်၊ မြန်မာနိုင်ငံခရစ်ယာန်အသင်းတော်(အင်္ဂလီကန်) |
Type of Asset: | Architecture [ဗိသုကာလက်ရာများ] |
Location: | No. 91, Upper Main Road, Pabedan Ward, Mawlamyine, Mon State. [အမှတ် (၉၁)၊ အထက်လမ်းမကြီး၊ ပန်းပဲတန်းရပ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်။] |
Asset Information
-
St. Matthew's Church is a historical building with links to Myanmar's colonial past, global history, wars, and architecture. It was built for the British people in Myanmar, modeled after the Dresden’s English Church in Dresden, Germany. The church was also attended by the British writer George Orwell, who wrote "Burmese Days" and "Shooting an Elephant."
Construction of the church began in 1832 by the English architects James Piers St. Aubyn and Henry J. Wadling, and it was renovated in 1887. The church grounds also contain the graves of members who died in the war. The Bombay Burmah Trading Corporation built a clock tower and a bell as a memorial to those who died in World War I. People still visit to find information about and the graves of those who died in the war.
St. Matthew's is a place of worship for the Anglican community, which is now a small minority in Mawlamyine. The church's early English Gothic Revival style, with its pointed vaulted ceilings and clock tower with bell, is a valuable resource for those studying 19th-century European Gothic architecture.
Currently, the clock tower is not working and its hands are missing, and there is no one available to repair it. Therefore, it is important to preserve the four-faced clock tower as a historical heritage site. Due to the coastal climate's rain, wind, and harsh weather, as well as its use as a salt storage facility by the Japanese army during World War II, the inner walls of the church have been damaged by salt corrosion. Because of the high cost of repair and a lack of financial and technical support, the church community has only been able to undertake minor repairs.
-
ရှင်မဿဲဘုရားကျောင်းသည် မြန်မာ့ကိုလိုနီခေတ်သမိုင်း၊ ကမ္ဘာလုံးဆိုင်ရာသမိုင်း၊ စစ်ပွဲများ၊ ဗိသုကာပညာ စသည်တို့နှင့် ဆက်စပ်လျှက်ရှိသော သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သည်။ မြန်မာပြည်ရောက် ဗြိတိသျှသားတို့အတွက် ရည်ရွယ်ပြီး ဂျာမနီနိုင်ငံ၊ ဒြက်စဒန်းမြို့ရှိ ဥရောပဟန် Dresden’s English Church ပုံစံအတိုင်း ဆောက်လုပ်ထားပါသည်။ "Burmese Days" and "Shooting an Elephant" ရေးသားခဲ့သူ ဗြိတိသျှစာရေးဆရာ George Orwell တက်ရောက်ခဲ့သော ဘုရားကျောင်းဖြစ်သည်။
အင်္ဂလိပ်လူမျိုး ဗိသုကာပညာရှင်များ ဖြစ်ကြသော James Piers St Aubyn နှင့် Henry J. Wadling တို့က ၁၈၃၂ ခုနှစ်တွင် စတင်တည်ဆောက်၍ ၁၈၈၇ ခုနှစ်တွင် ပြန်လည်မွမ်းမံမှု ပြုခဲ့ပါသည်။ ဘုရားကျောင်းဝင်းတွင် စစ်ကြီးအတွင်း ကျဆုံးသွားကြသော အသင်းသားတို့၏ သင်္ချိုင်းဂူတို့လည်း ရှိသည်။ ဘုံဘေဘားမားကုမ္ပဏီမှ ပထမကမ္ဘာစစ်အတွင်း ကျဆုံးလေသူတို့အတွက် အထိမ်းအမှတ်တစ်ခုအဖြစ် ခေါင်းလောင်းနှင့် နာရီစင်ကို ဆောက်လုပ်ပေးခဲ့သည်။ စစ်ကြီးအတွင်း ကျဆုံးသွားလေသူတို့၏ ဂူဗိမာန်များ၊ အချက်အလက်များ ပြန်လည်ရှာဖွေရန် လာကြသူများလည်းရှိသည်။
မော်လမြိုင်တွင် လူနည်းစုသာရှိကျန်တော့သည့် အင်္ဂလီကန်အသင်းသားတို့၏ ဝတ်ပြုရာ ဘုရားကျောင်း တစ်ခုဖြစ်ပြီး ခေတ်ဟောင်းအင်္ဂလိပ်ဂေါသစ် ဗိသုကာဟန် (Early English Gothic Revival) ချွန်တက်သွားသော မျက်နှာကျက်အမိုးနှင့် ကြေးခေါင်းလောင်းပါ နာရီစင်တို့ကြောင့် ၁၉ ရာစု ဥရောပဟန် ဂေါသစ် ဗိသုကာကို လေ့လာသူအဖို့ အကျိုးရှိမည်ဖြစ်သည်။
ယခုအခါ နာရီစင်ကြီးသည် လည်ပတ်နေခြင်းလည်းမရှိ၊ လက်တံတို့လည်းမရှိ၊ ပြင်ဆင်ပေးမည့် သူလည်း မရှိတော့ပြီ။ ထို့ကြောင့် လေးမျက်နှာနာရီစင်ကြီးကို ရှေးဟောင်း အမွေအနှစ်အဖြစ် ထိန်းသိမ်းရန်လိုအပ်ပါသည်။ ကမ်းရိုးတန်းဒေသ၏ မိုးဒဏ်၊ လေဒဏ်၊ ရာသီဥတုဒဏ်နှင့်အတူ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်တပ်၏ ဆားစတိုဆောင်အဖြစ် အချိန်ကာလတစ်ခုအကြာ အသုံးပြုထားမှုတို့ကြောင့် ယခုအခါ ဘုရားကျောင်းကြီး၏ အတွင်းနံရံတို့သည် ဆားငွေ့ရိုက်ခတ်တိုက်စားမှုတို့ကြောင့် ယိုယွင်းပျက်စီးလျက်ရှိနေသည်။ ပြန်လည်ပြင်ဆင်ထိန်းသိမ်းစရိတ် မြင့်မားလွန်းသောကြောင့်လည်းကောင်း၊ ငွေအထောက်အပံ့၊ နည်းပညာအထောက်အပံ့ မရှိသောကြောင့်လည်းကောင်း အသင်းတော်မှ တစ်နိုင်တစ်ပိုင်ပြင်ဆင်မှုမျိုးကိုသာ ဆောင်ရွက်နိုင်ခဲ့ကြသည်။





