Kamava (Buddha Manuscript)
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
Kamava or Kammavaca refers to Pali texts from the Buddha's teachings that are recited by monks during monastic rituals. The practice of writing Kammavaca has existed since at least the 11th century. The unique script used for Kammavaca, known as Pann Sa Lone (flower letters), is a type of Abugida writing system that was also developed around the 11th century. There are four main types of Kammavaca: the Aindaga Kammavaca, which is for protection; the Ya Hkan Kammavaca, for monk ordination; the Kathina Kammavaca, for robe-offering ceremonies; and the Thain Note-Thain Thammok Kammavaca, for the consecration and removal of boundaries for an ordination hall. The script combines the square Tamarind Seed Script and the round Nyaung-nyin Script of the Bagan era with ornate, floral patterns.
Kammavaca texts are important in Buddhism as they contain the fundamental teachings and monastic traditions of the Buddha. Listening to them is believed to bring peace of mind and merit, and they are considered a core text for understanding the Buddha's teachings. Monks often recite these texts during religious ceremonies, New Year celebrations, housewarmings, and the consecration of ordination halls to ward off evil.
The Kamava Quarter in Mandalay was a designated area for Kammavaca artisans since the reign of King Mindon, the founder of Mandalay. Today, the craft is facing challenges such as a decline in practitioners, a lack of demand, and competition from cheaper, computer-typeset Kammavaca texts. To preserve this craft, financial assistance and market development support are urgently needed. Currently, only two workshops remain in the Mandalay Kamava Quarter, and it's essential that this craft is not allowed to disappear.
The process of creating a bronze Kammavaca is intricate and requires multiple steps:
Preparation: The bronze sheet is cleaned and treated with lacquer. A pedestal is cut out.
Drying: The sheet is left to dry in the sun for two days.
Writing: A mixture of cinnabar and tamarind paste is prepared and used to write the text and draw the decorative lines and patterns.
Finishing: A coat of lacquer is applied, and the lacquer is removed from the letters. The sheet is then gilded and left to dry.
Final Touches: The gilded sheet is washed and a coat of black lacquer is applied to the lines and letters to make them stand out.
-
ကမ္မဝါဆိုသည်မှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည့် နှုတ်ကပါတ်တော်များထဲမှ ရဟန်းသံဃာများ ဝိနည်းကံဆောင်ရာတွင် ရွတ်ဖတ်သည့် ပါဠိတော်များဖြစ်သည်။ ကမ္မဝါစာရေးသားခြင်းသည် ၁၁ ရာစုခန့်မှ စတင်ခဲ့ခြင်းဖြစ်သည်။ ကမ္မဝါစာရေးသားရာတွင် အသုံးပြုသော ကမ္မဝါစာအက္ခရာ (ပန်းစာလုံး) သည် ၁၁ ရာစုတွင် စတင်တီထွင်ခဲ့သော အဘူဂီတ စာရေးစနစ်တစ်မျိုး ဖြစ်သည်။ အန္တရာယ်ကင်း ကမ္မဝါ၊ ရဟန်းခံ ကမ္မဝါ၊ ကထိန် ကမ္မဝါ၊ သိမ်နုတ်-သိမ်သမုတ် ကမ္မဝါ ဟူသော အဓိက (၄) မျိုးရှိပါသည်။ ကမ္မဝါစာရေးသားရာတွင် ပုဂံခေတ်ဟန် ပါဠိစာကို မန်ကျည်းစေ့လက်ရေး(လေးထောင့်) နှင့် စာညှင်းလက်ရေး(အဝိုင်း) တို့အား အပြောက်အမွမ်း၊ ပန်းစာလုံးတို့ဖြင့် ပေါင်းစပ်၍ ရေးသားကြသည်။
ကမ္မဝါသည် ဗုဒ္ဓဘာသာတွင် အရေးကြီးသော စကားဝါကျများဖြစ်ပြီး၊ ဗုဒ္ဓ၏ သင်ကြားချက်များနှင့် သာသနာတော်၏ ဓလေ့ထုံးတမ်းများကို လိုက်နာကျင့်သုံးရန် အခြေခံအချက်များဖြစ်သည်။ ကမ္မဝါစာများကို နာယူခြင်းဖြင့် လူများသည် စိတ်ငြိမ်သက်သာမှု၊ ကုသိုလ်ပွားမှုများကို ရရှိနိုင်ပြီး ဗုဒ္ဓ၏ ဓမ္မကို နားလည်သဘောပေါက်စေသော အခြေခံစာတမ်းတစ်ခုအနေဖြင့် သတ်မှတ်ခံထားရသည်။ ကမ္မဝါစာကို ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ နှစ်သစ်မင်္ဂလာ၊ အိမ်တက်၊ သိမ်ဝင်သိမ်ထွက်စသည်တို့တွင် မကောင်းမှုအန္တရာယ်များမှကင်းဝေးစေရန် သံဃာတော်များက ရွတ်ဖတ်လေ့ရှိကြသည်။
မန္တလေးမြို့ရှိ ကမ္မဝါတန်းသည် မန္တလေးမြို့တည် မင်းတုန်းမင်းလက်ထက်ကတည်းက အကွက်ရိုက်သတ်မှတ်ပေးထားသော ကမ္မဝါလုပ်ငန်းလုပ်ကိုင်သူများ နေထိုင်ခဲ့သည့်နေရာ ဖြစ်သည်။ လက်ရှိအချိန်တွင် လုပ်ကိုင်သူနည်းပါးခြင်း၊ ဈေးသက်သာသော ကွန်ပြူတာစာစီခေတ်ပေါ်ကမ္မဝါများ ပေါ်လာခြင်းတို့ကြောင့် ဝယ်ယူလိုမှုလျော့နည်းခြင်း စသည့်အခက်အခဲများ တွေ့ကြုံနေရသည်။ ကမ္မဝါလုပ်ငန်းအားထိန်းသိမ်းရန်အတွက် ငွေကြေးပံ့ပိုးမှုများ၊ စျေးကွက်ဖော်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးရန် လိုအပ်အပ်နေပါသည်။ မန္တလေး ကမ္မဝါတန်းအရပ်တွင် လုပ်ငန်းနှစ်ခုသာကျန်တော့၍ မပျောက်ကွယ်အောင် အထူးထိန်းသိမ်းသင့်ပါသည်။
ကြေးကမ္မဝါပြုလုပ်ရာတွင် ကြေးပြားအား ပလ္လင်ပေါက်ဖောက်ခြင်း၊ ကျောက်တိုက်ခြင်း၊ သစ်ဆေးသုတ်ခြင်း၊ နေပူနှစ်ရက်လှန်းခြင်း၊ စာရေးသားရန် ဆေးဒါန်းနှင့်တမာစေးပြုလုပ်ရောစပ်ခြင်း၊ စာရေးသားခြင်း၊ မျဉ်းသားခြင်း၊ ပန်းဇဝါရေးခြင်း၊ သစ်စေးသုတ်ခြင်း၊ သစ်ဆေးနှုတ်ခြင်း၊ ရွှေချခြင်း၊ အခြောက်ခံပြီး ရွှေရည်စိမ်ခြင်း၊ ရွှေရေဆေးခြင်း၊ သစ်ဆေးနက်လိုက်ခြင်း တို့အဆင့်အလိုက်ပြုလုပ်ရသည်။