Sandamuni Pagoda - Mandalay
Myanmar Name: | လွန်းရာကျော်ပိုးစစ်ချိတ် |
Other Name: | ပိုးစစ်ချိတ်၊ ချိတ်လုံချည်၊ ချိတ်ထဘီ၊ ကြိုးကြီးချိတ်၊ လွန်းရာကျော်ချိတ် |
Type of Asset: | Handicrafts [လက်မှုလုပ်ငန်းများ] |
Location: |
Asset Information
-
The Sandamuni Pagoda in Mandalay was built by King Mindon in 1867 and showcases the architecture of the Konbaung dynasty's Yadanabon era (late 19th century). The main attraction is the Sandamuni image of the Buddha, a cast-iron statue weighing 11,368 viss (approx. 19 tonnes) that was originally donated by King Bodawpaya and brought from Amarapura. The pagoda is named Sandamuni because it enshrines this statue.
In 1913, the esteemed hermit U Khandi initiated the monumental task of inscribing the Tripitaka—comprising the Sutta, Vinaya, and Abhidhamma, the three principal Buddhist scriptures—onto stone tablets. These sacred stone inscriptions were subsequently housed within dhamma cetis, which are small, stupa-like structures designed to protect and honor them.
The history of the Sandamuni image is quite fascinating. It was first brought to Amarapura by King Bodawpaya (Badon Min) in 1815. It was then moved to Innwa by King Bagyidaw in 1827, back to Amarapura by King Tharrawaddy in 1838, and finally to Mandalay by King Mindon in 1867. This series of relocations of the Sandamuni image provides valuable historical context about the shifting capitals and palaces of the Burmese kings. It also offers insights into events such as the assassination of Crown Prince Kanaung. The stone inscriptions, which include commentaries and sub-commentaries on Buddhist scriptures, are extremely valuable for the preservation of the Buddhist faith. An annual festival, the Buddha Pujaniya festival, is held here from the first to the third day of the full moon of Thadingyut.
The pagoda, damaged by the 2025 earthquake, is currently undergoing repairs. Its board of trustees and donors are dedicated to ongoing maintenance and preservation. However, the persistent threat of natural disasters such as earthquakes necessitates professional expertise, advanced conservation techniques, and substantial funding for continued preservation.
It is worth noting that there are two other pagodas named Sandamuni: one in Innwa and one in the Tampawaddy ward of Chanmyathazi Township in Mandalay. These pagodas provide opportunities to study the architecture of the Nyaungyan era (17th century) and the Amarapura era (19th century).
-
မန္တလေးရှိ စန္ဒာမုနိဘုရားသည် ၁၈၆၇ ခုနှစ်တွင် မင်းတုန်းမင်းတည်ခဲ့သော စေတီဖြစ်ပြီး၊ ရတနာပုံခေတ် (၁၉ ရာစုနှောင်းပိုင်း) ဗိသုကာလက်ရာများ ရှိပါသည်။ အမရပူရမှ ပင့်ဆောင်ထားသော၊ သံပိဿာချိန် ၁၁,၃၆၈ အလေးချိန်ရှိ ဗဒုံမင်း၏ ကုသိုလ် စန္ဒာမုနိဘွဲ့တော်ခံ သံသွန်းရုပ်ပွားတော်ကို ဖူးမျှော်နိုင်သည်။ စန္ဒာမုနိရုပ်ပွားတော် ပင့်ဆောင်ပူဇော်ထားသော စေတီဖြစ်သဖြင့် စန္ဒာမုနိဟု ဘွဲ့အမည်တွင်သည်။ ၁၉၁၃ ခုနှစ်တွင် ရသေ့ကြီးဦးခန္ဓီဦးဆောင်ပြီး ပိဋကတ်သုံးပုံမှ သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့ကို ကျောက်ထက်အက္ခရာတင်ပြီး ကျောက်စာဂူ၊ ဓမ္မစေတီများ တည်ထားပူဇော်ခဲ့သည်။
ယင်းစန္ဒာမုနိရုပ်ပွားတော်အား ၁၈၁၅ ခုနှစ်တွင် ဗဒုံမင်းမှ အမရပူရသို့ စတင်ပင့်ဆောင်ပူဇော်ခဲ့ပြီး၊ ၁၈၂၇ ခုနှစ်တွင် ဘကြီးတော်မှ အင်းဝသို့၊ ၁၈၃၈ ခုနှစ်တွင် သာယာဝတီမင်းမှ အမရပူရသို့၊ ၁၈၆၇ ခုနှစ်တွင် မင်းတုန်းမင်းမှ မန္တလေးသို့ အဆင့်ဆင့်ပင့်ဆောင်ခဲ့ကြသည့် စိတ်ဝင်စားဖွယ် သမိုင်းကြောင်းရှိပါသည်။ စန္ဒာမုနိရုပ်ပွားတော်နှင့်ဆက်စပ်၍ မြန်မာဘုရင်များမြို့တော်နှင့်နန်းတော် ရွှေ့ပြောင်းမှုဆိုင်ရာ သမိုင်းမှတ်တမ်းများကို သိရှိရသည်။ ကနောင်မင်းသားကြီးလုပ်ကြံခံရမှု ဆိုင်ရာအထောက်အထားများကိုလည်း လေ့လာနိုင်သည်။ ဗုဒ္ဓဘာသာဆိုင်ရာ အဌကထာနှင့် ဋီကာရေးထိုးထားသော ကျောက်စာများသည် သာသနာတော်ထိန်းသိမ်းသည့်အခန်းကဏ္ဍတွင် များစွာတန်ဖိုးရှိပါသည်။ သီတင်းကျွတ်လပြည့် ၁ ရက်မှ ၃ ရက်အထိ ဗုဒ္ဓပူဇနိယပွဲတော် နှစ်စဉ်ကျင်းပ ပါသည်။
၂၀၂၅ ခုနှစ် ငလျင်ကြောင့် ပြိုကျပျက်စီးမှုများရှိသဖြင့် ပြုပြင်နေဆဲဖြစ်သည်။ ဘုရားဂေါပကအဖွဲ့မှ ဦးဆောင်၍ အလှူရှင်များဖြင့် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းမှုများ လုပ်ဆောင်လျက်ရှိပါသည်။ လက်ရှိတွင် ငလျင်လှုပ်ခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့နေရပြီး ဆက်လက်ထိန်းသိမ်းရန်အတွက် ပညာရှင်၊ ထိန်းသိမ်းမှုနည်းပညာနှင့် ရံပုံငွေများ လိုအပ်လျက်ရှိပါသည်။
စန္ဒာမုနိအမည်ဖြင့် အင်းဝမြို့နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီတို့တွင် (၂) ဆူရှိပြီး ညောင်ရမ်းခေတ်(၁၇ ရာစု)နှင့် အမရပူရခေတ် (၁၉ ရာစု) ဗိသုကာလက်ရာများကို လေ့လာနိုင်သည်။